backup og meta

အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

    PTSD ဆိုတာက Post Traumatic Stress Disorder ဖြစ်ပြီး မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် စိတ်ဒဏ်ရာရတာကို ဆိုလိုပါတယ်။ အမျိုးသမီးတွေက ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ကြုံရတဲ့အတွက် စိတ်ဒဏ်ရာရတာလည်း ပိုများပါတယ်။ PTSDက အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရပေမယ့် တွေ့ရပေမယ့် တုံ့ပြန်ပုံခြင်းက မတူပါဘူး။ အမျိုးသမီးတွေက ကျိတ်ပြီး ခံစားတတ်ကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ရလာပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

    အမျိုးသမီးတွေမှာ PTSD ဖြစ်ရတဲ့ အကြောင်းရင်း

    ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက တစ်ဆင့်နိမ့်တယ်လို့ သတ်မှတ်ပြီး အနိုင်ကျင့်ကြတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အမျိုးသမီး အများစုက ဘဝတကွေ့ကွေ့မှာ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ တွေ့ရတတ်တာတွေကတော့

    • စစ်ပွဲတွေ
    • လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေ
    • အိမ်တွင်းအကြမ်းဖက်မှုတွေ
    • ကလေးဘဝတည်းက လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ
    • ချစ်ခင်ရသူတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို ကိုယ်တွေ့မျက်မြင်ကြုံရတာတွေ
    • ကိုယ်ကိုယ်တိုင် အက်ဆီးဒင့်ဖြစ်ပြီး အသက်သေမလို ဖြစ်တာတွေ
    • သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာတွေ (ဥပမာ ငလျင်လှုပ်တာ၊ ရေကြီးတာ၊ မီးလောင်တာ ဒါတွေအကုန်လုံးက အမျိုးသမီးတွေကို စိတ်ဒဏ်ရာရစေတာပဲ ဖြစ်ပါတယ်။

    အမျိုးသမီးတွေမှာ တွေ့ရတတ်တဲ့ PTSDရဲ့ လက္ခဏာများ

    PTSDကို တုံ့ပြန်တဲ့အခါ အမျိုးသားနဲ့ အမျိုးသမီးက အနည်းငယ်ကွာခြားပါတယ်။ အမျိုးသားတွေက အပြင်ဘက်ကို ပွင့်ထွက်တဲ့ ပုံစံ (ဥပမာ အရက်သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ) စတာတွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အမျိုးသမီးတွေကကျတော့  အတွင်းစိတ်ထဲမှာ ကျိတ်ပြီး ခံစားတတ်ကြပါတယ်။ ဥပမာ စိုးရိမ်စိတ်တွေ များတာ၊ စိတ်ဓာတ်ကျတာ စသဖြင့်။

    ခုပြောမယ့် လက္ခဏာတွေကတော့ အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရတတ်ပေမယ့် တချို့လက္ခဏာလေးတွေက အမျိုးသမီးတွေမှာ ပိုပြင်းထန်တာကို တွေ့ရပါတယ်။

  • ရှောင်ဖယ်တာ
  • လေ့လာတစ်ခုမှာ ဖော်ပြထားတာက အမျိုးသမီးတွေက PTSD ခံစားရရင် ရှောင်ဖယ်ဖယ် လုပ်လာကြပါတယ်တဲ့။ ဘာတွေကို ရှောင်တာလဲဆိုတော့ သူတို့ရဲ့ စိတ်ဒဏ်ရာကို ပြန်ပြီး အမှတ်ရစေမယ့် နေရာ၊ လူ၊ ပတ်ဝန်းကျင် စတာတွေကို ရှောင်လိုက်တာပဲ ဖြစ်ပါတယ်။

    • ပြန်ပြန်သတိရတာ

    ဒီလက္ခဏာကလည်း အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ပြန်ပြန်သတိရနေတဲ့အတွက် စိတ်စွဲပြီး အိပ်မက်ဆိုးတွေမက်တာ၊ ဒါမျိုး နောက်တစ်ခေါက်ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။

    • စိတ်ဓာတ်ကျတာ

    အမျိုးသမီးတွေက PTSD ကို အတွင်းစိတ်ကနေ တုံ့ပြန်တာဖြစ်တဲ့အတွက် စိတ်ဒဏ်ရာကြောင့် စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်များတဲ့ ပြဿနာကိုပါ တွဲပြီး ခံစားရတာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

    • သတိကြီးကြီး ထားတတ်တာ

    ဒီလိုစိတ်ဒဏ်ရာရပြီးနောက်မှာ အမျိုးသမီးတွေက သတိကြီးကြီးထားတတ်လာကြပါတယ်။ ဥပမာ နာဂစ်မှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာရဖူးတဲ့ အမျိုးသမီးတွေက မိုးရွာတိုင်း ပြေးဖို့ အထုပ်ပြင်ထားတတ်နေပါပြီ။ ဒါက သတိလွန်နေတာဖြစ်တဲ့အတွက် တစ်ခုခုဆို လိုတာထက် ပိုစိုးရိမ်တာ၊ အာရုံစူးစိုက်မရတာ၊ ညအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

    • ထုံသွားတာ

    ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန် ခံစားချက်တွေ ထုံသွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကြည့်လိုက်ရင် စိတ်နဲ့ ကိုယ်နဲ့ မကပ်တာ၊ ခံစားချက်မရှိသလို ဖြစ်နေတာ၊ မပျော်တတ်တော့တာ၊ သီးခြားနေလိုတာ၊ အကောင်းမမြင်နိုင်တော့တာတွေ တွေ့ရပါတယ်။

  • လန့်လွယ်တာ
  • PTSD ခံစားရတာခြင်း တူရင်တောင် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လန့်လွယ်ပါတယ်။ သူတို့ကို တစ်ခုခု ထိမယ်။ ကိုင်မယ်ဆို လိုအပ်တာထက် ပိုပြီး လန့်နေတတ်ကြပါတယ်။

    အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

    စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက် စိတ်ကုထုံးတွေနဲ့ပဲ ကုသလို့ရပါတယ်။ အောက်မှာပြောထားတဲ့ ကုထုံးတွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး သုံးရနိုင်ပါတယ်။

    CBT ဆိုတာ လူနာနဲ့ စိတ်ရောဂါအထူးကုတို့ စကားပြောဆွေးနွေးတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ဆိုးတွေကို မေ့ပစ်ခိုင်းတာမျိုး မဟုတ်ဘဲ ဒီအဖြစ်အပျက်အပေါ် ရှုမြင်သုံးသပ်ပုံ မှန်ကန်လာအောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။

    • Prolonged exposure therapy (PET)

    ဒါကလည်း အပေါ်က နည်းလမ်းနဲ့ ခပ်ဆင်ဆင်ပါ။ အတိတ်ဆိုးတွေကနေ ရှောင်မပြေးဘဲ နည်းမှန်လမ်းမှန်နဲ့ ရင်ဆိုင်နိုင်အောင် ကူညီပေးတာဖြစ်ပါတယ်။ ဒီလိုနဲ့ အရင်က အတိတ်က အဖြစ်အပျက်တွေကို သတိရမှာစိုးလို့ ရှောင်ခဲ့တဲ့ နေရာတွေ၊ လူတွေ၊ ပတ်ဝန်းကျင်တွေကို ပြန်လည်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

    • Eye movement desensitization and reprocessing (EMDR) therapy

    EMDR ဆိုတာက ရုပ်ပုံ တစ်ခုခုကို ကြည့်ရင်း ဒါမှမဟုတ် white noise လိုမျိုး အသံတစ်ခုခုကို နားထောင်ရင်း အဖြစ်အပျက်ကို ပြန်ပြောပြရတာပဲ ဖြစ်ပါတယ်။ ဒီလိုပြောရင်း ပြောရင်းနဲ့ အဖြစ်အပျက်ပေါ် ရှုမြင်ပုံကို ပြောင်းလဲပေးတာပဲ ဖြစ်ပါတယ်။

    • ဆေးဝါးများ

    ဆေးဝါးတွေကတော့ PTSD ကြောင့်ဖြစ်တဲ့ စိတ်ကျဝေဒနာတို့၊ စိုးရိမ်စိတ်များတာတို့အတွက် သုံးပါတယ်။ PTSDမှာ ဆေးဝါးတွေပဲ သုံးတာထက်စာရင် အပေါ်ကကုထုံးတွေနဲ့ ပေါင်းပြီး ကုသတာက ပိုပြီး ထိရောက်တာကို တွေ့ရပါတယ်။

    Takeaways

    ထိတ်လန့်စရာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံရပြီးတဲ့နောက်မှာ ပြန်လည်ဖေးမပေးဖို့ လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို ဖိနှိပ်ဆက်ဆံကြတဲ့အတွက် အတိတ်ဆိုးကို ကြုံရတာကတစ်ခါ နစ်နာသလို ဒီစိတ်ဒဏ်ရာတွေကနေ ပြန်လည်ကုသဖို့ အခွင့်အရေးမရတာကလည်း ထပ်နစ်နာစေပါတယ်။
    ဒီလိုမဖြစ်ရအောင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားသင့်ပါတယ်။ တတ်ကျွမ်းတဲ့ ပညာရှင်ထံမှာ ဆေးကုသမှုခံယူဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement