banner

သင့်မှာ ဒီရောဂါတွေ ဖြစ်နိုင်ခြေ ရှိသလား။

Subot Icon

ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ ကို အွန်လိုင်းကနေ စစ်ဆေးခြင်း

Subot Icon

သင် သုက်လွှတ်မြန်နေတာလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးနည်း

Subot Icon

ပန်းသေးပန်းညှိုး ဖြစ်နိုင်ခြေ ကို အွန်လိုင်းကနေ အလွယ်တကူ စစ်ဆေးလို့ရပါပြီ

Subot Icon

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြည့်ပါ

မုတ်ဆိတ်အကြောင်းသိထားသင့်သမျှ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အမျိုးသားတွေအတွက် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်

ဆံပင်က ဒုတိယမျက်နှာဆိုတဲ့ စကားက အမျိုးသမီးတွေတင်မဟုတ်ဘဲ အမျိုးသားတွေမှာလည်း မှန်ပါတယ်။ အမျိုးသမီးတွေက ဆံပင်ကို အချိန်ပေး ဂရုစိုက်တတ်ကြပေမယ့် အမျိုးသားတွေကတော့ ခေါင်းလျှော်တယ်၊ ဆံပင်ရှည်လာရင် ညှပ်တယ်ဆိုတာလောက်ပဲ လုပ်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း ဆံသားကို တသသ လုပ်မနေရင်တောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆံပင်ကျဲတာ၊ ထိပ်ပြောင်တာတွေ ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်စေဖို့ အမျိုးသားတိုင်း လိုက်နာဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း တွေကို ပြောပြပေးပါရစေ။ အမျိုးသားတိုင်း သိထားဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန် ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို သုံးပါ ဆံသား ကျန်းမာရေးအတွက် အရေးပါတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တဲ့အခါ ဆံသား နဲ့ ဦးရေပြားကို ထိခိုက်မှု ကင်းကင်းနဲ့ အကောင်းဆုံး သန့်စင်ပေးမယ့် […]

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသားများနဲ့ စိတ်ကျန်းမာရေး

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ အကြောင်း သိရှိကာကွယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ ကင်ဆာရောဂါက အခုနောက်ပိုင်း နေထိုင်စားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် တော်တော်လေး အဖြစ်များလာပါတယ်။ ကင်ဆာက အမျိုးသမီးတွေမှာတင်မဟုတ် အမျိုးသားတွေမှာလည်း ခံစားရနိုင်ပါတယ်။ စစ်တမ်းများအရ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် ကင်ဆာ ခံစားရသူ အရေအတွက်ဟာ  ၉၇၀,၂၅၀ ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာဆိုရင် တော်တော်လေး များမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဆေးလိပ်သောက်သုံးသူ၊ ကွမ်းယာစားသုံးသူ အရေအတွက် အများစုက အမျိုးသားတွေ ဖြစ်တာကြောင့် ခံတွင်းကင်ဆာလိုမျိုး ကင်ဆာ ဖြစ်ပွားမှုကလည်း တော်တော်များပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ အကြောင်း အမျိုးသားတွေမှာ အရေပြား ကင်ဆာက ဖြစ်ခဲပေမယ့် ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာတွေကတော့ တော်တော် အဖြစ်များပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ကင်ဆာရောဂါခံစားနေရသူ […]

ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ကင်ဆာအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ ဆီးကျိတ်ကင်ဆာ ဆိုတာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက ကင်ဆာလို့ဆိုပေမယ့် စောစောသိ စောစောကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆီးကျိတ်ကင်ဆာကို ဂရုပြုနိုင်စေဖို့ သိထားသင့်တဲ့ လက္ခဏာလေးတွေ၊ ကုသနည်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ ဆီးကျိတ်ဆိုတာ ဆီးကျိတ်ဆိုတာ သစ်ကြားသီးပုံစံ ဂလင်းတစ်ခုပါ။ ဆီးအိမ်အောက်ဘက်နားမှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတာပါ။ ဒီအရည်တွေက သုက်ပိုးတွေကို ပေါ့ပါးပြီး မြန်မြန်သွက်သွက် လှုပ်ရှားစေနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာက ဆီးကျိတ်ကဆဲလ်တွေ ထိန်းချုပ်လို့ မရအောင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကြီးထွားလာတာပါ။ ဆီးကျိတ်ကင်ဆာက သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတဲ့ ဂလင်းဆဲလ်တွေကနေ စဖြစ်တာများပြီး အခြားဆဲလ်တွေလည်း ပါနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေရှိနိုင်လဲ။ ဆီးကျိတ်ကင်ဆာက […]

အခြားကင်ဆာများ

Testicular Cancer (ဝှေးစေ့ကင်ဆာ)

Testicular Cancer (ဝှေးစေ့ကင်ဆာ) အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ အဓိပ္ပာယ်ဖွင့်ဆိုချက် Testicular Cancer (ဝှေးစေ့ကင်ဆာ)က ဘာလဲ။ ဝှေးစေ့ကင်ဆာ ဆိုသည်မှာ အမျိုးသားများတွင် ဖြစ်ပွားသည့် ကင်ဆာရောဂါဖြစ်ပါသည်။ ကပ္ပာယ်အိတ်နှင့် လိင်တံအချောင်း၏အပေါ်ရှိ လျော့ရဲသော အရေပြားအတွင်းတွင် ဖြစ်ပွားတတ်သည်။ ဝှေးစေ့သည် သုက်များနှင့် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများကို ထုတ်လုပ်သည်။ သုက်အား ဝှေးစေ့အတွင်းတွင် ဖန်တီးထုတ်လုပ်ပေးနိုင်သော ဆဲလ်တစ်မျိုးကို ဂျားမ်ဆဲလ်ဟုခေါ် ပြီး ထိုဆဲလ်မှစ၍ ကင်ဆာဖြစ်ပွားလာခြင်းဖြစ်သည်။ အဓိက ဂျားမ်ဆဲလ်ကင်ဆာနှစ်မျိုးမှာ ဆီမင်နိုးမားနှင့် နန်းဆီမင်နိုးမားတို့ ဖြစ်သည်။ ဆီမင်နိုးမားသည် နှေးကွေးစွာ ကြီးထွားခြင်း၊ ပြန့်နှံ့ခြင်းတို့ ဖြစ်ပွားတတ်ပြီး ဓာတ်ရောင်ခြည်ကုသမှုနှင့် သက်သာလာတတ်သည်။ နန်းဆီမင်နိုးမားမှာ ဆီမင်နိုးမားထက် လျင်မြန်စွာကြီးထွားလာတတ်ပြီး ပြန့်သွားတတ်သည်။ ထို့အပြင် နန်းဆီမင်နိုးမားသည် ပုံစံကွဲပေါင်းများစွာလည်းရှိသည်။ ဝှေးစေ့ကင်ဆာသည် ဝှေးစေ့နေရာမှ အခြား နေရာများသို့ ပျံ့နှံ့သွားသည့်တိုင်အောင် အများအားဖြင့် ကောင်းမွန်စွာ […]

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ က ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။ အဆုတ်ကင်ဆာ ဆိုတာ အဆုတ်ကင်ဆာဆိုတာက အခြား ကင်ဆာတွေလိုပါပဲ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေကနေ စတာပါ။ ပုံမှန်ကတော့ ခန္ဓာကိုယ်က မလိုအပ်ဘဲ ဆဲလ်ကွဲပွားတာမျိုး မဖြစ်စေဖို့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားမှုတွေ မဖြစ်စေဖို့ ထိန်းချုပ်ပေးထားပါတယ်။ ဒီစနစ် ပျက်ယွင်းသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန် မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ပြီး အကျိတ်တွေ ဖြစ်ပေါ်ရာကနေတဆင့် ကင်ဆာဖြစ်လာပါတော့တယ်။ အဆုတ်ကင်ဆာဆိုတာကလည်း အဆုတ်ထဲမှာ ပုံမှန်မဟုတ်​တဲ့ ဆဲလ် ကွဲပွားတာတွေ အကျိတ်တွေ ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဘယ်လို လက္ခဏာတွေ ရှိနိုင်လဲ။ အဆုတ်ကင်ဆာက လက္ခဏာမပြတာ ရှိသလို အခုလို လက္ခဏာလေးတွေလည်း တွေ့ရနိုင်ပါတယ်။ အဆုတ်ကင်ဆာက […]

အူမကြီးကင်ဆာ

အူမကြီး ကင်ဆာ

အူမကြီး ကင်ဆာ ဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။ အူမကြီး ကင်ဆာက များသောအားဖြင့် လူ​ကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တတ်ပါတယ်။ ဒါကို အူမကြီးအသားပိုလို့ ခေါ်ပါတယ်။အသားပိုတိုင်းက ကင်ဆာပြောင်းတာတော့ မဟုတ်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေတော့ များစေပါတယ်။။ အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။ အူမကြီး ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး၊ […]

အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

အမျိုးသားတွေက ဆရာဝန်တွေကို ရှောင်ရှားသူတွေ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားနေရတာမျိုးတွေကို အလေးမထား လျစ်လျူရှုတတ်သူတွေရယ်လို့ နာမည်ကြီးသူတွေပါ။ အမျိုးသားတွေက အသက်ရှည်ရှည်နေချင်တယ်ဆိုတဲ့ ဆန္ဒထက် ရနေတဲ့ ဘဝခဏတာမှာ စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်နေဖို့ကိုပဲ ပိုမို အားသန်ကြသူတွေပေါ့။ နှစ်စဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း သူတို့ မလုပ်သလို ဆရာဝန်တွေနဲ့ရက်ချိန်း ပုံမှန်ပြသတာကလည်း သူတို့ရဲ့ အလေ့အထ မဟုတ်ပါဘူး။ တကယ်ကတော့ ဆရာဝန်နဲ့ပုံမှန် ပြသမှပဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖြေရှင်းနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန် ပြသတာ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တာဟာ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းကိုလက်စထရော ပမာဏတွေကို စောင့်ကြည့်စစ်ဆေးရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း ရှိသင့်တဲ့ ကိုယ်အ​လေးချိန်ထက် ပိုများတာ၊ သွေးတွင်းကိုလက်စထရောပမာဏကို ပိုမိုမြင့်တက်နေတာ၊ သွေးပေါင်ချိန် မြင့်နေတာတွေက နှလုံးသွေးကြောဆိုင်ရာ […]

လိင်တံပြဿနာများ

အမျိုးသား လိင်တံတွေရဲ့ ဖွဲ့စည်းပုံ နဲ့ အလုပ်လုပ်ပုံအကြောင်း အသေးစိတ်ရှင်းလင်းချက်

အမျိုးသား လိင်တံတွေရဲ့ ဖွဲ့စည်းပုံ နဲ့ အလုပ်လုပ်ပုံအကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အမျိုးသား လိင်တံမှာ ဘာတွေ ပါဝင်နေသလဲ အမျိုးသား လိင်တံ တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ Corpora cavernosa လို့ခေါ်တဲ့ ပြွန်ပုံစံအခန်းရှည်နှစ်ခု။ Corpora cavernosa ဟာ လိင်တံ ရဲ့ အလျားတစ်လျှောက်ရှိနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီအခန်းတွင်းမှာ ရေမြှပ်ပုံစံကဲ့သို့သော တစ်ရှူးများစွာ ရှိနေပါတယ်။ Corpus spongiosum။ Corpora cavernosa ရဲ့အောက်မှာ တည်ရှိတဲ့ ထောင်မတ်ကြွက်သားကို corpus spongiosumလို့ ခေါ်ပါတယ်။ ဆီးလမ်းကြောင်း (urethra)။ ဆီးနဲ့ သုက်ရည်တို့ ထွက်တဲ့ လမ်းကြောင်း ဖြစ်ပြီး corpora cavernosa ရဲ့ အောက်မျက်နှာပြင်အောက်မှာတည်ရှိပါတယ်။ ထောင်မတ်တစ်ရှူး။ (Erectile tissue) ဒီတစ်ရှူးဟာ ဆီးလမ်းကြောင်းကို ဝန်းရံထားပြီး အဓိက သွေးလွှတ်ကြော ၂ ခု၊ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေက ဘာတွေများ ဖြစ်မလဲ။ သင်ဟာ သင့်ရဲ့ကျန်းမာရေးထက် ကားတွေ၊ သင်ပိုင်ဆိုင်တဲ့ဖုန်းတွေ၊ ကွန်ပျူတာစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဂရုစိုက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပါသလား။ မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ကျန်းမာရေးကို အလေးမထားခြင်း၊ မိမိကိုယ်ကို ဂရုစိုက်ရန်မေ့လျော့နေတတ်ခြင်းနဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အပြုအမူ၊ နေထိုင်မှုပုံစံတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုတွေ့ရတတ်တဲ့ အလေ့အထတွေပါ။ ဒီလိုအနေအထိုင်တွေကြောင့် ကျန်းမာရေးဟာ တစ်နေ့တခြား ဆုတ်ယုတ်လာတတ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေကတော့ နှလုံးကျန်းမာရေးနဲ့ သွေးတိုးရောဂါ သွေးပေါင်ချိန်တာ၊ သွေးတိုးရောဂါတွေဟာ အသက်(၄၅)နှစ်ကျော်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတဲ့ ရောဂါပါ။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန် ပြုလုပ်ဖို့  စိတ်မပါကြတဲ့အခါ မိမိမှာ ရောဂါရှိလို့ ရှိနေမှန်းလည်း မသိကြပါဘူး။ ဒါကြောင့် ဆေးရုံဆေးခန်းကို သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဆရာဝန်တွေဟာ သင့်ရဲ့ […]