home

ဆီးကျိတ်ကင်ဆာ

အမျိုးသားတွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာ တစ်မျိုးဖြစ်တဲ့ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီကဏ္ဍလေးမှာ ဖတ်လို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးကျိတ်ကင်ဆာ

ကင်ဆာအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ ဆီးကျိတ်ကင်ဆာဆိုတာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက ကင်ဆလို့ဆိုပေမယ့် စောစောသိ စောစောကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆီးကျိတ်ကင်ဆာကို ဂရုပြုနိုင်စေဖို့ သိထားသင့်တဲ့ လက္ခဏာလေးတွေ၊ ကုသနည်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ ဆီးကျိတ်ဆိုတာ ဆီးကျိတ်ဆိုတာ သစ်ကြားသီးပုံစံ ဂလင်းတစ်ခုပါ။ ဆီးအိမ်အောက်ဘက်နားမှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတာပါ။ ဒီအရည်တွေက သုက်ပိုးတွေကို ပေါ့ပါးပြီး မြန်မြန်သွက်သွက် လှုပ်ရှားစေနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဆိုတာ ဆီးကျိတ်ကင်ဆာဆိုတာက ဆီးကျိတ်ကဆဲလ်တွေ ထိန်းချုပ်လို့ မရအောင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကြီးထွားလာတာပါ။ ဆီးကျိတ်ကင်ဆာက သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကိုထုတ်လုပ်ပေးတဲ့ ဂလင်းဆဲလ်တွေကနေ စဖြစ်တာများပြီး အခြားဆဲလ်တွေဆီ ကူးစက်သွားနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေရှိနိုင်လဲ။ ဆီးကျိတ်ကင်ဆာက များသောအားဖြင့်တော့ လက္ခဏာ ပြခဲပါတယ်။ သက်ကြီးပိုင်းအရွယ် အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက […]

ဆီးကျိတ်ကင်ဆာ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာဟာ အဖြစ်များပေမယ့် စောစီးစွာ စစ်ဆေးဖော်ထုတ်ကုသခြင်းအားဖြင့် မလိုလားအပ်တဲ့ အဖြစ်ဆိုးတွေကနေ ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ကမ္ဘာအနှံ့မှာ ခေါင်းထောင်ထလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။"အမေရိက၊ဥရောပနဲ့ ဩစတေးလျတိုက်တွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး စင်ကာပူနိုင်ငံမှာဆိုရင်တော့ အဆင့်သုံးချိတ်တယ်"လို့ Mount Elizabeth Novena ဆေးရုံမှ ဆီးလမ်းကြောင်းအထူးကုဆရာဝန် Dr Gerald Tan က ဆိုပါတယ်။ "ဆီးကျိတ်ကင်ဆာဟာ သူဌေးရောဂါလို့လည်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြလေရဲ့" လို့ Dr Tan က ဆိုပါသေးတယ်။ ဘာလို့လဲဆိုတော့ ဥရောပအစားအစာတွေမှာ အဓိက ပါဝင်တဲ့ အနီရောင်အသားတွေ၊နို့ထွက်ပစ္စည်းတွေ နဲ့ gluten အမည်ရှိ ဓါတ်ပစ္စည်းတွေဟာ ဒီရောဂါကို ဖြစ်စေတဲ့ အဓိကလက်သည်တွေမို့ပါပဲ။ အထက်ပါ အစားအစာတွေဟာ အနောက်တိုင်း စားသောက်မှုပုံစံမှာ […]

ကင်ဆာရောဂါများ

ခေတ်သစ်လူနေမှုဘဝကြောင့် ယောက်ျားတွေကော မိန်းမတွေမှာပါ ကင်ဆာရောဂါ များစွာ ဖြစ်တတ်ကြပါတယ်။ အဖြစ်များဆုံး ကင်ဆာတစ်ခုကတော့ ဆီးကျိတ်ကင်ဆာပါ။ ယင်းရောဂါကို စစ်ဆေးတွေ့ရှိပါက သင်ဟာ ဘယ်လိုကုသမှုမျိုး ခံယူမယ်ဆိုတာ သေချာစဉ်းစားရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရွေးချယ်မှုတစ်ချင်းစီက သင့်ကျန်းမာရေး အတွက် အရမ်း အရေးကြီးနေလို့ပါ။ ၁။ ဆီးကျိတ်ကင်ဆာ အမျိုးစားပေါင်းစုံ ရှိပါတယ်။ ဥပမာအားဖြင့် • Prostatic adenocarcinoma • Small cell carcinoma • Squamous cell carcinoma • Prostatic sarcomas • Transitional cell carcinomas တို့ဖြစ်ပါတယ်။ ၂။ ကုသမှု ရွေးချယ်ခြင်း ဘယ်လိုကုမှုမျိုး ခံယူမလဲဆိုတာ တိုင်ပင်ခြင်းက အရမ်းအရေးကြီးပါတယ်။ အဲဒါက ရောဂါရှင်ကိုယ်တိုင် သူ့ရောဂါအခြေအနေ ဘယ်လိုရှိလဲဆိုနဲ့ ဘယ်လိုသက်သာအောင် လုပရမလဲဆိုတာ သိအောင် ကူညီပေးပါတယ်။ လူနာနဲ့ဆရာဝန် နှစ်ယောက်လုံး အတွက် တွေးတောကြံဆ နိုင်စရာ […]

ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ၏ကနဦးအဆင့်တွင် ကုသမှုယူသည်ဖြစ်စေ/မယူသည်ဖြစ်စေရောဂါ၏ရလဒ်တူညီပုံ ဆီးကျိတ်ကင်ဆာ သည် ဆီးကျိတ်မှအခြားနေရာများသို့ မပျံ့နှံ့သေးသော ကနဦးအဆင့်တွင် လူနာသည် ရောဂါဖြစ်မှန်း သိပြီး နောက်ထပ် ဆယ်နှစ်ကျော်ကြာသည်အထိ မသေဆုံးနိုင်ပါ။ ခွဲစိတ်ကုသခြင်းနှင့်တကွ ဓါတ်ရောင်ခြည်ကုသမှု ခံယူသည်ဖြစ်စေ မည်သည့်ကုသမှုမှ မခံယူသည်ဖြစ်စေ ရလဒ်အတူတူပင်ဖြစ်သည်။ သုတေသန၏ဖော်ပြချက် အင်္ဂလန်နိုင်ငံမှ ဆေးပညာဂျာနယ်တစ်စောင်တွင် ဖော်ပြချက်အရ အသက် ၅၀ မှ ၆၉ နှစ်ကြား အမျိုးသာလူနာ၁၆၀၀ ယောက်ကျော်ကို လေ့လာခဲ့ရာ ကုသမှုနည်းလမ်း ၃ မျိုးရွေးချယ်စေခဲ့သည်။ ခွဲစိတ်ကုသခြင်း၊ဓါတ်ရောင်ခြည်ပေး၍ကုသခြင်းနှင့် မည်သည့် ကုသမှုမှ မယူဘဲ စောင့်ကြည့်လေ့လာခြင်းတို့ဖြစ်သည်။ သုတေသနတွင် ပါဝင်သော အမျိုးသား ၁ % ခန့်သာ ၁၀ နှစ်ကာလအတွင် ဆီးကျိတ်ရောဂါကြောင့် သေဆုံးခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ်မှ Freddie Hamdy ဆိုသူက မည်သည့်ကုသမှုနှင့်မဆို သေဆုံးသူအရေအတွက်သည် ထင်ထားသည်ထက် နည်းပါးကြောင်း ပြောကြားခဲ့သည်။ -လေ့လာမှုတွင် အမျိုးသား […]

ဆီးကျိတ်ကင်ဆာ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy