backup og meta

အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ ။

အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ ။

မုတ်ဆိတ်တို့ နှုတ်ခမ်းမွေးတို့လို ပြောလိုက်ရင် အမျိုးသားတွေမှာပဲ ထွက်တာပါ။ အမျိုးသမီးတွေမှာတော့ မထွက်ဘူးလို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ အမျိုးသားတိုင်း မုတ်ဆိတ် ထွက်တာ ဟုတ်ရဲ့လား။ ဒီအဖြေကို ဟုတ်တယ်လို့ ဖြေမယ်ဆိုရင်တော့ မဟုတ်ပါဘူး။ အမျိုးသားတိုင်း မုတ်ဆိတ် မထွက်ကြပါဘူး။ ဒါဆို ဘာလို့ အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ  ဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ ။

အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ ။ အမျိုးသားတိုင်း မုတ်ဆိတ် ထွက်ကြတာ မဟုတ်ပါဘူး။ အချို့သော အမျိုးသားတွေအတွက် မုတ်ဆိတ်ထွက်တာက အတော်လေး နှေးပြီး မထွက်သလောက်ပါပဲ။ မုတ်ဆိတ်မွေးထားချင်ရင် မုတ်ဆိတ်မထွက်ရတဲ့ အကြောင်းအရင်းကဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

  • မျိုးဗီဇ

မုတ်ဆိတ် ထွက်တာက မျိုးဗီဇနဲ့လည်း သက်ဆိုင်နေပါသေးတယ်။ အဖေ ဒါမှမဟုတ် အဘိုးမှာ ထူထဲတဲ့ မုတ်ဆိတ်တွေ ရှိမယ်ဆိုရင်တော့ သင့်မှာလည်း ထူထဲတဲ့ မုတ်ဆိတ်တွေ ရှိနိုင်ပေမယ့် မျိုးရိုးအစဉ်အဆက် မုတ်ဆိတ် သိပ်မထွက်ခဲ့တာဆိုရင်တော့ မုတ်ဆိတ်ထွက်နိုင်ဖို့ ခက်မှာပါ။

ဒါကြောင့် အမျိုးသား တစ်ယောက်ရဲ့ မုတ်ဆိတ် ထွက်နိုင်ခြေက မျိုးရိုးနဲ့လည်း အတော်လေး သက်ဆိုင်နေပါတယ်။

  • အသက်အရွယ်
  • လူမျိုး

ဘယ်လူမျိုးလဲ ဆိုတာကိုလိုက်ပြီး မုတ်ဆိတ် ထွက်နိုင်ခြေကလည်း ကွာခြားနိုင်ပါသေးတယ်။ ဥပမာ ပြောပြရရင် တရုတ်လူမျိုး အမျိုးသားတွေက အခြား လူမျိုးတွေထက် မုတ်ဆိတ် ထွက်နိုင်ခြေ တော်တော်လေး နည်းပါတယ်။ ကော်ကေးရှန်းလူမျိုး အမျိုးသားတွေကတော့ ပါး၊ လည်ပင်း နဲ့ မေးစေ့တွေမှာ မုတ်ဆိတ် နဲ့ ပါးသိုင်းမွေးတွေ ထွက်နိုင်ခြေ ပိုများနေပါတယ်။

  • Alopecia areata ရှိနေတာ

Alopecia areata ဆိုတာက autoimmune ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဒီကျန်းမာရေး အခြေအနေမှာ ခန္ဓာကိုယ်က မွေးညှင်းအိတ်လေးတွေကို ကိုယ်ခံအားက မှားယွင်းတိုက်ခိုက်တာပါ။ ဒီသက်ရောက်မှုက ဆံပင်တွေကိုတွေရော မုတ်ဆိတ်တွေကိုပါ အကွက်လိုက် ကျွတ်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီလို ကျန်းမာရေး အခြေအနေကို ခံစားနေရမယ်ဆိုရင်လည်း မုတ်ဆိတ် ထွက်ဖို့ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။

  • Testosterone levels ကျဆင်းနေတာ

အမျိုးသားတွေမှာ testosterone ပမာဏ ကျဆင်းနေတာကလည်း အမျိုးသားတွေရဲ့ မုတ်ဆိတ် ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ testosterone ပမာဏ ကျဆင်းနေတာက မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးထွက်ရှိတာကိုတင် အဟန့်အတား ဖြစ်စေနိုင်တာ မဟုတ်ပါဘူး။ အခုလို လက္ခဏာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။

> လိင်စိတ်နည်းပါးတာ

> လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာ

> မောပန်းလွယ်တာ

> ကြွက်သား မတက်တာ

> ခန္ဓာကိုယ် အဆီတက်လာတာ

> စိတ်အပြောင်းအလဲ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

  • စားသောက်မှုပုံစံ

နေ့စဉ် စားသောက်မှုပုံစံကလည်း အမျိုးသားတွေရဲ့ မုတ်ဆိတ် ထွက်ရှိမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ နေ့စဉ် စားသောက်မှုမှာ ဘိုင်အိုတင် ပါဝင်အောင် စားသုံးပေးတာက  မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • လေ့ကျင့်ခန်း မလုပ်တာ

လေ့ကျင့်ခန်း လုပ်တာက testosterone ပမာဏကို တိုးစေပြီး မုတ်ဆိတ် ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာကလည်း အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေပါ။

နေ့စဉ် ဘဝနေထိုင်မှုပုံစံက အလှုပ်အရှားနည်းမယ်။ လေ့ကျင့်ခန်းလည်း မလုပ်ဘူးဆိုရင်တော့ မုတ်ဆိတ် ထွက်နိုင်ခြေက နည်းနေမှာပါ။

ဒါတွေအပြင် စိတ်ဖိစီးမှု များတာ၊ ဆေးလိပ်သောက်တာတွေကလည်း မုတ်ဆိတ်ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Some Men Can’t Grow A Beard https://beardgains.com/blogs/learn/why-some-men-cant-grow-beard Accessed Date 28 October 2022

I Tried, Desperately, to Grow a Mustache for 30 Days. Here’s What I Learned. https://www.menshealth.com/health/a34520706/why-cant-i-grow-a-mustache/ Accessed Date 28 October 2022

Why Can’t Some Men Grow Facial Hair? https://www.mentalfloss.com/article/54444/why-cant-some-men-grow-facial-hair Accessed Date 28 October 2022

Can’t grow a beard? Here’s what you need to do. https://www.numan.com/numankind/why-cant-i-grow-a-beard Accessed Date 28 October 2022

Can’t Grow a Full Beard? There’s an Explanation for That https://health.clevelandclinic.org/cant-grow-a-full-beard-theres-an-explanation-for-that/ Accessed Date 28 October 2022

ယခုပုံစံ

11/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement