အူမကြီးကင်ဆာ

အခုနောက်ပိုင်း နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာတာကြောင့် အဖြစ်များလာတဲ့ အူမကြီးကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေ၊ ကုထုံးတွေနဲ့ ကျန်းမာအောင် နေထိုင်ရမယ့် နည်းလမ်းတွေကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အူမကြီးကင်ဆာ

အူမကြီး ကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။ အူမကြီး ကင်ဆာက များသောအားဖြင့် လူ​ကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တာပါ။ အူမကြီးအတွင်းပိုင်း အသားပိုလေးတွေကနေလည်း ကင်ဆာဖြစ်ပွားနိုင်ပါတယ်။ စဖြစ်စက ကင်ဆာကျိတ် မဟုတပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကင်ဆာကျိတ် ပုံစံ ပြောင်းသွားတာပါ။ အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။ အူမကြီး ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ […]

အူမကြီးကင်ဆာ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အူမကြီးကင်ဆာ

ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတာကို သိကြမှာပါ။ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံမမှန်တာတွေ၊ မျိုးရိုးဗီဇ ပတ်ဝန်းကျင် စတာတွေ အားလုံးက ကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းတွေ ထဲက အချက်တွေပါ။ ကင်ဆာကို ကာကွယ်ချင်ရင် မျိုးရိုးနဲ့ပတ်ဝန်းကျင်ကို ပြင်လို့မရပေမယ့် စားသောက်နေထိုင်မှု ပုံစံကိုတော့ ပြင်လို့ရတယ်လေ။ ဒီအထဲမှာမှ ကိုယ့်စားသောက်နေထိုင်တဲ့ ပုံစံနဲ့ အဆက်အစပ်ဆုံး ကင်ဆာကို ပြောပါဆိုရင် အူမကြီးကင်ဆာလို့ပြောရမှာပါ။ အူမကြီးကပဲ ကိုယ်စားသောက်လိုက်တဲ့အစားအစာတွေကို စုပ်ယူတာမဟုတ်လား။ ဒီတော့ ကြောက်စရာကောင်းလှတဲ့ အူမကြီးကင်ဆာကို ကာကွယ်ချင်ရင် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်လေးတွေ အကြောင်းပြောပြပေးမှာပါ။ အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက်များ ။ နို့နဲ့နို့ထွက်ပစ္စည်းများ ။ ။ လေ့လာချက်တွေအရ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေက အူမကြီးထဲမှာ အသားလုံးတွေကြီးထွားခြင်းကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးလို့လည်း ရပါတယ်။ ဗီတာမင်D ပါတဲ့ […]

အူမကြီးကင်ဆာ

အူမကြီးကင်ဆာဖြစ်နေတဲ့သူတိုင်း Colostomy ( အူအပေါက်ဖောက်) တဲ့ကုသခြင်းကို သိကြမှာပါ ။ အူမကြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဆိုရင် စအိုပေါက်ကိုပိတ်၊ ဗိုက်မှာ အပေါက်လေးဖောက်ပြီး အိတ်လေးနဲ့ အူကို အပြင်ထုတ်ထားတဲ့ colostomy ကုသနည်းဟာ အူမကြီးကင်ဆာနောက်ဆုံး အဆင့်သမားတွေအတွက် တကယ်ကို အရေးပါတဲ့ကုသနည်းပါ။ ဒီတော့ အူမကြီးကင်ဆာလည်းဖြစ်နေတယ် colostomy လည်းဖောက်ရမယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်။ ( ၁ ) ခွဲစိတ်မှု နောက်ဆုံးအဆင့်ရောက်နေတဲ့ အူမကြီးကင်ဆာဆိုရင် အချိန်သိပ်မဆွဲတော့ဘဲ ခွဲစိတ်မှု ချက်ချင်းလုပ်တာများပါတယ်။ ခွဲစိတ်မှုမလုပ်ခင် အူသန့်ရှင်းအောင် ဆရာဝန်တွေက ဆောင်ရွက်ပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးနောက်ပိုင်း အနာသက်သာအောင်လည်း ဆေးတွေသောက်ရမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ရက်အနည်းငယ်လောက် အနားယူရမှာဖြစ်ပြီး နောက်ပိုင်းမှာ လမ်းကို ဖြည်းဖြည်းချင်းပြန်ထလျှောက်ပေးရမှာဖြစ်ပါတယ်။ ( ၂ ) Colostomy ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ ။ အသုံးများတဲ့ Colostomy ကတော့ 2-pouch system […]

အူမကြီးကင်ဆာ

အသုံးပြုပုံများSorafenib (ဆိုရာဖန်းနစ်ဘ်) ကို ဘာအတွက်အသုံးပြုကြသလဲ အသည်းကင်ဆာ၊ကျောက်ကပ်ကင်ဆာနဲ့သိုင်းရွိုက်ဂလင်းကင်ဆာတွေကိုကုသနိုင်ဖို့အတွက် Sorafenib ကိုအသုံးပြုကြပါတယ်။ ဒီဆေးဟာကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို လျော့နည်းစေ၊ရပ်တန့်စေနိုင်တဲ့ကင်ဆာဆေးတမျိုး ဖြစ်ပါတယ်။ Sorafenib (ဆိုရာဖန်းနစ်ဘ်) ဘယ်လိုသောက်သုံးသင့်သလဲ ဒီဆေးကိုအစာမရှိချိန်မှာ သောက်သုံးရမှာဖြစ်ပြီး (အစာမစားခင်အနည်းဆုံးတနာရီဒါမှမဟုတ်အစာစားပြီးအနည်းဆုံးနှစ်နာရီအကြာမှာ သောက်သုံးရပါမယ်) ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတနေ့ကိုနှစ်ကြိမ်သုံးစွဲရမှာပါ။ သင့်ရောဂါအခြေအနေ၊ဆေးကိုတုံ့ပြန်မှုတို့အပေါ်မူတည်ပြီးသုံးစွဲရမယ့် ဆေးပမာဏကွာခြားမှုရှိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ပမာဏထက်ပိုသောက်ခြင်း၊အကြိမ်ရေပိုသောက်ခြင်း၊ညွှန်ကြားထားတဲ့ကာလထက်ပိုသောက်ခြင်းတွေကို ရှောင်ကျဉ်ရပါမယ်။ ဒီလို သောက်ခြင်းအားဖြင့် ဆေးရဲ့အာနိသင်ပိုမလာနိုင်ဘဲ ဘေးထွက်ဆိုးကျိုးတွေသာပိုဆိုးလာမှာ ဖြစ်ပါတယ်။ ဆေးရဲ့အာနိသင်အထက်မြက်ဆုံးရရှိစေဖို့အတွက်မှန်မှန်သောက်ဖို့တော့လိုပါလိမ့်မယ်။ ဆေးသောက်မမေ့စေဖို့အတွက်တနေ့တာရဲ့တူညီတဲ့အချိန်မှာပဲဒီဆေးကို သောက်သုံးသင့်ပါတယ်။ ဒီဆေးကိုအရေပြားနဲ့အဆုတ်ကနေတဆင့်ခန္ဓါကိုယ်အတွင်းထဲစုပ်ယူနိုင်ပြီးသန္ဓေသားကိုထိခိုက်စေနိုင်တဲ့အတွက်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ကိုယ်ဝန်ရှိလာနိုင်တဲ့အမျိုးသမီးတွေအနေနဲ့ဒီဆေးကိုကိုင်တွယ်ခြင်း၊ဆေးမှုန်တွေရှူမိခြင်းစတာတွေကို ရှောင်ရှားရပါမယ်။ Sorafenib (ဆိုရာဖန်းနစ်ဘ်) ဘယ်လိုသိမ်းဆည်းရမလဲ ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။ Sorafenib ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင် နဲ့စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့ နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sorafenib ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Sorafenib ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။ Sorafenib ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ […]

အူမကြီးကင်ဆာ

အူမကြီးဆဲလ်တွေမှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာကို အူမကြီးကင်ဆာလို့ ခေါ်ပါတယ်။ တကယ်တော့ အူမကြီးကို colon နဲ့ rectum (အစာဟောင်းအိမ်) ဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ တင်ပါးဆုံပိုင်းမှာရှိတဲ့ အူမကြီးရဲ့နှောင်းပိုင်း ၁၅စင်တီမီတာကို အစာဟောင်းအိမ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီနေရာဟာ အလွန်ကျဉ်းမြောင်းတဲ့အပြင် ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းနဲ့ အခြားပုံမှန်အစိတ်အပိုင်းအတွေ နီးနီးကပ်ကပ် တည်ရှိနေတာ ဖြစ်တဲ့အတွက် အနီးအနားက အင်္ဂါအစိတ်အပိုင်းတွေဆီ ကင်ဆာပျံ့နှံ့ဖို့ အလားအလာ အတော်များပါတယ်။ တင်ပါးဆုံအထက်ပိုင်းမှာရှိတဲ့ အူမကြီးအစိတ်အပိုင်းကိုတော့ colon လို့ခေါ်ပါတယ်။ ၎င်းကို omentum ခေါ် အဆီတစ်ရှူအလွှာနဲ့ ဝန်းရံထားပြီး အဆီတစ်ရှူးတွေ ပိုမိုထူထဲစွာပါဝင်တဲ့ mesentery ခေါ် အူအမြေးက ဝမ်းခေါင်းနံရံဆီ တွယ်ဆက်ထားပေးတာ ဖြစ်ပါတယ်။ အူအမြေးထဲမှာ ပြန်ရည်ကျိတ်တွေလည်း ပါဝင်ပါတယ်။ အူမကြီးရဲ့ အနားသတ်ဆဲလ်တွေကနေ ကင်ဆာစတင်ဖြစ်ပွားနိုင်ပြီး အူလမ်းကြောင်းပိတ်ခြင်း၊ ဝမ်းထဲသွေးပါခြင်း စတဲ့လက္ခဏာတွေ […]

အူမကြီးကင်ဆာ

အဓိပ္ပါယ်ဖွင့်ဆိုချက်Colon cancer (အူမကြီးကင်ဆာ) ကဘာလဲ။ အူမကြီးကင်ဆာဆိုသည် အူမကြီးတွင်ဖြစ်သောကင်ဆာတစ်မျိုးဖြစ်ပြီး အစာချေစနစ်၏ အောက်ပိုင်းတွင်ရှိသည်။ စအိုကင်ဆာသည် အူမကြီး နောက်ဆုံး လက်ခအနည်းငယ်တွင်ဖြစ်သောကင်ဆာဖြစ်သည်။ တခါတရံတွင် တူတူပေါင်းဖြစ်ပြီး အူမကြီးစအိုကင်ဆာဟုခေါသည်။ များသောအားဖြင့် အူမကြီးကင်ဆာတွင် သေး၍ကင်ဆာမဖြစ်သေးသောဆဲလ်များစုပုံမှု အဆီအိတ်မှဖြစ်သောအလုံးဖြစ်မှုမှစတင်သည်။ အချိန်ကြာသည်နှင့်ထိုအလုံးမှ အူမကြီးကင်ဆာဖြစ်လာသည်။ Colon cancer (အူမကြီးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများColon cancer (အူမကြီးကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အူမကြီးကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းသွားသည့်ပုံစံပြောင်းလဲသွားခြင်း။ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း နှင့် ဝမ်းမာမှုပျော့မှုပုံစံပြောင်းလဲသွားခြင်း။ ထိုအရာများသည် လေးပါတ်လောက်ထိကြာတတ်သည်။ စအိုမှသွေးထွက်ခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါနေခြင်း။ ဗိုက်တောက်လျောက်နာနေခြင်း ဥပမာ အောင့်ခြင်း လေထိုးခြင်းသို့မဟုတ် နာခြင်း ဝမ်းသွားရတာကုန်သည် မခံစားရခြင်း အားနည်းခြင်းသို့မဟုတ် နှုန်းခြင်း အကြောင်းပြချက်မရှိပဲပိန်ခြင်း အူမကြီးကင်ဆာဖြစ်သောအများစုတွင် စောစီးစွာရောဂါလက္ခဏာမပြတတ်ပါ။ ရောဂါလက္ခဏာစပြချိန်တွင် ကင်ဆာအရွယ်အစား နေရာအမျိုးမျိုးရှိနေနိုင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် […]

အူမကြီးကင်ဆာ

ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းဆိုသည်မှာ မည်သည့် ကိုယ်လက်လှုပ်ရှားမှုကို မဆို ဆိုလိုခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုများကို ကြွက်သား လှုပ်ရှားမှုကနေ ဖန်တီးခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုတိုင်းသည် စွမ်းအင်သုံးရလေသည်။ ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာ၏ ထောက်ခံချက်အရ တစ်ပတ်ကို ငါးရက်နှင့် အထက် တစ်နေ့ အနည်းဆုံး မိနစ် ၃၀ ခန့် အလယ်အလတ်လေ့ကျင့်ခန်းမျိုး လုပ်ခြင်း (သို့) တစ်ပတ်ကို သုံးရက်နှင့်အထက် တစ်နေ့ကို အနည်းဆုံး မိနစ် နှစ်ဆယ်ခန့် ပြင်းထန်သော အားကစား လေ့ကျင့်ခန်းမျိုး လုပ်ဖို့ အကြံပေးထားပါသည်။ ကျွမ်းကျင်သူများက လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းသည် ကျန်းမာခြင်း အကျိုးကျေးဇူးကို အောက်ပါ နည်းလမ်းပေါင်းစုံနှင့် ပေးစွမ်းလျက်ရှိသည်ဟု ဆိုကြသည်။ · သင့်ကိုယ်အလေးချိန်ကို ထိန်းထားပေးသည်။ · ကြွက်သား နှင့် အရိုးအဆစ် ကျန်းမာရေးကို ထိန်းသိမ်းပေးသည်။ · သွေးတိုးနှင့် ဆီးချိုသွေးချိုရောဂါ […]

အူမကြီးကင်ဆာ

သင်ချစ်တဲ့လူတစ်ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတယ်လို့ရောဂါအတည်ပြုပြီးပြီဆိုရင်- သူတို့ကိုစောင့်ရှောက်ချင်တယ်စိတ်တွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ လုပ်စရာတွေလုပ်ဖို့လိုတာတွေများတာကြောင့် ဂရုစိုက်ခြင်းဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေပါတယ်။ သင့်လူနာရဲ့လိုအပ်ချက်တွေကို လေ့လာခြင်းက ကြီးမားတဲ့စတင်မှုတစ်ခုဖြစ်ပါတယ်။ အမှန်တကယ်ဂရုစိုက်နိုင်သူဖြစ်ဖို့ မမေ့ရမယ့်၅ချက်ရှိပါတယ်။   ၁။ ပြဿနာဖြေရှင်းပေးနိုင်သူဖြစ်ပါစေ သင်ချစ်တဲ့လူကုသမှုခံယူနေချိန်မှာ မှားသွားနိုင်မယ့်အချက်တွေအများကြီးရှိပါတယ်။ ဆေးပညာဆိုင်ရာအသင်းလုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်သလို လူနာရဲ့အထိမခံနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပြဿနာတွေကိုအတူတူရှာပေးပြီး ဖြေရှင်းပေးနိုင်ဖို့ကြိုးစားသင့်ပါတယ်။ ပြဿနာတွေရှာဖို့ခက်နေတယ်ဆိုရင် အခြားလူတွေရဲ့အကူအညီအကြံဉာဏ်တွေ တောင်းခံဖို့လည်းမတုံ့ဆိုင်းပါနဲ့ ။ ဒါ်မှသာ အခြေအနေအတွက်အကောင်းဆုံးအဖြေတွေကို ရှာနိင်မှာဖြစ်ပါတယ်။   ၂။ အကောင်းမြင်စိတ်မွေးပါ သင်ချစ်တဲ့လူက ပြင်းထန်တဲ့စိတ်ဓါတ်ကျခြင်းတွေ၊ စိုးရိမ်ခြင်းတွေ၊ အဆိုးမြင်ဝါဒတွေရလာနိုင်ပါတယ်။ သူတို့တွေမှီခိုနိုင်ဖို့အတွက် သင့်ကခွန်အားအပြည့်နဲ့အကောင်းမြင်စိတ်တွေမွေးဖို့ လိုပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက သင့်အလုပ်ကိုကူညီပေးနိုင်ပါတယ်။ ခက်ခဲနိုင်ပေမဲ့ အခြားစောင့်ရှောက်မှုအဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ သို့ သင့်သူငယ်ချင်းတွေ၊ ဘာသာရေးဆိုင်ရာအကြံဉာဏ်ပေးနိုင်သူတွေ၊ ကျန်းမာရေားဂရုစိုက်မှုဆိုင်ရာကျွမ်းကျင်သုူတွေထံမှာ လိုအပ်မယ်ဆိုရင် အကူအညီတောင်းနိုင်ပါတယ်။   ၃။ သင့်တော်တဲ့ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုများဘယ်လိုပေးရမလဲဆိုတာကို သိပါ။ ရေချိုးခြင်း၊ အဝတ်အစားဝတ်ခြင်း၊ အစာစားခြ်င်း၊ အိမ်သာအသုံးပြုခြင်း ၊ လှပသေသပ်အောင်ပြုလုပ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေမှာ သင့်အကူအညီလိုအပ်လာတဲ့အခါ ပြင်ဆင်ထားပါ။ ဒီအချက်တွေကို ကျန်းမာရေးဂရုစိုက်မှုဆိုင်ရာဗီဒီယိုတွေ၊ စာအုပ်တွေဖတ်ခြင်းဖြင့် ဒိတာဝန်တွေကိုဘယ်လိုလုပ်သင့်တယ်ဆိုတာိကို သင်ယူုနိုင်ပါတယ်။ […]

အူမကြီးကင်ဆာ

သင့်မှာ အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ ဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကို အိမ်ထောင်ဖက်ကို လက်ခံအောင်ပြောပြဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ တစ်ဦးကို တစ်ဦးနားလည်မှုရှိဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စကားပြောဆိုခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ပိုပြီးလွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းကိုရှာမတွေ့ဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအချို့က သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဆိုတာဘာလဲ။ ဒီကင်ဆာက အူမကြီး (သို့) အစာဟောင်းအိမ် တစ်နေရာမှာ ဖြစ်တဲ့ ကင်ဆာကို ဆိုလိုပါတယ်။ ဒီကင်ဆာအများစုဟာ အူမကြီး (သို့) အစာဟောင်းအိမ် အတွင်းနံရံသား ဆဲလ်ပွားများလာခြင်း၊ အလုံးဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ အချို့ အလုံးများက နှစ်များစွာကြာလာတဲ့အခါမှာ ကင်ဆာအဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။ သို့ပေမဲ့ အလုံးအားလုံးကတော့ ကင်ဆာ ဖြစ်မလာပါဘူး။ ကင်ဆာဖြစ်စေတဲ့ အခြေအနေရှိတဲ့ အကြောင်းတရားအချို့လည်း ရှိပါတယ်။ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ အများစုသည် အချွဲ နှင့် အရည်ထုတ်လုပ်ပေးသော ဆဲလ်အမျိုးအစားများတွင် […]

အူမကြီးကင်ဆာ

အသုံးပြုပုံများCalcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ Calcium chlorideကိုသွေးတွင်းကယ်လ်ဆီယမ်ဓါတ်နည်းခြင်းကြောင့်ဖြစ်သောကြွက်တက်ခြင်းအားအရေးပေါ်ကုသရာတွင်အသုံးပြုသည်။ ကြွက်တက်ခြင်း၏မူလအကြောင်းခံဇစ်မြစ်ပေါ်မူတည်၍ Calcium chloride အပြင်ဗီတာမင်ဒီသို့မဟုတ် parathyroid ဟော်မုန်းအစရှိသည်တို့ကိုလည်းတွဲဖက်ပေးရသည်။ အရေးပေါ်နှလုံးနှိုးခြင်းများတွင် (အထူးသဖြင့်နှလုံးခွဲစိတ်မှုအပြီးတွင်) epinephrine ကိုအသုံးပြုပြီးသော်လည်းနှလုံးကြွက်သားကောင်းစွာအလုပ်လုပ်ခြင်းမရှိသေးလျှင် Calcium chlorideကိုအသုံးပြုနိုင်သည်။Calcium chloride ၏အခြားသောအသုံးပြုပုံအသေးစိတ်တို့ကိုသင့်ဆရာဝန်နှင့်ဆွေးနွေးပါ။ Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ဘယ်လိုသောက်သုံးသင့်သလဲ Calcium chlorideကိုဆရာဝန်ညွှန်ကြားမှအသုံးပြုရပါမည်။ အသုံးပြုပုံနှင့်ပတ်သတ်၍မရှင်းလင်းသည်များရှိလျှင်သင့်ဆရာဝန်ကိုမေးမြန်းပါ။ Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ဘယ်လိုသိမ်းဆည်းရမလဲ ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။ Calcium chlorideကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Calcium chlorideကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Calcium chlorideဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။   Calcium chlorideကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။   ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။ Calcium chlorideကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များCalcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိနေလျှင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအသိပေးပါ။ -ကိုယ်ဝန်ရှိနေလျှင်သို့မဟုတ်ကလေးနို့တိုက်နေလျှင်။ အဆိုပါအချိန်များတွင်ဆရာဝန်ညွှန်ကြားသောဆေးဝါးများကိုသာအသုံးပြုသင့်၍ဖြစ်သည်။ -အခြားသောဆေးများ ( ဆရာဝန်ညွှန်ကြားထားသော၊မညွှန်ကြားဘဲသောက်သုံးနေသောဆေးများ၊သဘာဝဆေးဘက်ဝင်ပစ္စည်းများ၊ […]

အူမကြီးကင်ဆာ

အသုံးပြုပုံများSertraline (ဆာထရာလိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ Sertraline ကို စိတ်ကျရောဂါ၊ရုတ်တရက် စိတ်အလွန်အမင်း စိုးရိမ်ပူပန်လှုပ်ရှားခြင်း၊တစုံတခုကိုအလွန်အမင်းစိတ်စွဲနေသည့် စိတ်ရောဂါ၊မတော်တဆမှုတခုခုကြုံတွေ့ရပြီးနောက် စိတ်ဖိစီးခြင်း၊စိတ်ကျခြင်း ခံစားရသည့် ရောဂါ၊ လူအများနှင့်ရောနှောဆက်ဆံရမည်ကို ကြောက်ရွံ့သည့် စိတ်ရောဂါ နှင့် ဓမ္မတာမလာမီ အလွန်အမင်း စိတ်ကစဉ့်ကလျား ဖြစ်ခြင်း စသည်တို့ကို ကုသရန် အသုံးပြုသည်။ ဤဆေးသည် သင်၏စိတ်အခြေအနေ၊အိပ်စက်မှု၊အစားအသောက်စားလိုစိတ် နှင့် အားအင်တို့ကို တိုးတက်ကောင်းမွန်စေမည်ဖြစ်ပြီး သင့်အနေဖြင့် သင်၏နေ့စဉ်ဘဝနေထိုင်သွားလာမှုများတွင် ပြန်လည်စိတ်ပါဝင်စားလာစေမည်ဖြစ်သည်။ ထို့အပြင် Sertraline သည် ကြောက်ရွံ့မှု၊စိုးရိမ်ပူပန်မှု၊မလိုလားအပ်သော အတွေးများကို လျော့နည်းစေမည့်အပြင် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားသည့် အခြေအနေများကိုလည်း နည်းပါးစေမည် ဖြစ်သည်။ အရေးမကြီးသော ကိစ္စတခုခုကို(ဥပမာ။ ။ လက်ဆေးခြင်း၊ ကိန်းဂဏန်းများကို ရေတွက်ခြင်း၊ တံခါးပိတ်ထားခြင်း ရှိမရှိ စစ်ဆေးခြင်း) ထပ်ခါတလဲလဲပြုလုပ်ခြင်းကြောင့် နေ့စဉ်ပုံမှန်နေထိုင်သွားလာမှု ထိခိုက်လာခြင်းကိုလည်း Sertraline က […]

အူမကြီးကင်ဆာ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon