အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်
အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီမျိုးပွားအင်္ဂါက သုက်ရည်ထုတ်လုပ်တာ၊ သုက်ပိုးနဲ့ သုက်ရည်တွေကို သယ်ယူပို့ဆောင်တာ၊ သုက်ပိုးတွေ ထုတ်လုပ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်လွှတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်လိုမဟုတ်ဘဲ ခန္ဓာကိုယ် အပြင်ဘက်မှာ အများဆုံး ဖြစ်တည်နေတဲ့ အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ ........ အမျိုးသား မျိုးပွားအင်္ဂါစနစ်မှာ လိင်တံ ကပ္ပာယ်အိတ် နဲ့ ဝှေးစေ့ ဆီးကျိတ်တို့ ပါဝင်နေပါတယ်။ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်လား ....... အမျိုးသားတွေရဲ့ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား […]