အဆုတ်ကင်ဆာ က ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အဆုတ်ကင်ဆာ က ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။
အဆုတ်ကင်ဆာဆိုတာက အခြား ကင်ဆာတွေလိုပါပဲ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေကနေ စတာပါ။ ပုံမှန်ကတော့ ခန္ဓာကိုယ်က မလိုအပ်ဘဲ ဆဲလ်ကွဲပွားတာမျိုး မဖြစ်စေဖို့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားမှုတွေ မဖြစ်စေဖို့ ထိန်းချုပ်ပေးထားပါတယ်။
ဒီစနစ် ပျက်ယွင်းသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန် မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ပြီး အကျိတ်တွေ ဖြစ်ပေါ်ရာကနေတဆင့် ကင်ဆာဖြစ်လာပါတော့တယ်။ အဆုတ်ကင်ဆာဆိုတာကလည်း အဆုတ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ် ကွဲပွားတာတွေ အကျိတ်တွေ ဖြစ်တာမျိုးကို ဆိုလိုတာပါ။
အဆုတ်ကင်ဆာက လက္ခဏာမပြတာ ရှိသလို အခုလို လက္ခဏာလေးတွေလည်း တွေ့ရနိုင်ပါတယ်။ အဆုတ်ကင်ဆာက အစောပိုင်းမှာ လက္ခဏာ မပြရင်တောင် နောက်ပိုင်းမှာ အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။
အဆုတ်ကင်ဆာဖြစ်တဲ့အခါ ကင်ဆာက အဆုတ်ကနေ စတင်ဖြစ်ပွားတာရှိသလို အခြားနေရာကနေ စတင်တဲ့ ကင်ဆာဆဲလ်က အဆုတ်ဆီ ရောက်လာတာမျိုးလည်း ရှိပါတယ်။
အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ ကင်ဆာကို primary lung cancer လို့ ခေါ်ပြီး အခြားနေရာကနေ ကင်ဆာဆဲလ်တွေ ပြန့်လာကနေ ဖြစ်ပွားတဲ့ အဆုတ်ကင်ဆာကိုတော့ secondary lung cancer ကင်ဆာလို့ ခေါ်ကြပါတယ်။
အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ primary lung cancer ကိုလည်း ကင်ဆာဆဲလ် စတင်ကြီးထွားပုံကိုလိုက်ပြီး အခုလို အမျိုးအစား ခွဲထားပါသေးတယ်။ ဒါတွေကတော့
ဒါက အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေ ဖြစ်ပြီး တခြားအမျိုးအစားတွေလည်း ရှိပါသေးတယ်။
အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
အဆုတ်ကင်ဆာကုသမှုက ခံစားနေရတဲ့ အခြေအနေပေါ်ကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ စောစောသိပြီး စောစော ကုသမယ်ဆိုရင်တော့ ကင်ဆာဆဲလ်တွေ သိမ်ပြန့်ခင်မျာ အထိရောက်ဆုံး ဖယ်ရှား ကုသနိုင်မှာဖြစ်ပြီး အောင်မြင်နိုင်ခြေကလည်း အတော်လေး များပါတယ်။ ကင်ဆာဆဲလ်တွေကို ဖယ်ရှားတဲ့ နည်းနဲ့ ကုသလို့ ရပါတယ်။
နောက်တစ်မျိုးကတော့ ဓာတ်ရောင်ခြည် အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ နည်းနဲ့ အဆုတ်ကင်ဆာကို ကုသတာပါ။
ဓာတ်ရောင်ခြည် ကုထုံးအပြင် ဆေးသွင်း ကုသမှုနည်းနဲ့လည်း အဆုတ်ကင်ဆာကို ကုသလို့ ရပါသေးတယ်။
ရောဂါအခြေအနေကိုလိုက်ပြီး ခံယူရတဲ့ ကုသမှုတွေကတော့ ကွာခြားနိုင်ပါတယ်။
အဆုတ်ကင်ဆာမဖြစ်စေဖို့ဆိုရင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။