အခြားကင်ဆာများ

ကင်ဆာရောဂါများရဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားကင်ဆာများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

အခြားကင်ဆာများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

ဆေးလိပ် ကြောင့် ကင်ဆာ ၁၆မျိုး ဖြစ်နိုင်ပါတယ်။

ဆေးလိပ် က မကောင်းဘူးဆိုတာ သိထားပေမယ့်လည်း ဖြတ်ဖို့ ခက်ပါတယ်။ ဆေးလိပ်တစ်ချက်ဖွာလိုက်တိုင်းမှာ အမျိုးအစား ၇၀၀၀လောက်ရှိတဲ့ ဓာတုပစ္စည်းတွေက အဆုတ်နဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားပါတယ်။ ဒီအမျိုး ၇၀၀၀ကျော်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်း ၆၉မျိုး ပါဝင်ပါတယ်။ ဆေးလိပ် နဲ့ ပတ်သက်ပြီး မှတ်သားဖွယ်အချက်အလက်များ ဆေးလိပ်နဲ့ ကင်ဆာနဲ့က ဆက်နွယ်မှု ကြီးမားပါတယ်။ ကင်ဆာဖြစ်သူ ၈ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။ ကင်ဆာကြောင့် သေဆုံးသူ ၅ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။ ဆေးလိပ်တစ်ချက် ဖွာလိုက်တိုင်းမှာ ဓာတုပစ္စည်းပေါင်း ၇၀၀၀က အဆုတ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပါတယ်။ စီးကရက်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းပေါင်း ၆၉မျိုး ပါပါတယ်။ တစ်နှစ်ကို ကင်ဆာရောဂါတွေ့ရှိမှု ၁၅,၀၀၀ကျော်လောက်က ဆေးလိပ်ကြောင့်ပါ။ ဆေးလိပ်သောက်ပြီး ၆နာရီလေက်ဆိုရင် ခန္ဓာကိုယ်က စပြီး […]


အခြားကင်ဆာများ

ကင်ဆာဆဲလ်တွေ အပွားနှေးစေဖို့

ကင်ဆာဆဲလ်တွေ က အချိန်ကြာလာတာနဲ့အမျှ ဘေးက တစ်ရှူးတွေ၊ အဝေးက အင်္ဂါအစိတ်အပိုင်းတွေဆီကို ပွားသွားတတ်ပါတယ်။ ဒါကိုက ကင်ဆာရဲ့ ဝိသေသတစ်ခုပါ။ ဆဲလ်တွေ အဆမတန်ပွားပြီး ကြီးလာတာ၊ ဘေးနားက တစ်ရှူးတွေကို ထိုးဖောက်တာ၊ သွေး၊ ပြန်ရည်ကနေတဆင့် အဝေးက ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားတာကြောင့် ကင်ဆာဆဲလ်တွေက ကြာလေပွားလေပါပဲ။ ဒီမှာမှ တချို့ကင်ဆာတွေက နဂိုတည်းက အပွားမြန်တဲ့ ကင်ဆာတွေ ရှိသလို အပွားနှေးတဲ့ ကင်ဆာ (ဥပမာ ဆီးကျိတ်ကင်ဆာ)တွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်ဆာာရဲ့ သဘောကတော့ မကုသဘူးဆိုရင်  ကြာလေပွားလေဖြစ်ပြီး အဆင့်တွေ တက်လာနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ကို အပွားနှေးအောင် လုပ်လို့ရပါသလား။ ကင်ဆာဆဲလ်တွေကို အပွားနှေးအောင် special diet တွေ၊ cancer diet တွေ ဆိုပြီး ပြောကြပေမယ့် ဒါတွေမှာ ထူးထူးခြားခြား […]


အခြားကင်ဆာများ

ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။

ခန္ဓာကိုယ်မှာ အကျိတ်တစ်ခု တွေ့ပြီဆိုရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာအကျိတ်လား ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒီနှစ်ခုက ပြင်းထန်ပုံခြင်း ကွာခြားသလို ကုသနည်းတွေလည်း မတူပါဘူး။ အကြမ်းအားဖြင့်တော့ ရိုးရိုးအကျိတ်က လူကို အန္တရာယ်ပေးတာ နည်းပါတယ်။ ဒါနဲ့ ပြောင်းပြန် ကင်ဆာကျိတ် ကတော့ အန္တရာယ်များပါတယ်။ အကျိတ်ဆိုတာ ဆဲလ်တွေပွားပြီး ပုံမှန်မဟုတ်တဲ့ အလုံးအဖုတွေ ပေါ်လာပြီဆိုရင် ဒါကို အကျိတ်လို့ သတ်မှတ်ပါတယ်။ ဒီမှာမှ ဘေးကို မပွားတဲ့ အကျိတ်ဆိုရင်  ရိုးရိုးအကျိတ် (Benign tumor) လို့ သတ်မှတ်ပြီး တခြားကို ပွားတယ်ဆိုရင်တော့ ကင်ဆာကျိတ် လို့ သတ်မှတ်နိုင်ပါတယ်။ ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။ ရိုးရိုးအကျိတ် ရိုးရိုးအကျိတ်မှာ ဆဲလ်တွေက ဘေးကို ပြန့်လေ့မရှိပါဘူး။ ကြီးတာလည်း နှေးပါတယ်။ ဒီအရွယ်အတိုင်းပဲ နှစ်ကြာအောင် ရှိနေတတ်ပါတယ်။ […]


အခြားကင်ဆာများ

ကင်ဆာကုထုံး ရွေးချယ်တဲ့အခါ စဉ်းစားသင့်တဲ့ အချက်များ

ကင်ဆာကုထုံး တွေက အမျိုးမျိုးရှိပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသရပုံခြင်းလည်း မတူပါဘူး။ ကင်ဆာချင်းတူရင်တောင် ရောဂါအခြေအနေချင်း မတူရင် ကုရတဲ့ ကုထုံးတွေ ကွဲပြားနိုင်ပါတယ်။ ကင်ဆာကုထုံးတွေ ရွေးချယ်တဲ့အခါ ဆရာဝန် ဒါမှမဟုတ် လူနာတစ်ယောက်တည်းက ဦးဆောင်ပြီး ဆုံးဖြတ်သွားတာထက် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာက ကုသမှုကို ပိုပြီး အကျိုးရှိစေပါတယ်။ ကင်ဆာကုထုံး တွေကို ဒီလိုရွေးချယ်ပါ။ အချိန်ယူစဉ်းစားပါ။ ကင်ဆာတွေက အချိန်ကြာလေ ပြန့်လေဆိုပေမယ့် ကုမယ်ဆိုရင်တော့ အချိန်ယူပြီး စိတ်ရှည်ရှည် စဉ်းစားသင့်ပါတယ်။ ဆရာဝန်ရွေးတာ၊ ဆေးရုံရွေးတာ၊ ကုထုံးရွေးတာစတာတွေကိုတော့ အချိန်လေးပေး၊ သေချာစုံစမ်းပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။ ဘယ်သူဆုံးဖြတ်ချက်ချမှာလဲဆိုတာ စဉ်းစားထားပါ။ ကုထုံးတွေကို ရွေးချယ်ရတဲ့အခါ ဘယ်သူ့ဆုံးဖြတ်ချက်က အတည်လဲဆိုတာက ကြိုစဉ်းစားထားပါ။ တကယ်ဆို အသက်ပြည့်ပြီး လူနာက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အမေကို […]


အခြားကင်ဆာများ

ကင်ဆာရောဂါကို စောစောသိရတာ ကောင်းသလား

WHO ရဲ့ ၂၀၂၀ စာရင်းတွေအရ အာရှတိုက်တစ်ခုတည်းမှာ ကင်ဆာရောဂါကို ခံစားနေရတဲ့ လူနာ ၉.၅ မီလီယမ် ရှိပါသတဲ့။ ဒါက ကမ္ဘာမှာ ရှိရှိသမျှသော ကင်ဆာလူနာတွေရဲ့ တစ်ဝက်နီးနီး ရှိပါတယ်။ ဒီထဲမှာ ၅ မီလီယမ်လောက်က ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာတွေဖြစ်ပြီး ပိုပြီး စိတ်မကောင်းစရာက ဒီကင်ဆာတွေက စောစောသိရင် ကုသလို့ရတဲ့ ကင်ဆာတွေ ဖြစ်နေတာပါပဲ။ ကင်ဆာရောဂါက အသေအပျောက်များတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း တိုးတက်လာတဲ့ ဆေးပညာကြောင့် ကြိုတင်စစ်ဆေးတာ၊ ရောဂါရှာဖွေတာတွေကို တိတိကျကျ လုပ်လာနိုင်တာကြောင့် လူနာတွေရဲ့ အသက်ရှင်နှုန်းလည်း များလာပါတယ်။ ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်ဆိုရင် ဆေးကုရတဲ့ စရိတ်စကလည်း သက်သာပြီး ကုသရတာလည်း ပိုလွယ်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကို စောစောသိရှိဖို့က လူနာတွေရဲ့ အသက်ရှင်နှုန်းနဲ့ နာလန်ထနှုန်းပေါ် အများကြီးသက်ရောက်မှု […]


အခြားကင်ဆာများ

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ကမ္ဘာတလွှားမှာ ကင်ဆာဖြစ်ပွားနှုန်းက ဆက်လက်မြင့်တက်လာနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ ၉.၆ သန်းရှိလာခဲ့ပြီး ကင်ဆာက ဒုတိယ သေဆုံးမှု အများဆုံး ရောဂါတစ်ရပ် ဖြစ်လာပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ကတော့ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါ ခံစားနေသူ ၁၄၁၀၂၁ ဦးရှိခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အာရှဒေသမှာ ကင်ဆာ ရောဂါဖြစ်ပွားမှုဟာ ၉.၅ သန်းကျော် ရှိလာခဲ့ပါတယ်။  ယနေ့ခေတ်မှာ ကင်ဆာရောဂါဟာ အကြီးမားဆုံးသော ကျန်းမာရေးပြဿနာကြီးတစ်ရပ် ဖြစ်လာနေပါတယ်။ လူတိုင်းလူတိုင်း ဟာ ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက  ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ကို လူတိုင်းလိုလို သိရှိထားဖို့ပါ။ ကင်ဆာဆိုတာ ဘာလဲ။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက ပုံမှန် ကြီးထွားကွဲပွားနေပါတယ်။ […]


အခြားကင်ဆာများ

ကင်ဆာရောဂါတွေ ကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ။

WHO အဆိုအရ ကင်ဆာရောဂါက အသေအပျောက်အများဆုံး ရောဂါတွေထဲမှာ ဒုတိယလိုက်ပါတယ်။ ၂၀၁၈ ဒေတာတွေအရဆိုရင် လူပေါင်း ၉.၆ မီလီယမ်လောက်က ကင်ဆာရောဂါခံစားနေရပါတယ်။ ကင်ဆာရောဂါတွေ ကို စောစောသာ စစ်ဆေးနိုင်မယ်ဆိုရင် အချိန်မီကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါတွေ ဘယ်လိုဖြစ်လာသလဲ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ ပွားလာပြီးပြီဆိုရင် ပျက်စီးရပါတယ်။ ဆဲလ်အဟောင်းတွေ ပျက်လိုက်၊ ဆဲလ်အသစ်တွေ ဖြစ်လိုက်နဲ့ ခန္ဓာကိုယ်ထဲမှာ သံသရာလည်နေတာပါ။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ ကင်ဆာဆိုတာကတော့ ဆဲလ်တွေ မတရားပွားလာတာကို ဆိုလိုတာပါ။ ခန္ဓာကိုယ်မှာ ကင်ဆာပေါင်း အမျိုး ၁၀၀လောက် ဖြစ်နိုင်ပါတယ်။ ဆဲလ်တွေ ပွားလွန်းတဲ့အခါမှာ ခန္ဓာကိုယ်မှာ အကျိတ်အနေနဲ့ စမ်းမိတတ်ပါတယ်။ ဒီအကျိတ်တွေက သာမန်အကျိတ်လည်း ဖြစ်နိုင်သလို ကင်ဆာကျိတ်လည်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်းတော့ အကျိတ်အနေနဲ့ ရှိနေတာ မဟုတ်ပါဘူး။ ဥပမာ သွေးကင်ဆာဆိုရင် […]


အခြားကင်ဆာများ

ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ

ကင်ဆာရောဂါ ခံစားရတဲ့အခါ လူအများစုက ကုသမှု မခံလိုကြပါဘူး။ အကြောင်းက ကင်ဆာဆိုတာနဲ့ သေဆုံးနိုင်တယ်၊ လပိုင်းလောက်ပဲ ခံတော့မယ်လို့ ယူဆထားကြလို့ပါ။ နောက်တစ်ခုကတော့ ကင်ဆာကုသမှု တွေကို ကြောက်လို့ပါ။ ကင်ဆာကုထုံးခံယူသူတွေက ဆံပင်တွေ ကျွတ်တာ၊ အစားမဝင်တဲ့ ပိန်သွားတာတွေကို တွေ့မြင်ထားဖူးတဲ့အတွက်  ကုသမှ ပိုဆိုးသွားမလား။ ဒီတိုင်းလေး သက်သောင့်သက်သာ ထွက်သွားလိုက်တာက ပိုကောင်းမလားလို့ ခံစားမိလို့ပါ။ ဒီအကြောင်းတွေကြောင့် အများစုက ကင်ဆာရောဂါခံစားရရင်တောင့် ကုသမှု ခံယူဖို့ နှောင့်နှေးကြတာပါ။ ဒီလိုနဲ့ပဲ ကင်ဆာရောဂါကို စောစောသိရင်တောင် ကုသရမှာ ကြောက်နေတာနဲ့ပဲ အချိန်တွေ နောက်ကျကုန်ပါတယ်။ ကင်ဆာရောဂါ ကုထုံးတွေနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။ ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ ကင်ဆာကုသမယ်ဆိုရင် ဆေးရုံမှာ ရက်ရှည်နေရမယ်။ ကင်ဆာကုသမယ်ဆိုတိုင်း အမြဲဆေးရုံမှာ နေရမှာတော့ […]


အခြားကင်ဆာများ

ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။

ကင်ဆာ အဆင့်ဆိုတာက လူတစ်ဦးမှာ ခံစားနေရတဲ့ ကင်ဆာ အမျိုးအစားကို ရည်ညွှန်းပါတယ်။ ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။ ကင်ဆာအဆင့်ကို ဘယ်လို သတ်မှတ်လဲဆိုတော့ ကင်ဆာကျိတ် အရွယ်အစား၊ ကင်ဆာက ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေကို ပြန့်နှံ့နေပြီလား ဆိုတဲ့အပေါ်ကို မူတည်ပြီး သတ်မှတ်တာပါ။ ကင်ဆာ အဆင့်သတ်မှတ်တာတွေက ကင်ဆာ အမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကင်ဆာအဆင့်တွေကြားက ကွာခြားချက်လေးတွေကို ပြောပြပေးသွားချင်ပါတယ်။ ကင်ဆာအဆင့်က ဘယ်လို အထောက်အကူပြုပေးနိုင်လဲ။ ကင်ဆာရောဂါ တစ်မျိုးမျိုး ဖြစ်လာပြီဆိုရင် အရင်ဆုံး လုပ်ဆောင်ရတာ တစ်ခုက ကင်ဆာအဆင့်ကို သတ်မှတ်တာပါ။ ဒီလို သတ်မှတ်တာက ဆရာဝန်တွေကို ကင်ဆာ အခြေအနေကို သတ်မှတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဆရာဝန်တွေက ကင်ဆာ အဆင့်သတ်မှတ်ချက်ကို အသုံးချပြီး ကင်ဆာကျိတ် အရွယ်အစား နဲ့ဘယ်အစိတ်အပိုင်းတွေကို ပြန့်နေပြီလဲဆိုတာကို […]


အခြားကင်ဆာများ

ကင်ဆာရောဂါတွေ ကို ကြိုတင်သိရှိနိုင်စေဖို့

ကင်ဆာရောဂါလူနာတွေ အဖိတ်အစင်များတယ်ဆိုတာ တကယ်တော့ ရောဂါကို နောက်ကျမှ သိရလို့ပါ။ ကင်ဆာရောဂါတွေ ရဲ့ သဘာဝကလည်း ရောဂါနုချိန်ဆို လက္ခဏာပြခဲပါတယ်။ ရောဂါရင့်လာမှာ လက္ခဏာပြတဲ့အတွက် တကယ်တမ်း ကုသတဲ့အချိန်မှာ နောက်ကျနေပါပြီ။ ဒါကြောင့် ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်။ ရောဂါနုချိန်မှာတည်းက စစ်ဆေးသိရှိမယ်ဆိုရင် စောစောကုသနိုင်မှာပါ။ ကင်ဆာရောဂါတွေ ကို ကြိုသိနိုင်ပါ့မလား။ ကင်ဆာရောဂါတွေကို ကြိုသိနိုင်ဖို့ဆိုရင် ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။ ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်တစ်ခုကြာတိုင်းမှာ ပုံမှန်စစ်ဆေးနေရပါမယ်။ ဒီတော့မှ စောစောသိပြီး စောစောကုသလို့ ရမှာပါ။ ဒါကို Screening လုပ်တယ်လို့ ခေါ်ပါတယ်။ လက္ခဏာမပြခင် အကျိတ်သေးချိန်မှာ တွေ့ရှိခဲ့မယ်ဆိုရင် ကင်ဆာရောဂါကို ကုသရတာ ပိုလွယ်ပါတယ်။ ဘယ်ကိုမှလည်း ပြန့်ဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ Screeningဆိုတာ အရေးပါလာပါပြီ။ ကင်ဆာရောဂါတွေ ကို ဘယ်လိုစစ်ဆေးရမလဲ။ ပုံမှန်အားဖြင့် medical […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်