backup og meta

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

    အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေက ဘာတွေများ ဖြစ်မလဲ။ သင်ဟာ သင့်ရဲ့ကျန်းမာရေးထက် ကားတွေ၊ သင်ပိုင်ဆိုင်တဲ့ဖုန်းတွေ၊ ကွန်ပျူတာစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဂရုစိုက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပါသလား။ မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။

    • ကျန်းမာရေးကို အလေးမထားခြင်း၊
    • မိမိကိုယ်ကို ဂရုစိုက်ရန်မေ့လျော့နေတတ်ခြင်းနဲ့
    • ကျန်းမာရေးနှင့်မညီညွတ်တဲ့ အပြုအမူ၊ နေထိုင်မှုပုံစံတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုတွေ့ရတတ်တဲ့ အလေ့အထတွေပါ။ ဒီလိုအနေအထိုင်တွေကြောင့် ကျန်းမာရေးဟာ တစ်နေ့တခြား ဆုတ်ယုတ်လာတတ်ပါတယ်။

    အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

    အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေကတော့

    သွေးပေါင်ချိန်တာ၊ သွေးတိုးရောဂါတွေဟာ အသက်(၄၅)နှစ်ကျော်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတဲ့ ရောဂါပါ။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန် ပြုလုပ်ဖို့  စိတ်မပါကြတဲ့အခါ မိမိမှာ ရောဂါရှိလို့ ရှိနေမှန်းလည်း မသိကြပါဘူး။ ဒါကြောင့် ဆေးရုံဆေးခန်းကို သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။

    ဆရာဝန်တွေဟာ သင့်ရဲ့ ကိုလတ်စထရောပမာဏ၊ သွေးပေါင်ချိန်နဲ့ ဆေးလိပ်သောက်ခြင်း/ မသောက်ခြင်း အလေ့အထပေါ်မူတည်ပြီးတော့ နှလုံး သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်မှုနှုန်းကို တွက်ချက်ပေးနိုင်ပါတယ်။

    • အဆုတ်နဲ့ပတ်သက်တဲ့ရောဂါများ

    ဆေးလိပ်သောက်ခြင်း အလေ့အထဟာ အမျိုးသား တွေမှာ ပိုတွေ့ရပါတယ်။ အဆုတ်ကင်ဆာ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ COPD နဲ့ တီဘီရောဂါ တွေဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဒါဟာ ဆေးလိပ်သောက်လို့ ဖြစ်ရတာပါ။ တီဘီ ရောဂါ၊ ကိုရိုနာဗိုင်းရပ်စ်လို ကူးစက်ရောဂါတွေဟာလည်း ဆေးလိပ်သောက်သူတွေ ကူးစက်ခံရပါက ပိုအထိနာမှာပါ။

    ဒါ့အပြင် ကျောက်ဂွမ်းမှုန့်၊ Silica ဒါမှမဟုတ် မီးခိုးမီးလျှံတွေနဲ့ ထိတွေ့လုပ်ကိုင်နေရတဲ့ စက်ရုံ/အလုပ်ရုံ အလုပ်တွေဟာ အမျိူးသားတွေ လုပ်ကြရတဲ့ အလုပ်တွေဖြစ်ပါတယ်။ အမျိုးသမီးတွေက ဒီအလုပ်တွေကို သိပ်မလုပ်ကြပါဘူး။ ဒီအလုပ်တွေဟာ အဆုတ်ကင်ဆာ ဒါမှမဟုတ် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေပါပဲ။

    အရက်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် ဆေးရုံတက်ရခြင်းနဲ့ သေဆုံးရခြင်းတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အရက်စွဲလမ်းသောက်သုံးခြင်းမှာ အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် နှစ်ဆပိုများပါတယ်။

    အရက်သောက်ခြင်းကြောင့် စိတ်တိုစိတ်ဆတ်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက် သုံးမှုများခြင်းကြောင့် ခံတွင်းကင်ဆာ၊ လည်မျိုကင်ဆာ၊ အသည်းကင်ဆာ စတာတွေ ဖြစ်ပွားနိုင်ပြီး ဟော်မုန်း ထုတ်လုပ်မှုတွေကိုလည်း ထိခိုက်နိုင်ပါသေးတယ်။

    ဒါဟာ အရက်သောက်သုံးခြင်းရဲ့ အကျိုးဆက်ပါ။ မိမိကိုယ်ကို သတ်သေခြင်းကိစ္စကို ကြည့်ပါက အမျိုးသားတွေဟာ ပိုမိုသတ်သေလေ့ရှိကြောင်း သုတေသနပြုစုချက်တွေက ဖော်ပြထားပါတယ်။

    • မတော်တဆမှုများ အဖြစ်များခြင်း

    ရေနစ်ခြင်း၊ မတော်တဆမှုကြောင့် ဦးနှောက် ထိခိုက်ရခြင်း၊ ယာဉ်မတော်တဆမှုစတဲ့ မတော်တဆမှုတွေကြောင့် ထိခိုက်ရခြင်းတွေဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ မတော်တဆမှုတွေဟာ အမျိုးသားတွေ သေဆုံးရခြင်းရဲ့ ထိပ်တန်းအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အန္တရာယ်များတဲ့ အလုပ်တွေကို ဦးဆောင်လုပ်ကိုင်နေရသူတွေမို့ ထိုအလုပ်တွေကြောင့် ထိခိုက်နစ်နာမှုတွေ ပိုခံစားရသူတွေပါပဲ။

    အရက်သောက်ခြင်းနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းရောင်အသားဝါရောဂါ နဲ့ အသည်းကင်ဆာတွေ ဖြစ်ပွားနှုန်းများရပါတယ်။

  • ဆီးချိုရောဂါ

  • အမျိုးသားတွေမှာ ဆီးချိုရောဂါ ဖြစ်ပွားတဲ့အခါ ဆေးကုသမှုမခံယူဘဲ ပစ်စလက်ခတ် နေတတ်ကြပါတယ်။ အဲ့ဒီအခါ ဆီးချိုရောဂါကနေ

    • အာရုံကြောပျက်စီးခြင်း၊
    • ကျောက်ကပ်ပျက်စီးခြင်း၊
    • နှလုံးရောဂါနှင့်လေဖြတ်ခြင်း၊
    • အမြင်အာရုံဝေဝါးခြင်း နဲ့
    • ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းတွေ အလွယ်တကူ ဆက်လက်ခံစားရပါတော့တယ်။

    ဆီးချိုရောဂါနဲ့ အမျိုးသားတွေဟာ ကျားဟော်မုန်း ပမာဏတွေ ကျဆင်းလာပြီး လိင်မှုပိုင်းဆိုင်ရာမှာ အစွမ်းဆောင်နိုင်တော့ခြင်းနဲ့ မျိုးပွားမှု ပြဿနာတွေခံစားရတတ်ပါတယ်။ သင့်မိသားစုမျိုးရိုးမှာ ဆီးချိုရောဂါရှိပါက သင်လည်း စစ်ဆေးမှုပြုလုပ်ပေးသင့်ပါတယ်။

    • ရာသီတုပ်ကွေးရောဂါနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ

    အမျိုးသားတွေဟာ ဆေးလိပ်သောက်တဲ့အတွက် အဆုတ်ပြဿနာတွေကို ခံစားထားရသူများမို့ အဆုတ်ရောင် ရောဂါပိုးတွေ ပိုမိုကူးစက်လွယ်ပါတယ်။ ရာသီတုပ်ကွေးရောဂါနဲ့ နမိုးနီးယားရောဂါကို ကာကွယ်ချင်ရင်တော့ ကာကွယ်ဆေးထိုးထားပါ။

    • အရေပြားကင်ဆာ

    Melanoma ဆိုတဲ့ အရေပြားကင်ဆာဟာ အသက်(၅၀)ကျော် အမျိုးသား တွေမှာ အဖြစ်များပါတယ်။ ဒါဟာ အမျိုးသားတွေဟာ အမျိုးသမီးတွေလို နေလောင်ခရင်မ်တွေ၊ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုဖို့ စိတ်မဝင်စားလို့ပါ။ ဒါကြောင့် သင်ဟာ အမျိုးသာတစ်ဦး ဖြစ်သည့်တိုင် နေပူထဲသွားတဲ့အခါ နေလောင်ကာခရင်မ် (Sunscreen)တွေ လိမ်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အင်္ကျီလက်ရှည် ဝတ်ဆင်ခြင်းနဲ့ ဦးထုပ်ဆောင်းခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒါဟာ သင်ကြိုက်တဲ့ ဖက်ရှင်နဲ့ မကိုက်ညီသည့်တိုင် ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ အလေ့အထပါ။

    • HIV ​ရောဂါပိုးနဲ့ AIDS ​ရောဂါ

    အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ခုခံအားကျဆင်းမှု HIV ဗိုင်းရပ်စ်ပိုး ပိုမိုကူးစက်တာကို တွေ့ရပါတယ်။ ဒါဟာ အမျိုးသားတွေမှာ လိင်တူဆက်ဆံခြင်း ဦးရေများလာလို့ပါပဲ။ ရောဂါပိုးရှိသူ အမျိုးသားတစ်ဦးနဲ့ လိင်တူဆက်ဆံလိုက်တဲ့ အမျိုးသား တစ်ဦးဟာ HIV ​ရောဂါပိုးကူးစက်ပြီး AIDS​ ရောဂါကို ခံစားရမှာပါ။ HIV ​ရောဂါပိုးတင်မဟုတ်ပါဘူး လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ (STD) ​တွေလည်း ပိုခံစားတတ်ပါတယ်။

    အမျိုးသားတွေမှာ ပိုဖြစ်ပွားနိုင်တဲ့ ရောဂါအခြေအနေတွေကို သိရှိပြီးသွားပြီမို့ သင့်ရဲ့အသုံးအဆောင်တွေကိုသာ ဂရုစိုက်မနေဘဲ မိမိကိုယ်ကိုချစ်မြတ်နိုးတဲ့အနေနဲ့ မိမိရဲ့  ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ နေထိုင်စားသောက်မှုပုံစံကိုလည်း ကျန်းမာတဲ့ဘက်ကို ဦးတည်ပြောင်းလဲလိုက်ပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement