home

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လူတစ်ယောက်မှာ သူ့စိတ်ခံစားချက်က အမြဲတမ်း အပြောင်းအလဲဖြစ်နေပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်နေပြီဆိုရင်တော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင် စိတ်ကျရောဂါ၊ စိတ်အတက်အကျရောဂါလိုမျိုးပါ။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများအကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အရင်လိုမျိုး အချိန်တွေ ဘယ်တော့များမှ ပြန်ရပါ့မလဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြော စားသောက်ကြရတာတွေ၊ အလုပ်တွေလုပ်ရတာ၊ သင်တန်းတွေ ကျောင်းတွေတက်ရတာ၊ ခရီးတွေ သွားရတာလိုမျိုး ပေါ့ပါးလွတ်လပ်မှုတွေကို ဘယ်တော့မှများ ပြန်ရပါ့မလဲဆိုတဲ့ အတွေးတွေက အခုလို ကာလမှာ လူတိုင်း လိုလိုရဲ့ ခေါင်းထဲမှာ တွေးမိနေမယ့် အရာပါ။ ကပ်ဆိုးကြီးရဲ့ ဖိစီးမှုကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး စိတ်ညစ်နေရသူတွေ၊ ချစ်ခင်ရတဲ့ မိသားစုဝင်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရသူတွေက ကပ်ကြီးအချိန် ကြာလာတာနဲ့အမျှ ပိုများလာလေပါ။ ဒီလို ဆုံးရှုံးမှုတွေနဲ့အတူ စိတ်ထဲမှာ ခံစားလာရတဲ့ စိတ်ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ Apathyလို့ ခေါ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာ စိတ်ဝင်စားနိုင်စွမ်း၊ လုပ်ဆောင်လိုစိတ်တွေ ကင်းမဲ့လာတာပါ။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ရပ် Apathyအကြောင်းလေး ပြောပြပေးချင်ပါတယ်။ Apathy […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လူတစ်ဖက်သား အဆင်ပြေပျော်ရွှင်နေတာကို လူတိုင်း မုဒိတာထားနိုင်တယ်လို့ မထင်ပါနဲ့။ တကယ်တော့ လူတိုင်း ဒီလိုမတွေးနိုင်ကြပါဘူး။ ဒါကို စိတ်ပညာမှာတော့ fear of missing out ဒါမှမဟုတ် FOMO လို့ခေါ်ပါတယ်။ FOMO ဟာ ပုံမှန်စိတ်ခံစားချက်မျိုးလို့ ထင်မှတ်စရာရှိပေမယ့် တကယ်တမ်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ တပါးသူတွေဟာ ကိုယ့်ထက်ပိုသာနေတယ်၊ ကိုယ့်ထက်ပိုတော်နေတယ်၊ ကိုယ့်ထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်နေတယ်ဆိုတဲ့ အတွေးကြီး အမြဲမပြတ်ဝင်နေတာမျိုးပေါ့။ မြန်မာလူမျိုးတွေပြောနေကြ စကားနဲ့ အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် တဖက်သားအဆင်ပြေနေတာကို မုဒိတာမပွားနိုင်ဘူးဆိုရမှာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် ဒီဝေဒနာက ဘာမှမဟုတ်ဘူးလို့ ယူဆချင်စရာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ သင့်ဘဝတစ်ဘဝလုံးမှာ ပျော်ရွှင်မှုတွေကို တိတ်ဆိတ်ခြောက်ကပ်သွားအောင် ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ FOMO နဲ့ ပတ်သက်ပြီး တစ်ခုသိထားရမှာက တစ်ဖက်သားရဲ့ အဆင်ပြေနေမှုတွေကြောင့် မပျော်မရွှင်ဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်လို့ ပြစ်တင်ဝေဖန်ရင်း စိတ်ဓာတ်ကျ၊ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ

နိုင်ငံတကာ လုပ်ငန်းခွင်တွေမှာတော့ Zoom Fatigue ဆိုတဲ့ အသုံးအနှုန်းတစ်ခု ခေတ်စားလာနေပါတယ်။ ကိုဗစ်ကာလ Work from Home ကြောင့် လုပ်ငန်းခွင် အစည်းအဝေးတွေကို အွန်လိုင်းကနေတဆင့် Video Call တွေနဲ့ ပြုလုပ်ရတာတွေ ခေတ်စားလာနေတယ်မဟုတ်လား။ ဒီလိုပြုလုပ်ကြရာမှာ Application အမျိုးမျိုးကို အသုံးချကြပေမယ့် လူသုံးအများဆုံးကတော့ Zoom နဲ့ Meet တို့ပါပဲ။ ဒါကြောင့်လည်း Video Call တွေကြောင့် ပင်ပန်းနွမ်းလျပြီး စိတ်ဖိစီးလာနေတာကို လူသုံးများတဲ့ Zoom ကို အစွဲပြုပြီး Zoom-Fatigue လို့ သုံးနှုန်းခေါ်ဝေါ်လာကြတာပါ။ စိတ်ကျန်းမာရေးပညာရပ်မှာတော့ Zoom Fatigue ဟာ ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးလို့ ဆိုထားပါတယ်။ လူမှုဆက်ဆံရေးဟာ စိတ်နဲ့ စိတ်ခံစားချက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ပူပင်သောကများတာ မကောင်းဘူးဆိုပေမယ့် သောကဆိုတာမျိုးက လူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိနေနိုင်တာပါပဲ။ Anxiety လို့ ခေါ်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို မရောက်သည့်တိုင် လူတိုင်း သောကဖြစ်စရာ အတွေးတွေကို နေ့တိုင်းတွေးနေကြရတာမဟုတ်လား။ ဒီလိုသောကတွေများလာလေလေ လူတစ်ဦးတစ်ယောက်ရဲ့ တွေးခေါ်ပုံ ပြုမူလှုပ်ရှားပုံတွေဟာ ပြောင်းလဲလာလေလေဖြစ်ပြီးတော့ သာမန်အားဖြင့် ဘာမှမဟုတ်ဘူးလို့ ထင်ထားရတဲ့ အသေးအမွှားကိစ္စလေးတွေအပေါ်မှာတောင် သက်ရောက်လာနိုင်ပါတယ်။ လူတစ်ယောက် အရမ်းစိုးရိမ်ပူပန်နေရင်၊ ပူပင်သောကများနေရင် မယုံကြည်နိုင်စရာ အခြေအနေမျိုးတွေ ဖြစ်တာတတ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လုပ်ဆောင်နေကျ အရာတွေမှာတောင် တွေဝေလာတာ၊ လွဲချော်လာတာ၊ တွန့်ဆုတ်လာတာတွေ ပိုပြီး ကြုံလာရတတ်ပါတယ်။ ဒါကြောင့်လည်း ဘယ်လိုသာမန်ကိစ္စတွေကို ပူပင်သောကများလွန်းသူတွေ လုပ်ဆောင်ရ ခက်ခဲနေတတ်သလဲဆိုတာကို ပြောပြပါရစေ။ အချိန်တိကျဖို့ ခက်တာ - ချိန်းဆိုထားမှုတွေမှာ နောက်ကျတာ ဒါမှမဟုတ် စောလွန်းနေတာမျိုး အမြဲဖြစ်ပါလိမ့်မယ်။ တဖက်သားကို ဂရုစိုက်ပေးဖို့ […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

နေ့စဉ်လူနေမှုဘဝမှာ စိတ်ကျန်းမာပျော်ရွှင်နေဖို့က အရေးကြီးလှပါတယ်။ စိတ်ချမ်းသာမှု ဒါမှမဟုတ် စိတ်ကျန်းမာမှုမရှိဘူးဆိုရင် ဘဝက နေပျော်စရာဖြစ်လာမှာမဟုတ်တော့ပါဘူး။ ဒီလိုစိတ်မချမ်းမြေ့မှု၊ စိတ်မကျန်းမာမှုတွေဟာ ရာသီဥတုသက်ရောက်မှုကြောင့်လည်း ပိုဆိုးရွားနိုင်တယ်ဆိုရင် သင် အံ့သြနေမလား။ လူမှုရေး၊ စီးပွားရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင် COVID-19 လို ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကလည်း ဆီးကြိုနေတာမို့ ဒီခေတ်ဒီကာလမှာ လူဖြစ်ရတာခက်ခဲလိုက်တာလို့ လူအများစုက တွေးမိနေကြမယ်ထင်ပါရဲ့။ ဒီလိုရှုပ်ထွေးများမြောင်လှတဲ့ လူဘဝထဲမှာ ရာသီဥတုတွေကလည်း သက်ရောက်မှုတွေ ပေးပါတယ်။ အေးရင်လည်း အေးလို့၊ ပူရင်လည်း ပူလို့၊ စိုစွတ်နေပြန်ရင်လည်း ပြဿနာတစ်မျိုးပေါ့။ ဒီလိုရာသီအကူးအပြောင်းတွေဟာ စိတ်ကျန်းမာရေးပြဿနာရှိသူတွေအတွက်တော့ သာမန်ထက်ပိုမိုပြီး မလွယ်ကူလှတဲ့အခြေအနေမျိုးပါ။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဖြစ်တတ်တဲ့ စိတ်ကျန်းမာရေးပြဿနာကို Seasonal affective disorder (SAD) လို့ခေါ်ပါတယ်။ ရာသီအကူးအပြောင်းတွေမှာ အဖြစ်တတ်ဆုံး ပြဿနာပေါ့။ နောက်ပြီး ဒီရောဂါဟာ မြန်မာပြည်မှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်မျိုးလည်းဖြစ်တာမို့ သတိထားရမယ့် […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့်  မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ သွေးတွင်းအောက်ဆီဂျင်က ထိုးကျသွားတယ်ဆိုတဲ့ စကား အခုတလော တော်တော်လေး ကြားရတယ်နော်။ သွေးတွင်းအောက်ဆီဂျင် ကျတာက အ​ကြောင်းမဲ့ ရုတ်တရက် ဖြစ်တာမျိုး မဟုတ်ပါဘူး။ သွေးတွင်းအောက်ဆီဂျင် ကျနေပြီဆိုတာကို သိသာတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။ သွေးတွင်းအောက်ဆီဂျင် ဘာကြောင့် ကျရတာလဲ......... သွေးတွင်း အောက်ဆီဂျင် ကျတယ်ဆိုတာက သွေးထဲမှာ ရှိသင့်တဲ့ အောက်ဆီဂျင် ပမာဏရဲ့ အောက်ကို ရောက်နေတာပါ။ သွေးတွင်း အောက်ဆီဂျင် ပမာဏ ကျဆင်းရတာက အခုလောလောဆယ်မှာ ကိုဗစ်ကြောင့် အဖြစ်များပေမယ့် ဒီအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ် လေထဲမှာ အောက်ဆီဂျင် လုံလောက်မှု မရှိတာ အဆုတ်က လေတွေကို ရှူသွင်းတာ၊ ဆဲလ်နဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင် ပေးပို့တာကို မလုပ်ဆောင်နိုင်တာ သွေးကြောတွေက […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကိုဗစ် ပိုးတွေ့တဲ့ လူနာ များလာတာမှ အနီးဆုံး ကိုယ့်အိမ်ဘေးနားအထိတောင် ရောက်လာလို့ သောကများနေပြီလား။ ကာကွယ်ဆေးလည်း မပေါ်သေးတဲ့ ကိုဗစ်ကို အကောင်းဆုံး ကကွယ်ပေးနိုင်မှာတော့ မွေးရာပါ ဆုလာဘ်တစ်ခု ဖြစ်တဲ့ ကိုယ်ခံအားပေါ့။ ကိုယ်ခံအား ကောင်းဖို့က ထိုင်ပြောနေရုံနဲ့ မရနိုင်ပါဘူး။ ကိုယ်တိုင်က သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ ကိုဗစ် ကာလမှာ ကိုယ်ခံအား ပြည့်ဝစေဖို့ မဖြစ်မနေ မှီဝဲသင့်တဲ့ အာဟာရ ကိုဗစ်ကာလမှာ ကိုယ်ခံအား ပြည့်ဝနေစေဖို့ဆိုရင် ဒီအာဟာရဓာတ်လေးတွေကို ပြည့်ဝအောင် မှီဝဲဖို့ လိုပါမယ်။ ဗီတာမင် A (ဘီတာကယ်လ်ရိုတင်း) ဗီတာမင် A က အူလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်း စနစ်ကို ကျန်းမာစေနိုင်ပါတယ်။ […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်မှုနဲ့အတူ မဖြစ်မနေ ဂရုစိုက်ကာကွယ်ရမယ့် အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ ကိုဗစ်ဗိုင်းရပ်စ် အဓိက ဝင်ရောက် ဖျက်ဆီးပစ်နိုင်တဲ့ အဆုတ်ပါ။ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာဖို့က ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ အရေးပါသလို အခုလို ကိုဗစ်ကာလမှာလည်း ကျန်းမာနေစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ အဆုတ်လေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံလေးကို ပြောပြပေးပါရစေ။ COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘာတွေကို လိုက်နာရမလဲ။ ကိုဗစ်ကာလမှာ အဆုတ်လေး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံကို အခုလိုလေး ပြောင်းလဲဖို့ လိုပါမယ်။ အိမ်တွင်း လေထု သန့်စင်ပါစေ အခုလိုကာလက နေအိမ်မှာ နေထိုင်ရတဲ့အချိန် ပိုများပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် နေအိမ်တွင်း လေထု သန့်စင်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ ဒါကြောင့် နေအိမ်ကို နေ့စဉ် […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါကို အသံတိတ်လူသတ်သမားလို့တောင် တင်စားကြတာ ကြားဖူးကြပါလိမ့်မယ်။ ဒါဆိုရင်တော့ စိတ်ရောဂါဟာ မိမိအသက်ရောဂါကိုတောင် ခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြပါလိမ့်မယ်။ အမှန်တကယ်ကိုပဲ ကောင်းစွာမကုသ မထိန်းချူပ်နိုင်တဲ့ စိတ်ကျရောဂါရှိသူတွေအနေနဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) စိတ်ကျခြင်းနဲ့ နှလုံးရောဂါ လေ့လာချက်များစွာအရ စိတ်ကျခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းကို ဦးတည်ခြင်း၊ ရှိပြီးသားနှလုံးရောဂါကို ပိုဆိုးလာစေခြင်းနဲ့ နှလုံးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိူးတွေကနေ ပြန်လည်သက်သာစေဖို့ ခက်ခဲခြင်းတို့နဲ့ ဆက်စပ်လျက်ရှိနေပါတယ်။ စိတ်ကျရောဂါရှိသူတွေအနေနဲ့ နှလုံးထိခိုက်မှုဖြစ်ပေါ်ပြီးနောက် ပထမ(၆)လမှာ သေဆုံးနိုင်ချေကို ၂၀ရာနှုန်းနီးပါးမြင့်တက်စေနိုင်ပါတယ်။ စိတ်ကျရောဂါရှိခြင်းအပြင် ကျန်းမာရေးနှင့်ညီညွတ်အောင် မစားသောက်ခြင်း၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတို့ရှိနေပါက နှလုံးရောဂါဖြစ်ဖို့အလားအလာပိုများစေပါလိမ့်မယ်။ (၂) စိတ်ကျခြင်းနဲ့ ဆီးချိုရောဂါ စိတ်ကျခြင်းကြောင့် Type 2 Diabetesဖြစ်နှုန်းကို တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူ၊ ဝဖြိုးသူတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် မစားသောက်သူတွေမှာပေါ့။ စစ်တမ်းများအရ ဆီးချိုရောဂါရှိသူတွေရဲ့ ၂၀ရာနှုန်းလောက်ဟာ […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လူမှုပေါင်းသင်းဆက်ဆံရေးကိစ္စတွေကို ရှောင်ရှားလိုတဲ့၊ လူမှုရေးကိစ္စတွေကို စိုးရိမ်ပူပန်မှုများတဲ့ အခြေအနေကို Social Anxiety Disorder လို့ ခေါ်ဝေါ်ပါတယ်။ မိမိ မနှစ်ခြိုက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ရှားလိုတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို ကြောက်ရွံ့စိုးရိမ်စိတ်များနေတာ၊ သူစိမ်းတရံစာများနဲ့ မတွေ့ဆုံလိုတာ၊ မိတ်ဆုံစားပွဲ တွေ့ဆုံပွဲတွေကို ရှောင်ကြဉ်တာ စတာတွေကတော့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ မိမိကို အများက ဝေဖန်မှာ၊ ကဲ့ရဲ့မှာ စတာတွေကို စိုးရိမ်စိတ်များနေတာကြောင့် ဖြစ်ပါတယ်။ တခါတရံမှာ ဒီပြဿနာကို ခံစားနေရသူများကိုယ်တိုင်က သူတို့အနေနဲ့ ဖြစ်သင့်တာထက် လွန်ကဲနေတာကို သိမြင်ကြပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မထိန်းနိုင်ကြပါဘူး။ လူမှုဆက်ဆံရေးကို ကြောက်ရွံ့ရှောင်ရှားတာဟာ သာမန်ရှက်ကြောက်တတ်တဲ့ အခြေအနေနဲ့ မတူပါဘူး။ ရှက်ကြောက်ခြင်းဟာ တခဏတာပဲဖြစ်ပြီး နေ့စဉ်ဘဝကို အနှောက်အယှက်မပေးနိုင်ပါဘူး။ လူမှုဆက်ဆံရေးကို ရှောင်ရှားခြင်းကတော့ အစွဲအလန်းတခုလို […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လိင်ဆက်ဆံတယ်ဆိုတာ စိတ်ကျေနပ်နှစ်သက်မှုအတွက်လို့ ယျေဘုယျအားဖြင့် မှတ်ယူလို့ရပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးမြောက်သွားချိန်တွေမှာ ရုတ်တရက်ငိုကြွေးကြတာမျိုးတွေက ဖြစ်တတ်တဲ့ ပြဿနာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ပုံမှန်အားဖြင့် လိင်ဆက်ဆံပြီးချိန်တွေမှာ လူတိုင်းဟာ စိတ်ကျေနပ်မှု၊ နှစ်ခြိုက်ဖွယ်ရာလိင်အတွေ့အကြုံ၊ ပျော်ရွှင်မှုနဲ့ အပန်းပြေမှုတွေကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ဒီလိုမခံစားရတတ်ပါဘူး။ ဝမ်းနည်းတာ၊ စိတ်ပင်ပန်းတာ၊ ဖြေမဆည်နိုင်အောင် မျက်ရည်ကျတာနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာတွေကို တွေ့ကြုံ ခံစားကြရတာပါပဲ။ လိင်ဆက်ဆံပြီးချိန် ဒီလိုစိတ်ခံစားချက်တွေ ခံစားရပြီး ငိုကြွေးမိတာကို Post-coital Tristesse (PCT) လို့ခေါ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးပါ။ ဒီပြဿနာမျိုးက အလိုမတူပဲ လိင်ဆက်ဆံခံရလို့ ငိုကြွေးတာနဲ့ မတူပါဘူး။ PCT က စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို ဆက်ပြီး လေ့လာကြည့်ရအောင်။ PCT ဝေဒနာကို ခံစားရစေတဲ့ နောက်ကွယ်က အကြောင်းတရား ၆ […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy