backup og meta

ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့

    ဆံသားက ဒုတိယမျက်နှာ ဆိုတဲ့ စကားက အမျိုးသမီးတွေ အတွက်ပဲ မှန်တယ်လို့ ယူဆနေတုန်းလား။ ဒီစကားရပ်က အမျိုးသားတွေအတွက်လည်း မှန်ကန်ပါတယ်။ ဒီလိုပါပဲ ဆံသားတွေ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ ပတ်သက်တဲ့ Myths တွေက အမျိုးသမီးတွေမှာတင် ရှိနေတာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရှိနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ကိုကိုတွေကြားမှာ ဆံသားတွေ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ နဲ့ပတ်သက်လို့ မှားသိထားနိုင်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

    ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့

    ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    # ဗောက်ထတာက ဆံပင်မှာပဲ ဖြစ်တယ်။

    ဗောက်ထတာက ဦးရေပြားမှာတင် ဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဗောက်ထတာက မုတ်ဆိတ်မွေးတွေ ရှိနေတဲ့ နေရာမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆံသားကို လျှော်သလို မုတ်ဆိတ်ကိုလည်း သန့်ရှင်းရေးလုပ်ဖို့ လိုပါမယ်။ အစိုဓာတ် ထိန်းတာမျိုး လုပ်ပေးဖို့လည်း လိုပါမယ်။

    # မုတ်ဆိတ်တွေက ဘာမှ အကျိုးမပြုဘူး။

    မုတ်ဆိတ်တွေက ဘက်တီးရီးယားတွေ အများဆုံး ခိုအောင်းနေနိုင်တာကြောင့် ကျန်းမာရေးအတွက် ဘာမှ အကျိုးမရှိဘူးဆိုတာက မှန်ကန်မှုတော့ မရှိပါဘူး။ မုတ်ဆိတ်တွေကို မျက်နှာသစ်ဆေး နဲ့ သေချာ လျှော်ပေးမယ်ဆို ဒီပြဿနာကို ရှောင်ရှားနိုင်မှာပါ။ မုတ်ဆိတ်တွေက မျက်နှာကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးသလို ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာ ဖြစ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    # အမွေးတွေကို ညှပ်တာက အရှည်မြန်စေတယ်။

    ဆံပင်ကို ခဏခဏ တိပေးတာ မုတ်ဆိတ်မွေးတွေ နှုတ်ခမ်းမွေးတွေကို ခဏခဏ တိပေးတာ ရိတ်ပေးတာက ပိုသန်စေနိုင်တယ်။ အရှည်မြန်စေနိုင်တယ် ဆိုတာက တကယ်တော့ မမှန်ပါဘူး။ တကယ်တော့ ဆံပင်အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေရဲ့ ရှင်သန်မှုက မျိုးဗီဇ၊ နေထိုင်မှုပုံစံ စတာတွေနဲ့လည်း သက်ဆိုင်မှု ရှိနေပါတယ်။

    # ခေါင်းကို နေ့တိုင်းလျှော်ဖို့ လိုပါမယ်။

    ခေါင်းကို နေ့တိုင်း လျှော်ဖို့ မလိုပါဘူး။ တစ်ပတ်ကို ၂ ကြိမ်လောက် လျှော်ပေးရင်ကို လုံလောက်ပါပြီ။ ခဏခဏ လျှော်တာက ဆံသားတွေရဲ့ အဆီတွေကို ခမ်းစေပြီး မွေးညှင်းအိတ်တွေကို ထိခိုက်စေနိုင်ပါတယ်။

    # နေလောင်ရင် ဆံပင်တွေ ကျွတ်တယ်။

    နေလောင်တာက ဆံပင် တွေနဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ တိုက်ရိုက်ကျွတ်စေတာမျိုး မဖြစ်စေပါဘူး။ သို့သော် နေလောင်တာကြောင့် ဆံသားတွေ ခြောက်သွေ့ပြီး ပျက်စီးတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒီလိုပျက်စီးရင်တော့ ဆံပင်ကျွတ်စေနိုင်ပါတယ်။

    # ဦးထုပ်ဆောင်းတာက ထိပ်ပြောင်စေတယ်

    ဦးထုပ်ဆောင်းတာကြောင့်နဲ့တော့ ဆံပင် မကျွတ်ပါဘူး။ နေ့တိုင်း တစ်ချိန်လုံး ဝတ်ထားမယ်ဆိုရင် ဆံပင်မွေးညှင်းပေါက်လေးတွေကို ထိခိုက်စေနိုင်ပြီး ဆံသားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ထိပ်ပြောင်တာလောက်အထိတော့ မဖြစ်စေနိုင်ပါဘူး။

    ဦးထုပ်က ညစ်ပတ်နေမယ်ဆိုရင်တော့ ဆံပင်မွေးညှင်းပေါက်လေးတွေထဲကို ပိုးဝင်ကူးစက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဦးထုပ်ကို ပုံမှန် လျှော်ပေးပါ။

    # Testosterone များလို့ ဆံပင်ကျွတ်တာ

    မဟုတ်ပါဘူး။ အမျိုးသားတွေမှာ testosterone ပမာဏ များလို့ မဟုတ်ဘဲ နည်းလို့ ဆံပင် နဲ့ မုတ်ဆိတ်တွေ ကျွတ်ရတာပါ။ အမျိုးသားတွေမှာ testosterone ပမာဏ ဟန်ချက်ညီနေမှ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

    ကဲ ….. ကိုယ်တိုင်ရော ဘာတွေ မှားသိထားသေးလဲ ဘရိုတို့ရေ ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement