-အသက် ၅၀ ကနေ ၈၀ ကြား
-တစ်ရက်ကို ဆေးလိပ် ၁ဘူးနဲ့ နှစ် ၂၀ ကြာတဲ့အခါ
-လက်ရှိမှာ ဆေးလိပ်သောက်နေတာ ဒါမှမဟုတ် ဆေးလိပ်ဖြတ်ထားတာ ၁၅ နှစ်ပဲ ရှိသေးတယ်ဆိုရင်ပါ။
အသက် ၅၀ အထက် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာ တစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက အမျိုးသားတွေကို အသက်ဆုံးရှုံးစေတဲ့ ဒုတိယမြောက် ကင်ဆာ တစ်မျိုးပါ။ အမျိုးသား ၈ ဦးမှာ ၁ ဦးလာက် ခံစားရလေ့ရှိတဲ့ ကင်ဆာ တစ်မျိုးပါ။ စောစောသိရှိပြီး စောစောကုသနိုင်လေလေ ရှင်သန်နိုင်ခြေ များလေလေပါ။
ဆီးကျိတ်ကင်ဆာ လက္ခဏာတွေကို မတွေ့ခင်မှာတင် ဆီးကျိတ်ကင်ဆာကို စစ်ဆေး သိရှိတာများပါတယ်။ အဆုတ်ကင်ဆာထက် ဆီးကျိတ်ကင်ဆာက ရှင်သန်နိုင်ခြေ တော်တော်လေး များပါတယ်။
မျိုးရိုးရှိတယ်ဆိုရင်တော့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။
အူမကြီးကင်ဆာက တတိယ အဖြစ်များဆုံး ကင်ဆာပါ။ အူမကြီး မှန်ပြောင်း ကြည့်တာကနေတဆင့် သိရှိနိုင်ပါတယ်။ အူမကြီးကင်ဆာက အသက်ကြီးမှ ဖြစ်တာ မဟုတ်ပါဘူး။ လူလတ်ပိုင်းတွေမှာလည်း အဖြစ်များလာပါတယ်။ မျိုးရိုးရှိသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ပန်ခရိယ ကင်ဆာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက ၄ ခုမြောက် ကင်ဆာပါ။ ဆီးကျိတ် ကင်ဆာနဲ့ အူမကြီးကင်ဆာလောက်တော့ အဖြစ်မများဘူးပေါ့။ ဒါပေမယ့် ဖြစ်နိုင်ခြေက အခြားကင်ဆာတွေထက် ပိုများပါတယ်။
စောစောသိလေလေ ရောဂါကုသမှု ရလဒ် ကောင်းလေလေပါ။ အခုချိန်အထိတော့ စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းတွေ မရှိသေးပါဘူး။ မျိုးဗီဇကြောင့် ဖြစ်တာများပါတယ်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကာကွယ်ပေးလို့ ရပါတယ်။
-
အသည်းနဲ့ သည်းခြေပြွန် ကင်ဆာ
အသည်း ကင်ဆာ နဲ့ သည်းခြေပြွန် ကင်ဆာက အဖြစ်များပါတယ်။ ဒီနေရာမှာ အသည်းကိုယ်တိုင်က စဖြစ်တဲ့ ကင်ဆာကို ဆိုလိုတာပါ။ တခြားကင်ဆာတစ်ခုခုက အသည်းဆီပြန့်လာတာကို ပြောတာ မဟုတ်ပါဘူး။
အတွေ့ရများတဲ့ လက္ခဏာတွေအနေနဲ့ကတော့ အသားဝါတာ၊ အစားစားချင်စိတ် မရှိတာ၊ ဗိုက်အောင့်တာတွေ ခံစားရနိုင်ပါတယ်။ အသည်းကင်ဆာ စစ်ဆေးမှုကို အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံထားရသူတွေ၊ အသည်းရွတ်နာ ခံစားနေရသူတွေ အဓိက လုပ်ဆောင်သင့်ပါတယ်။
သွေးကင်ဆာဆိုတဲ့နေရာမှာ သွေးနဲ့ပတ်သက်တဲ့ ကင်ဆာအားလုံးကို ဆိုလိုတာပါ။ သွေးကင်ဆာ အမျိုးအစားထဲမှာ
- Acute myeloid leukemia (AML)
- Chronic myeloid leukemia (CML)
- Acute lymphocytic leukemia (ALL)
- Chronic lymphocytic leukemia (CLL) ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
အမျိုးအစားကို လိုက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွာခြားပါတယ်။ သွေးကင်ဆာရဲ့ လက္ခဏာတွေက အခြားရောဂါ လက္ခဏာတွေနဲ့ ရောထွေးနေတတ်ပါတယ်။
အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပေါ့။ အစာရေမျိုကင်ဆာမှာ အခြေခံအားဖြင့် ၂ မျိုးရှိပါတယ်။
- Adenocarcinoma
- Squamous cell carcinoma ဆိုပြီးတော့ပါ။
ကင်ဆာစဖြစ်တဲ့ ဆဲလ်အမျိုးအစားကို လိုက်ပြီး ကွာခြားတာပါ။ ဖြစ်နိုင်ခြေကလည်း အမျိုးအစားကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။
လက္ခဏာတွေအနေနဲ့ အသံဝင်တာ၊ ချောင်းဆိုးတာ၊ အစာမျိုချရခက်တာ၊ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့နေသလို ခံစားရနိုင်ပါတယ်။ စောစော သိရှိ ကုသနိုင်မယ်ဆိုရင် ရလဒ်ကောင်းနိုင်ပါတယ်။
အမျိုးသားတော်တော်များများမှာ ဖြစ်တဲ ကင်ဆာ တစ်မျိုးပါ။ ဆီးအိမ်ကင်ဆာ ခံစားနေရတဲ့ အမျိုးသား ထက်ဝက်လောက်က အစောပိုင်းမှာတင် ရောဂါကို သိရှိကြတာ များပါတယ်။ အခုချိန်ထိတော့ screening tool မရှိသေးပါဘူး။ ဆေးလိပ်သောက်တာကြောင့် ဆီးအိမ် ကင်ဆာ ဖြစ်နိုင်ခြေ များရတာပါ။
အခုနောက်ပိုင်းမှာ ကင်ဆာကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ၊ ကုထုံးတွေ တိုးတက်လာတာကြောင့် ကင်ဆာရှိပေမယ့်လည်း စောစောသိရှိမယ်။ သေချာလေး ကုသမှု ခံယူမယ်ဆိုရင် ကျန်းမာတဲ့ လူတစ်ယောက်လိုပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။