ဆံပင်က ဒုတိယမျက်နှာဆိုတဲ့ စကားက အမျိုးသမီးတွေတင်မဟုတ်ဘဲ အမျိုးသားတွေမှာလည်း မှန်ပါတယ်။ အမျိုးသမီးတွေက ဆံပင်ကို အချိန်ပေး ဂရုစိုက်တတ်ကြပေမယ့် အမျိုးသားတွေကတော့ ခေါင်းလျှော်တယ်၊ ဆံပင်ရှည်လာရင် ညှပ်တယ်ဆိုတာလောက်ပဲ လုပ်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း ဆံသားကို တသသ လုပ်မနေရင်တောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။