backup og meta

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။

ကဲ …. ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။

# ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ လုပ်ဆောင်ထားတာပါ

Keratin ဆိုတာက အရေပြား၊ ခြေသည်းလက်သည်းတွေရဲ့ အပေါ်ဆုံးအလွှာတွေမှာ တွေ့ရတဲ့ ပရိုတင်း တစ်မျိုးပါ။ တိရစ္ဆာန်လေးတွေရဲ့ ခြေသည်း၊ လက်သည်း၊ အမွေးအတောင်တွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဆံပင်တွေကို အဓိက ဖွဲ့စည်းထားတဲ့ အရာကတော့ Keratin ပါ။

# ဆံပင်တွေ အမွေးအမျှင်တွေက ရာသီဥတုပူချိန်မှာ အရှည်မြန်လာတယ်

အပူချိန်က ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ပူနွေးတဲ့ ရာသီဥတုက  ဆံသားကြီးထွားဖို့ နဲ့ အမွေးအမျှင်တွေ သန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ မျိုးဗီဇ နဲ့ စားသောက်မှုပုံစံတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။

# ရေစိုနေချိန်မှာ ဆံသားတွေ အမွေးအမျှင်တွေက ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုရှည်တယ်

ရေစိုနေချိန်မှာ ဆံသားတွေ အမွေးအမျှင်တွေက ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုရှည်ပါတယ်။ အနီးစပ်ဆုံး ပြောပြရရင် ခေါင်းလျှော်ပြီးစမှာ ဆံပင်တွေက ပိုရှည်နေတာကို သတိထားမိမှာပေါ့။

# ဆံပင်တွေ၊ အမွေးအမျှင်တွေက ဆဲလ်သေတွေပါ

ဆံပင်တွေ၊ အမွေးအမျှင်တွေက ဆဲလ်သေတွေပါ။ မွေးညှင်းအိတ်တွေထဲက အမြစ်လေးတွေကပဲ ရှင်သန်နေသေးတဲ့ ဆဲလ်လေးတွေပါ။

# ဆံပင်တွေ အမွေးအမျှင်တွေကို အတွေ့ရအများဆုံးက အနက်ရောင်ပါ

ဆံပင် နဲ့ ခန္ဓာကိုယ် အမွေးအမျှင်တွေ အနီရောင် ရှိသူက ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။ အညိုရောင်ကတော့ ၂ ရာခိုင်နှုန်းပါ။ ပိတုန်းရောင် ကတော့ အများဆုံး တွေ့ရတဲ့ အရောင်ပါ။

# ဆံပင်မှာ ကိုယ်ရေး ရာဇဝင်များစွာ ပါဝင်နေတယ်

ဒါက နည်းနည်းတော့ ထိတ်လန့်စရာ ကောင်းပါတယ်။ အထူးသဖြင့် ဆံပင်တွေမှာ ပြီးခဲ့တဲ့ ကာလတွေအတွင်း သွေးကြောတွေထဲမှာ ဘာတွေ ရှိနေခဲ့လဲဆိုတာကို ဖော်ပြနေသလို ဘယ်လို ပတ်ဝန်းကျင်မှာနေထိုင်တာတွေ၊ ဘာတွေ စားသောက်တယ် ဆိုတာကိုပါ ဖော်ပြနိုင်ပါတယ်။

# ဆံသား တစ်ရှူးတွေက ခန္ဓာကိုယ်မှာ ဒုတိယမြောက် အထွားအမြန်ဆုံး တစ်ရှူးတွေပါ

ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အမြန်ဆုံး တစ်ရှူးတွေက ရိုးတွင်းခြင်ဆီ တစ်ရှူးတွေပါ။

# ဆံပင် နဲ့ အမွေးအမျှင်တွေကို ညှပ်တာ၊ ရိတ်တာတွေကြောင့် ပိုရှည်မလာပါဘူး

တော်တော်များများ ကြားနေကျ စကားတစ်ခုက ဆံပင်မသန်ရင် ရိတ်ပေးရတယ်။ အမွေးတွေ ရိတ်ရင် ပိုထွက်လာလိမ့်မယ် ဆိုတာပါ။ တကယ်ကတော့ ဒီအယူအဆက မဟုတ်ပါဘူး။ ဆံပင် အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေက ရိတ်ရင်ဖြစ်ဖြစ် ညှပ်ရင်ဖြစ်ဖြစ် ပိုရှည်မလာပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 HAIR CARE HABITS THAT CAN DAMAGE YOUR HAIR https://www.aad.org/public/everyday-care/hair-scalp-care/hair/habits-that-damage-hair Accessed Date 31 October 2022

20 Things You Didn’t Know About… Hair https://www.discovermagazine.com/the-sciences/20-things-you-didnt-know-about-hair Accessed Date 31 October 2022

10 Interesting Facts About Hair https://manentail.com/10-interesting-facts-about-hair/ Accessed Date 31 October 2022

Six surprising things you didn’t know about your hair https://www.breakingnews.ie/lifestyle/six-surprising-things-you-didnt-know-about-your-hair-1015481.html Accessed Date 31 October 2022

10 Fun Facts You May Not Know About Hair https://www.luxyhair.com/blogs/hair-blog/10-fun-facts-you-may-not-know-about-hair Accessed Date 31 October 2022

ယခုပုံစံ

18/08/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မုတ်ဆိတ် နဲ့ အမျိုးသား ကျန်းမာရေး

ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 18/08/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement