အမျိုးသားတွေဟာ စိတ်ရောဂါ နဲ့ပတ်သက်ပြီး ကုသမှုမခံယူချင်ရုံသာမက ကိုယ့်မှာ ဒီလိုပြဿနာတွေရှိတယ်ဆိုတာလည်း ဘယ်သူ့ကိုမှ မသိစေချင်တတ်ပါဘူး။ သူတို့စိတ်ထဲမှာ စိတ်ရောဂါဆိုတာ ပျော့ညံ့ခြင်း၊ သိမ်ငယ်စရာကောင်းခြင်း၊ အောက်ကျခြင်း၊ ယောက်ျားမဆန်ခြင်းဆိုပြီး သတ်မှတ်ထားတတ်ကြပါတယ်။ အဲ့တော့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် ရောဂါဖြစ်နိုင်ခြေ ပိုနည်းပေမယ့် တကယ်တမ်း ရောဂါဖြစ်လာတဲ့အခါ ကုသမှုမခံယူဘဲ အခြေအနေပိုဆိုးလာတတ်ကြတာပါ။
တကယ်တော့ စိတ်ရောဂါ ဆိုတာ လူတိုင်းမှာရှိပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့မှု၊ အထီးကျန်ခြင်း၊ ပူလောင်ခြင်း၊ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း၊ ဒါတွေက မိန်းကလေးတွေမှာမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ သဘောပေါက်ထားတယ်ဆိုရင်တော့ စိတ်ရောဂါ ကုထုံးပညာရှင် (Therapist) တွေနဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
ဘယ်အရာမဆို တစ်ယောက်တည်း ကြိတ်မှိတ်ပြီး မခံစားပါနဲ့။ မိသားစုနဲ့ မျှဝေပါ။ ကိုယ့်ရဲ့ နာကျင်မှုကို ရင်ဖွင့်ပါ။ ဘေးနားမှာ ကိုယ့်လက်ကို တွဲပြီး ကူပေးမယ့်သူဆိုတာ အနည်းဆုံးတစ်ယောက်တော့ ရှိတတ်ကြစမြဲပါပဲ။ လူတိုင်း စိတ်ရော ကိုယ်ပါ ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကို အကောင်းဆုံး ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းရင်း…
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။