အသက်ရှူလေ့ကျင့်ခန်းက သင့်စိတ်အခြအနေကို ပြောင်းလဲပေးရုံသာမက သင့်သွေးတိုးကို ကျစေပါတယ်။ အောက်ဆီဂျင်ကို မြှင့်တင်ပေးပြီး သင့်ခံစားမှုကို ကောင်းသွားစေပါတယ်။
သင့်အကြိုက်အပေါ် မူတည်ပြီး တရားထိုင်တာ ဘုရားဝတ်ပြုတာတွေ လုပ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအတွက် ယောဂနဲ့ ထိုက်ကျိကိုပါ လုပ်နိုင်ပါတယ်။
- စိတ်ဖိစီးစေတဲ့အကြောင်းအရင်းကိုဖြေရှင်းပါ
သင့်ကို စိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းလိုက်တာက သင့်ကို စိတ်ဖိစီးမှုက လွတ်စေပါတယ်။ သင်မတတ်နိုင်တဲ့ အရာတွေဆို ဘယ်သူတွေဘာပဲလာ တောင်းဆိုနေပါစေ ငြင်းဆန်တတ်အောင် လုပ်ပြီး စိတ်မဖိစီးအောင် လုပ်ပါ။
- စိတ်ဖိစီးစေနိုင်တဲ့အခြေအနေတွေကိုရှောင်ပါ
မကြာသေးခင်က လေ့လာမှုတွေ အရ အမျိုးသားတွေရဲ့စိတ်ဖိစီးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ဖြစ်ပြီး ဒါက အမျိုးသမီးတွေထက် ၇ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အလောတကြီး မဖြစ်ရအောင် ကြိုထွက်တာမျိုးလုပ်ပါ။ ဈေးတွေမှာ လူမကျပ်တဲ့ အချိန်မျိုးမှ ဈေးဝယ်ပါ။ သင့်ကို ဒေါသထွက်စေတဲ့ သူတွေနဲ့လည်း ကြာကြာနေတာ ရှောင်ပါ။
- သင်မပြောင်းလဲနိုင်တဲ့အရာတွေကိုလက်ခံပါ
သင့်ဘဝမှာ သင်ဘယ်လောက်ပဲ ကြိုးစားပါစေ သင်မပြောင်းလဲနိုင်တာတွေ ရှိပါတယ်။ ဥပမာ – မိုးရွာအောင် နှင်းကျအောင် ရာသီဥတုကို ကိုယ်လိုသလို မပြောင်းနိုင်တာမျိုးပေါ့။ အဲဒီအစား သင်မပြောင်းလဲနိုင်တဲ့ အရာတွေကို နှစ်သိမ့်ကြည့်ဖို့ ကြိုးစားကြည့်ပါ။
- သင်တတ်နိုင်တာထက် ပိုမလုပ်ပါနဲ့။
ကျွန်တော်တို့က ကျွန်တော်တို့ စိတ်ဖိစီးမှုတွေကို အလွန်အကျွံ လုပ်ခြင်းကြောင့် ကိုယ်တိုင် ဖြစ်စေနိုင်သလို သူဌေးကပဲ ဖြစ်ဖြစ် သူငယ်ချင်းကပဲ ဖြစ်ဖြစ် တောင်းဆိုတာ တစ်ခုခုကို မငြင်းတတ်တဲ့အတွက် စိတ်ဖိစီးကြပါတယ်။ ကတိပေး မလွန်ပါနဲ့၊ သင်တတ်နိုင်မယ် ထင်သလောက်ဘဲ အာမခံပါ။
- သင်အကောင်းဆုံးလုပ်နိုင်တာကိုအရင်ဆုံးလုပ်ပါ
အရေးအကြီးဆုံး အလုပ်တွေကို အစောပိုင်း လုပ်ခြင်းက သင့်ကို အာရုံပိုစိုက်စေနိုင်ပါတယ်။ ဒါက ကျန်ရှိနေတဲ့ တစ်နေ့တာကို သင့်ကို စိတ်ဖိစီးမှု ကင်းစေပြီး တခြား လုပ်ရမယ့် အရာတွေကို စာရင်းမှတ်ပြီး ဆက်လုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။