ပန်းသေပန်းညှိုးဖြစ်တယ်ဆိုတာ ဘာလဲ။
လိင်မှုကိစ္စ ထမ်းဆောင်နေချိန်မှာ ကိုယ့်ရဲ့ လိင်တံဟာ ဆန္ဒမပြီးမြောက်ခင်မှာ ပျော့ခွေသွားတာ၊ လိင်တံထဲ သွေးစီးဆင်းမှုနည်းခြင်းကြောင့် ထိုးသွင်းဆက်ဆံမှု ပြုနိုင်တဲ့အထိ လိင်တံထောင်မတ်အား နည်းတဲ့ လက္ခဏာကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ကြီးလာတဲ့အခါ ကျားဟော်မုန်း နည်းသွားတာ၊ အသက်အရွယ်ကြောင့် ဟော်မုန်းတွေ ပြောင်းလဲပြီး လိင်စိတ်ဆန္ဒ လျော့နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction) ဖြစ်လာပါတယ်။