ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ
ပန်းသေပန်းညှိုးတယ်ဆိုတာက အမျိုးသားလိင်တံဆီကို သွေးကောင်းကောင်း မရောက်ရှိတာမျိုးပါ။ ဒီအခြေအနေက အမျိုးသားတွေကို လိင်ဆက်ဆံရာမှာ အခက်အခဲ ဖြစ်စေသလို ကိုယ်ရဲ့လက်တွဲဖော်ကိုလည်း ဆန္ဒပြီးမြောက်စေဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ အစားအသောက်လေးကို ဂရုစိုက်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ ဒီတော့ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ဖို့ဆိုရင် နိုက်ထရိတ် ရစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ တရုတ်နံနံ၊ ဟင်းနုနွယ် စတာတွေက နိုက်ထရိတ် ပါဝင်မှု များပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နိုက်ထရိတ်က သွေးကြောတွေကို ပွင့်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် […]