ကင်ဆာအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ ဆီးကျိတ်ကင်ဆာ ဆိုတာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက ကင်ဆလို့ဆိုပေမယ့် စောစောသိ စောစောကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်မှာပါ။
ထွက်မှာ သေချာပြီလား။
ကင်ဆာအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ ဆီးကျိတ်ကင်ဆာ ဆိုတာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက ကင်ဆလို့ဆိုပေမယ့် စောစောသိ စောစောကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်မှာပါ။
ဒီတစ်ခေါက်တော့ ဆီးကျိတ်ကင်ဆာကို ဂရုပြုနိုင်စေဖို့ သိထားသင့်တဲ့ လက္ခဏာလေးတွေ၊ ကုသနည်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။
ဆီးကျိတ်ဆိုတာ သစ်ကြားသီးပုံစံ ဂလင်းတစ်ခုပါ။ ဆီးအိမ်အောက်ဘက်နားမှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတာပါ။ ဒီအရည်တွေက သုက်ပိုးတွေကို ပေါ့ပါးပြီး မြန်မြန်သွက်သွက် လှုပ်ရှားစေနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာက ဆီးကျိတ်ကဆဲလ်တွေ ထိန်းချုပ်လို့ မရအောင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကြီးထွားလာတာပါ။ ဆီးကျိတ်ကင်ဆာက သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကိုထုတ်လုပ်ပေးတဲ့ ဂလင်းဆဲလ်တွေကနေ စဖြစ်တာများပြီး အခြားဆဲလ်တွေဆီ ကူးစက်သွားနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာက များသောအားဖြင့်တော့ လက္ခဏာ ပြခဲပါတယ်။ သက်ကြီးပိုင်းအရွယ် အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက သိသိသာသာ လက္ခဏာပြခဲတယ်ဆိုပေမယ့် အခုလို လက္ခဏာတွေတော့ တွေ့ရနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပေမယ့် အခုလို အခြေအနေရှိသူတွေက ဆီးကျိတ်ကင်ဆာ ခံစားရနိုင်ခြေ မြင့်နေပါတယ်။
ဆီးကျိတ်ကင်ဆာကို အကျိတ်အရွယ်အစား၊ ပြန်ရည်ကြောတွေ ပါဝင်နေမှု နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ပြန့်နှံ့နေမှုအပေါ်မူတည်ပြီး အဆင့်တွေခွဲခြားနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ အဆင့် (၁)
ဆီးကျိတ်ကင်ဆာ အဆင့် (၁) မှာ အကျိတ်တွေက သေးငယ်နေနိုင်ပြီး စအိုလမ်းကြောင်းစစ်ဆေးမှု (digital rectal exam(DRE)) အတွင်း မသိနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအကျိတ်တွေက ဆီးကျိတ်ရဲ့ တဝက်ကျော်အထိ ပျံ့နှံ့နေတာမျိုး မရှိသလို အခြားနေရာတွေဆီ ပြန့်နှံ့နေတာမျိုးလည်း မရှိပါဘူး။
ဒီအဆင့်မှာ လက္ခဏာတွေကို စောင့်ကြည့်ဖို့ပဲ အကြံပြုခံရတာများပါတယ်။
ဆီးကျိတ်ကင်ဆာ အဆင့် (၂) မှာ အကျိတ်တွေက အဆင့် (၁) ကထက် ပိုကြီးလာပါပြီ။ စအိုလမ်းကြောင်းစစ်ဆေးမှု (digital rectal exam(DRE)) နဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေအတွင်း သိရနိုင်တဲ့ အနေအထားမျိုး ရှိလာပါပြီ။
ဒီအဆင့်မှာ ကင်ဆာကျိတ်တွေက ပြန်ရည်ကျိတ်တွေ နဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နေပါပြီ။ ဒီအခြေအနေမှာ ဆီးကျိတ်ကို ကုသမှု မခံယူဘူးဆိုရင် အခြားနေရာတွေဆီ ကင်ဆာဆဲလ်တွေက ပြန့်သွားနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ အဆင့် (၃) မှာ ဆီးကျိတ်က ကင်ဆာကျိတ်တွေက ပိုကြီးလာတာ ဆီးကျိတ်တစ်ခုလုံးစာလောက်ရှိလာပါပြီ။ သုက်ပို့ပြွန်တွေဆီတောင် ပြန့်နေနိုင်ပါတယ်။ ဆီးအိမ်၊ စအို နဲ့ အနီးတဝိုက်က ပြန်ရည်ကျိတ်တွေကိုတော့ မထိခိုက်သေးပါဘူး။
ဆီးကျိတ်ကင်ဆာ အဆင့် (၄) မှာ အကျိတ်တွေက ဆီးကျိတ်ကနေ ဆီးအိမ်၊ စအို၊ အနီးတဝိုက်က ပြန်ရည်ကျိတ်တွေနဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ပြန့်သွားပါပြီ။
ဆီးကျိတ်ကင်ဆာကဖြစ်ပွားမှုနှုန်း နှေးတာကြောင့် ချက်ချင်းကုသတာထက် အကျိတ်ကို သေချာအောင် စောင့်ကြည့်တာတွေလုပ်ပြီးမှ ကုသတာ ပိုများပါတယ်။ ခံစားရတဲ့ လက္ခဏာ၊ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ ကင်ဆာ အမျိုးအစားနဲ့ ကင်ဆာဖြစ်ပွားနေတဲ့ အဆင့်ပေါ်မူတည်ပြီး ကုသနည်းတွေက ကွာခြားနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာက စောစောသိမယ်။ စောစောကုသမယ်။ နေထိုင်မှုပုံစံတွေကို လိုက်နာမယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့စေ့ နေနိုင်စေမှာပါ။ ဒါကြောင့် အပေါ်မှာပြောခဲ့တဲ့အစောပိုင်း လက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ သေချာလေး စစ်ဆေး ကုသမှု ခံယူပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Prostate cancer https://www.mayoclinic.org/diseases-conditions/prostate-cancer/symptoms-causes/syc-20353087 Accessed Date 18 December 2020
What to know about prostate cancer https://www.medicalnewstoday.com/articles/150086#causes Accessed Date 18 December 2020
Prostate cancer treatment https://www.cancer.org/cancer/prostate-cancer/treating.html Accessed Date 18 December 2020
အကြံပြုလိုသည့် ဆောင်းပါးများ