အူမကြီး ကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အူမကြီး ကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။
အူမကြီး ကင်ဆာက များသောအားဖြင့် လူကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တတ်ပါတယ်။ ဒါကို အူမကြီးအသားပိုလို့ ခေါ်ပါတယ်။အသားပိုတိုင်းက ကင်ဆာပြောင်းတာတော့ မဟုတ်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေတော့ များစေပါတယ်။။
အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။
အူမကြီး ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး၊ ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။
အူမကြီး ကင်ဆာကို Colon cancer လို့ခေါ်သလို အူမကြီး နဲ့ အစာဟောင်းအိမ်ကို ပေါင်းပြီးတော့လည်း colorectal cancer လို့ ခေါ်ပါတယ်။ ဒီအမျိုးအစားကတော့ အစာဟောင်းအိမ်ကနေ စဖြစ်တဲ့ ကင်ဆာအမျိုးအစားကို ခေါ်တာပါ။
အူမကြီးကင်ဆာ ခံစားရတဲ့ အခုလို လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒီလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ကုသမှု ခံယူဖို့ လိုပါမယ်။ အများစုက အူမကြီးကင်ဆာ အစောပိုင်း အဆင့်မှာ ဘာလက္ခဏာမှ မခံစားရတာမျိုး ရှိနိုင်ပါတယ်။ လက္ခဏာပေါ်လာချိန်က ကင်ဆာကျိတ် အရွယ်အစား၊ ကင်ဆာကျိတ် ဖြစ်တဲ့နေရာတွေအပေါ်မှာလည်း မူတည်ပါတယ်။
အူမကြီးကင်ဆာက အူမကြီးမှာရှိတဲ့ ဆဲလ်တစ်ခုရဲ့ DNA (မျိုးဗီဇ) ပြောင်းလဲမှုကနေ စတင်ဖြစ်ပွားတာပါ။ ဆဲလ်ရဲ့ DNA ထဲမှာ ဆဲလ်ကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုပြီး ညွှန်ကြားတဲ့ လုပ်ငန်းစဉ် ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုက ဆဲလ်ကို မြန်မြန် ကြီးထွားဖို့ နဲ့ ကျန်းမာတဲ့ ဆဲလ်တွေ သေဆုံးသွားချိန်မှာ ဆက်လက်ရှင်သန်နေဖို့ သတင်းပေးလိုက်ပါတယ်။
ဒီလိုနဲ့ ကင်ဆာဆဲလ်တွေ ပွားလာပြီး အကျိတ်ဖြစ်လာပါမယ်။ အကျိတ်က ကျန်းမာတဲ့ တစ်ရှူးတွေဆီ ဝင်ရောက်ပြန့်နှံ့ ကျန်းမာတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်နေတာနဲ့ တစ်ချိန်ထဲမှာ ကင်ဆာဆဲလ်တွေက ကွဲပွားပြီး ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ပါတယ်။
အူမကြီး ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေ ရှိနေမယ်ဆိုရင်တော့ အူမကြီး ကင်ဆာ ခံစားရနိုင်ခြေ များပါတယ်။
အူမကြီး ကင်ဆာကို စစ်ဆေးဖို့ အများဆုံး လုပ်တာက
မှန်ပြောင်းဖြင့် စစ်ဆေးခြင်း – ရှည်လျားပြီး ပျော့ပျောင်းတဲ့ ပြွန်သေးသေးလို ကင်မရာကို အသုံးပြုပြီး အူမကြီးနဲ့ အစာဟောင်းအိမ်က ပုံရိပ်တွေကို ရယူပြီး ကွန်ပျူတာ မျက်နှာပြင်ကနေတဆင့် ကင်ဆာဆဲလ်တွေ ရှိနေနိုင်တဲ့ အစိတ်အပိုင်းကို ရှာဖွေတဲ့ နည်းနဲ့ စစ်ဆေးပါတယ်။
ဒီလို စစ်ဆေးမှုကတဆင့် အထူးပြုလုပ်ထားတဲ့ ကိရိယာကို ယူပြီး အသားစယူ စစ်ဆေးတာလည်း ရှိပါတယ်။
သွေးစစ်ခြင်း – သွေးစစ်တယ်ဆိုတာက သွေးထဲမှာ အူမကြီးကင်ဆာဖြစ်နေတဲ့အခါ ဖြစ်ပေါ်ထွက်ရှိလာတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ (carcinoembryonic antigen) လို့ခေါ်တဲ့ CEA ပမာဏကို စစ်ဆေးတာပါ။
ဒါတွေအပြင် ကင်ဆာ လက္ခဏာတွေရှိလားဆိုတာကို သိနိုင်ဖို့ ဝမ်းကို စစ်ဆေးတဲ့ Stool-based test လိုက်တာရှိသလို မှန်ပြောင်းလေးနဲ့ ကင်ဆာရှိနေနိုင်တယ်လို့ ယူဆရတဲ့ အူမကြီးနံရံကို စစ်ဆေးတာ Visual (structural) exams စစ်ဆေးတာဆိုပြီး ရှိပါတယ်။ အခြေအနေကို သိရှိပြီဆိုတော့မှ ကုထုံးကို ရွေးချယ်မှာပါ။
အူမကြီးကင်ဆာအဆင့်ကို 0 ကနေ IV အထိ သတ်မှတ်ပါတယ်။ အူမကြီးအတွင်းပိုင်း နံရံကို ပြန့်နှံတဲ့အဆင့်ကနေ ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ရောက်ရှိမှု အခြေအနေအလိုက် အဆင့်သတ်မှတ်တာဖြစ်ပါတယ်။
အူမကြီးကင်ဆာ အခြေအနေကိုလိုက်ပြီး အခုလို ကုသမှုတွေ ခံယူရနိုင်ပါတယ်။
ကင်ဆာက အဆင့်တော်တော်လေး ရောက်နေမယ်ဆိုရင်တော့
Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး)
ဒီကုထုံးမှာတော့ အပြင်းစား x-rays ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတာပါ။
ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။
ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။
အူမကြီးကင်ဆာကို ကာကွယ်ဖို့ဆိုရင် နေ့စဉ် ဒီအလေ့အထလေးတွေကို ပျိုးထောင်သင့်ပါတယ်။
အူမကြီးကင်ဆာက ကျားမမရွေးဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားပါ။ ရောဂါနုစဉ်မှာ လက္ခဏာသိပ်မပြတတ်လို့ သိပ်မသိကြပါဘူး။ ဒါကြာင့် အသက်ကြီးတယ်။ မျိုးရိုးရှိတယ်။ အူမကြီးအသားပိုရှိတယ်ဆိုရင် အူမကြီးမှန်ပြောင်း ပုံမှန်ကြည့်ပေးပါ။ စောစောသိရင် ကုရတာ ရလဒ်ပိုကောင်းပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။