ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။ ရောဂါတိုင်းက စောစောရှာဖွေနိုင်လေ ပျောက်ကင်းအောင်ကုသဖို့လွယ်ကူလေဖြစ်တဲ့အတွက် ကျန်းမာရေးကြိုတင် စစ်ဆေးမှုတွေကို တစ်ခုခုနေထိုင်မကောင်းဖြစ်မှ မဟုတ်ဘဲ နှစ်စဉ် (ဒါမှမဟုတ်) နှစ်အပိုင်းအခြား တစ်ခုအလိုက်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်ကိုလုပ်သင့်တဲ့ ကျန်းမာရေးကြိုတင်စစ်ဆေးမှုတွေအကြောင်းပြောပြချင်ပါတယ်။