ဘယ်လို အခက်အခဲတွေ ရှိနိုင်သလဲ။
မုတ်ဆိတ်ထားရတာက လွယ်ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ မုတ်ဆိတ်ကို သေချာလေး မထိန်းသိမ်းဖြစ်ဖူးဆိုရင်တော့ ဘက်တီးရီးယားတွေ ခိုအောင်းရာနေရာ တစ်ခုဖြစ်ဖို့ လိုပါတယ်။
မုတ်ဆိတ်ကို သေချာ မသန့်ရှင်းတာက မှိုပိုးကူးစက်တာ၊ မုတ်ဆိတ်မှာ ဗောက်ထတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံလိုမျိုး အရေပြား ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။
ကျန်းမာတဲ့ မုတ်ဆိတ် ပိုင်ဆိုင်နိုင်စေဖို့
ကျန်းမာတဲ့ မုတ်ဆိတ် ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ဖို့ လိုပါမယ်။
မုတ်ဆိတ်ကို ခဏခဏ မရိတ်ဘဲ ထားပေးပါ။ စစထားတဲ့အချိန်မှာ ကသိကအောင့် ဖြစ်နိုင်ပေမယ့် ဆံပင်ထားသလိုပေါ့။ နည်းနည်း သည်းခံထားရင် ပုံစံတကျ ဖြစ်လာမှာပါ။
ခေါင်းပေါ်က ဆံပင်ကိုတင် ပုံမှန်လျှော်ပေးဖို့ လိုတာ မဟုတ်ပါဘူး။ မျက်နှာပေါ်မှာထားတဲ့ မုတ်ဆိတ်ကိုလည်း သေချာလေး လျှော်ပေးဖို့ လိုပါမယ်။ ခေါင်းလျှော်ရည် သုံးရမှာလား ဆိုတော့ မဟုတ်ပါဘူး။ မျက်နှာသစ်ဆေးကိုပဲ သုံးပြီးလျှော်ပေးလိုက်ရုံပါ။ အစိုဓာတ် ထိန်းပေးပါ။ သဘာဝအဆီဖြစ်တဲ့ သံလွင်ဆီလိုမျိုး အဆီတွေ လိမ်းပေးပါ။
မုတ်ဆိတ်အောက်က အရေပြားကို အစိုဓာတ် ထိန်းပေးတာက အဆီပြန်တာ နဲ့ ဝက်ခြံထွက်တာကို သက်သာစေနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးတာက မွေးညှင်းအိတ်လေးတွေကို ကျန်းမာစေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ biotin နဲ့ ဗီတာမင် ပါဝင်တာတွေ စားပေးပါ။
မုတ်ဆိတ်ကို ပုံမှန်လေး တိပေးတာက အရှည်မြန်စေပြီး ကျန်းမာတဲ့ မုတ်ဆိတ်ကို ရရှိစေမှာပါ။ ဒါကြောင့် ရိတ်တာမျိုး မလုပ်ဘဲ ကပ်ကြေး သေးသေးလေးနဲ့ တိပေးလိုက်ပါ။
မုတ်ဆိတ်ထားခြင်း မထားခြင်းက တစ်ဦးစီရဲ့ သဘောထားပါ။ ထားမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးတာက အမျိုးသားတွေကို ကျန်းမာတဲ့ မုတ်ဆိတ် ပိုင်ဆိုင်နိုင်စေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။