ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 22, 2021 . 2 mins read
Share now

စုံတွဲတွေထဲမှာ တချို့ကလည်း ကိုယ်ဝန်အလွယ်တကူရကြသလို တချို့ကလည်း ကြန့်ကြာနေတတ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မြန်မြန်ရနိုင် မယ့် နည်းလမ်းကောင်းလေးများ မရှိဘူးလား။ အသက်ကလည်း တဖြည်းဖြည်း ကြီးလာပြီလို့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကိုယ်ဝန်မြန်မြန်ရနိုင် မယ့် နည်းလမ်းကောင်းများ

လိင်မှုကိစ္စ

ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ ဆို သေချာပေါက် လိင်မှုကိစ္စက ပါလာပါပြီ။ သာမန်အားဖြင့်တော့ တားဆေးလည်း မသုံးဘူး၊ ပုံမှန်လည်း နေတယ် (၂ရက် ၃ရက်ခြားတစ်ခါလောက်)ဆိုရင် ၈၀ရာခိုင်နှုန်းက တစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရပါတယ်။ ကျန်တာရဲ့ တစ်ဝက်က ဒုတိယနှစ်မှာ ကိုယ်ဝန်ရပါတယ်။

ဒါပေမယ့် ဂရုစိုက်ရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဒါတွေကတော့

တားဆေးကို ကြိုဖြတ်ထားပါ။

-တားဆေးဖြတ်ပြီး ဘယ်လောက်နေရင် ကိုယ်ဝန်ရမလဲဆိုတာ ဆရာဝန်ကို ကြိုမေးထားပါ။ တားဆေးအများစုက ရပ်ပြီး သိပ်မကြာခင် ကိုယ်ဝန်မြန်မြန်ရနိုင် တတ်ပေမယ့် ထိုးဆေးကတော့ လပိုင်းလောက်ကြာတတ်ပါတယ်။

အတူနေမယ့်အချိန်ကို သတ်မှတ်ပါ။ ခဏခဏ အတူမနေဖြစ်ရင်တောင် သားဥကြွေခါနီးရက်ပိုင်းလောက်ကျရင် အတူနေဖို့ ကြိုးစားပါ။ သားဥကြွေမယ့်ရက်က ဘယ်တော့လဲဆိုတာသိနိုင်ဖို့ Hello ဆရာဝန်ရဲ့ သားဥကြွေရက်တွက်ချက်ခြင်းကိရိယာနဲ့ ကိုယ်တိုင် ဒီနေရာမှာ အလွယ်တကူ တွက်ချက်နိုင်ပါတယ်။ သားဥကြွေတဲ့ လက္ခဏာတွေကိုလည်း  ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

-သားဥကြွေတဲ့ရက်က အရေးကြီးတယ်ဆိုပေမယ့် ဒီရက်ရောက်ပြီဆိုတာနဲ့ အတူနေဖို့ ကိုယ့်အဖော်ကို ဖိအားမပေးပါနဲ့။ စိတ်ဖိအားများတာကလည်း ကိုယ်ဝန်ရနိုင်ခြေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

လူနေမှု ပုံစံ

ဒီအချက်တွေကိုတော့ အမျိုးသားရော၊ အမျိုးသမီးပါ လိုက်နာသင့်ပါတယ်။

  • ကိုယ်အလေးချိန်ထိန်းပါ။

အမျိုးသားက အဝလွန်နေတယ်ဆိုရင် သုက်ကောင်လေးတွေ ထွက်နှုန်းကို ထိခိုက်နိုင်ပါတယ်။ BMI ၃၀အထက်ဆို အမျိုးသားတွေရဲ့ မျိုးပွားနှုန်းကို ထိခိုက်နိုင်ပါတယ်။

အမျိုးသမီးတွေကျတော့ အဝမလွန်မလွန်ဖို့ရော၊ ကိုယ်အလေးချိန် အလွန်အမင်း မကျစေဖို့ရော သတိထားရပါမယ်။ ပုံမှန်ကတော့ BMI ၂၀-၂၅ကြားမှာ ရှိနေရမှာပါ။ ၃၀အထက် ဒါမှမဟုတ် ၁၉အောက်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းသွားပါပြီ။

သင့် BMIဘယ်လောက်လဲဆိုတာ တွက်ချက်ဖို့ ဒီနေရာကို နှိပ်ပါ။

  • အာဟာရပြည့်အောင် စားပါ။

ကိုယ်ဝန်မြန်မြန်ရနိုင် တဲ့ အစားအစာရယ်လို့ ခိုင်ခိုင်မာမာ မရှိပေမယ့် သင့်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တာကို စားပေးဖို့ လိုပါတယ်။ အသီးအရွက်၊ အသား၊ ငါး မျှတအောင် စားပါ။ ရေများများသောက်ပါ။ ဒါက လူကို ကျန်းမာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ လိုက်နာဖို့ လိုပါတယ်။

  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

အမျိုးသားရော အမျိုးသမီးပါ တွဲပြီး လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးပါ။ စိတ်ခံစားမှု ကောင်းစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ အလွန်အကျွံမလုပ်မိစေဖို့တော့ သတိထားပါ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်က ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေက ဆေးလိပ်ငွေ့တွေနဲ့ အဝေးဆုံးမှာ နေဖို့လိုပါတယ်။ ကိုယ်တိုင်လည်း မသောက်သင့်သလို သူများဆီက ထွက်လာတဲ့ အငွေ့ကိုပါ ရှောင်ရမှာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အနီးကပ်စောင့်ရှောက်ရမယ့် အမျိုးသားအနေနဲ့လည်း ဒီကာလမှာ ဆေးလိပ်ဖြတ်ထားဖို့ လိုပါတယ်။

  • အရက်ဖြတ်ပါ။

ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးကတော့ လုံးဝအရက်မသောက်သင့်ပါဘူး။ မတော်တဆ ကိုယ်မသိဘဲ ကိုယ်ဝန်ရှိသွားမယ်ဆိုရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။ အမျိုးသားအနေလည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့အတွက် အရက်အလွန်အကျွံ သောက်တာကို ရှောင်သင့်ပါတယ်။

  • ကော်ဖီလျှော့သောက်ပါ။

တစ်နေ့ကို ၂၀၀ မီလီဂရမ်လောက် သောက်တာကတော့ ကိုယ်ဝန်မြန်မြန်ရနိုင် ခြေကို မထိခိုက်စေပါဘူး။ ၂၀၀ မီလီဂရမ်ဆိုတာ တစ်နေ့ကို ၁ခွက် ၂၃ခွက်ထက် မပိုပါဘူး။ ကော်ဖီအလွန်အကျွံ သောက်တတ်တဲ့အကျင့်ရှိရင် ကြိုးစားပြီး လျှော့ကြည့်ပါ။

  • စိတ်ဖိစီးမခံပါနဲ့။

ကိုယ်ဝန်မရသေးလို့ ကြိုးစားအားထုတ်တဲ့အချိန်က စုံတွဲအတိုင်း စိတ်ပင်ပန်းစရာ အကောင်းဆုံး အချိန်ပါ။ သားသမီးဆိုတာလည်း ရတနာမို့လို့ ထိုက်မှရတာပါ။ အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းကိုသာ စောင့်မျှော်လိုက်ပါ။ စိတ်ဖိစီးတာက ကိုယ်ဝန်မြန်မြန်ရနိုင် ခြေကို ထိခိုက်စေပါတယ်။

အားဆေးသောက်ပါ။

ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးကတည်းက သင့်တော်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ အပ်ထားပြီး ကျန်းမာရေး အကြံပေးချက်တွေကို တိတိကျကျ လိုက်နာပါ။ ကိုယ်ဝန်ဆောင် အားဆေးကြိုသောက်ထားပါ။ အထူးသဖြင့် ဖောလစ်အက်စစ်ကို ၄၀၀ မိုက်ခရိုဂရမ်လောက် ကြိုသောက်ထားပါ။ ကိုယ်ဝန်မြန်မြန်ရနိုင် တာမျိုး မဟုတ်ပေမယ့် ကလေးလေးကို မွေးရာပါ ချို့ယွင်းချက်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်မြန်မြန်ရ နိုင်စေဖို့ နည်းလမ်းကောင်းများ

Takeaways

ကိုယ်ဝန်မြန်မြန်ရနိုင် ပါ့မလား၊ ရတဲ့ ကိုယ်ဝန်လေးကလည်း ကျန်းမာပါ့မလားဆိုရင်တော့ ဒီအချက်တွေက အဖြေပါပဲ။ ကိုယ်ဝန်ဆောင်မယ့် မေမေသာမက အမျိုးသားပါ လိုက်နာမှသာ ကျန်းမာတဲ့ ကိုယ်ဝန်ကို မြန်မြန်လေးရမှာပါ။ ကိုယ်ဝန်ရနိုင်ဖို့ အဓိက အချက်တွေဖြစ်တဲ့ လိင်မှုကိစ္စ၊ ပြောင်းလဲရမယ့် စားသောက်နေထိုင်မှု ပုံစံ၊ ဆောင်ရန် ရှောင်ရန်တွေ၊ ကလေးမှာ ချို့ယွင်းချက် မပါအောင် အားဆေးသောက်ရမှာတွေ စတာတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝိတ်တက်ဖို့ ကယ်လိုရီကို ဘယ်လိုတွက်ချက်ပြီး စားသောက်ကြမလဲ။

ဝိတ်တက်ဖို့ဆိုတာ ဇွဲကောင်းကောင်းနဲ့ ကြိုးစားအားထုတ်ရတာပါ။ ရေရှည်တိုက်ပွဲ ဖြစ်တဲ့အတွက် ကြာကြာစားနိုင်တဲ့ planမျိုးကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

အာဟာရချို့တဲ့ တာကလည်း အဝလွန်တာလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မျှတတဲ့အာဟာရကိုပြည့်ဝအောင် စားနိုင်မှသာ ပိန်လွန်းခြင်း၊ဝလွန်းခြင်းက ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အစားအသောက်နဲ့ ဝိတ်ချ မယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

ဝိတ်ချမယ်ဆိုရင် ကိုယ်နဲ့ သင့်တော်တဲ့ စားသောက်မှုပုံစံကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ လေ့ကျင့်ခန်းအတွက်လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read