နားနားနေနေရှိချိန်မှာ ကိုယ်အပူချိန်ကို တိုင်းပြီး မှတ်ထားရမှာပါ။ ဒီတော့ အကောင်းဆုံးအချိန်က မနက်ခင်း အိပ်ရာနိုးနိုးချင်း အိပ်ရာက မထခင်ပါ။ မနက်တိုင်း တိုင်းသွားလိုက်ရင် တချို့ရက်တွေမှာ ကိုယ်အပူချိန်အနည်းငယ်တက်နေတာကို တွေ့ရမှာပါ။ အဲ့တာ သားဥကြွေပြီးခါစအချိန်မို့လို့ပါ။ အဲ့လို စတက်တဲ့ရက်မှာ နေသင့်ပါတယ်။
(၂) ဆေးစစ်ခြင်း
သားဥကြွေမကြွေကို စစ်တာကလည်း ကိုယ်ဝန်ရှိမရှိ စစ်တာနဲ့ တူပါတယ်။ ဆီးကိုပဲ စစ်တာပါ။ Test kit ဒါမှမဟုတ် Test stripနဲ့ စစ်တာ ဖြစ်ပါတယ်။ စစ်တဲ့ ဟော်မုန်းပဲ ကွာတာပါ။ သားဥကြွေမကြွေကို LHလို့ခေါ်တဲ့ Luteinizing hormone ကို စစ်တာ ဖြစ်ပါတယ်။
ဆေးစစ်တံရဲ့ အညွှန်းအတိုင်း စစ်ပြီး positiveဖြစ်တယ်ဆိုရင် ဒါသားဥကြွေတော့မယ့် လက္ခဏာပါ။ Positive ဖြစ်ပြီး ၃၆နာရီအတွင်း သားဥကြွေမှာမို့လို့ အဲ့ရက်တွေမှာ အတူနေသင့်ပါတယ်။
ဘယ်အချိန်မှာ ဆေးစစ်ရမလဲဆိုတော့ ရာသီလာဖို့ ၂ပတ်အလိုလောက်ဆို စစ်ပေးပါ။
(၃) ရက်တွက်တဲ့နည်း
ရက်တွက်နည်းက အနည်းငယ်ရှုပ်ထွေးပါတယ်။ ဒါကြောင့် Health toolsတွေနဲ့ တွက်တာက ပိုမြန်ပါတယ်။
သားဥကြွေတဲ့ရက်ကို https://wp.hellosayarwon.com/health-tools/ovulation-calculator/ မှာ တွက်လို့ ရပါတယ်။

- အရင်ဆုံး ‘ကိုယ်ဝန်ယူရန် ကြိုးစားနေသည်’ ကို ရွေးလိုက်ပါ။
- ပြီးရင် ‘နောက်ဆုံးရာသီလာခဲ့တဲ့ ပထမဆုံးရက်’ကို ရွေးလိုက်ပါ။ (ဥပမာ မတ်လ ၁၀ရက်နေ့ကနေ ၁၅ရက်နေ့ထိ လာတယ်ဆိုရင် မတ်လ ၁၀ရက်လို့ ဖြည့်ရမှာပါ။)
- ‘ရာသီစက်ဝန်းရက်အရေအတွက်’ ဆိုတာ ဘယ်နှရက်တစ်ခါ လာသလဲလို့ မေးတာပါ။ ဥပမာ ၂၈ရက်တစ်ခါ လာသလား၊ ရက်၃၀ တစ်ခါ လာသလားပေါ့။ ဒီမှာတော့ ရက်၃၀နဲ့ တွက်ပြပါမယ်။
- ‘ရာသီရက်စုစုပေါင်း’ကတော့ ဘယ်နှရက်လာသလဲဆိုတာကို ဖြည့်ရမှာပါ။ ဥပမာ ၃ရက်လာသလား၊ ၅ရက်လာသလား စသဖြင့်။
- အားလုံးဖြည့်ပြီးသွားရင် အောက်မှာ အဖြေလေး ရလာပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။