ကိုယ်ဝန်ဆောင်ကျန်းမာရေး

12 ခေါင်းစဉ်များ
271 ပို့စ်များ
4k အဖွဲ့ဝင်များ
avatar

စတင်ဆွေးနွေးမယ်။

ဘေဘီလေးအတွက် နာမည်လေးရွေးပြီး မုန့်ဖိုး ၂၀,၀၀၀ ကို ရယူလိုက်ကြရအောင်

မေမေတို့ရဲ့ ဘေဘီလေးအတွက် နာမည်လေးရွေးပြီး မုန့်ဖိုး ၂၀,၀၀၀ ကို ရယူလိုက်ကြမယ်။


ဒီ Campaign လေးထဲမှာပါဝင်ဖို့ မေမေတို့ရဲ့ ဘေဘီလေးကို အောက်မှာပေးထားတဲ့ GIF ကို ScreenShot ရိုက်ပြီး ကျလာတဲ့ နာမည်လေးကို ScreenShot နဲ့ အတူ အခု ပို့စ်အောက်မှာ Comment ပေးလိုက်ရုံပါပဲ။


Comment ပေးထားတဲ့ မေမေတို့ထဲကမှာ ၅ဦးကို မဲနှိုက်ရွေးချယ်ပြီး မေမေတို့ရဲ့

ဘေဘီလေးအတွက် မုန့်ဖိုး၂၀,၀၀၀ ကို ပေးသွားမှာဖြစ်ပါတယ်။ Campaign ကာလလေးက ဇန်နဝါရီလ ၁၇ ရက်မှ ၃၁ရက် အထိပဲ ဖြစ်လို့ မြန်မြန်လေးပါဝင်လိုက်ကြဖို့

တိုက်တွန်းလိုက်ရပါတယ်နော်။


ကဲမေမေတို့ရဲ့ ဘေဘီလေးကို နာမည်လေးရွေးပေးပြီး မုန့်ဖိုး ၂၀,၀၀၀ ကို အခုပဲရယူပေးလိုက်ကြရအောင်နော်။

22

မှတ်ချက် 128 ခု

0

မှတ်ချက် 0 ခု

1

မှတ်ချက် 0 ခု

0

မှတ်ချက် 0 ခု

ကိုယ်ဝန် ဆောင် စား သင့် သော အသီး

ကိုယ်ဝန်ဆောင်ချိန်မှာ ဟိုအသီးစားလို့ ရလား၊ ဒီအသီးစားလို့ ရလားဆိုပြီး တစ်ခုချင်းစီ လာမေးကြတယ်ပေါ့နော်။ ဒါကို ခြုံပြီး ဖြေရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အသီးတွေ စားလို့ရပါတယ်။ စားလည်း စားသင့်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အသီးတွေ စားတာက

−ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရစေပါတယ်။

−အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရမယ့် အသီးဆိုတာ မရှိသလောက်ပါပဲ။ သင့်တင့်တဲ့ ပမာဏသာ စားမယ်ဆိုရင် အန္တရာယ်ကင်းပါတယ်။

ကိုယ်ဝန်ဆောင်တွေက တစ်ရက်ကို

−စိတ်ပြီးသား အသီး တရုတ်ပန်းကန်လုံးနဲ့ ၁−၂လုံး ဒါမှမဟုတ်

−တင်းနစ်အရွယ်ဆို ၂လုံးလောက် စားလို့ ရပါတယ်။

ဒါပေမယ့် အကြံပေးရရင် အသီးတစ်မျိုးတည်းကို တစ်ပန်းကန်လောက် စားတာထက် အရောင်စုံတဲ့ အသီးတွေကို မျှပြီး စားပေးတာက ပိုကောင်းပါတယ်။

ရှောင်သင့်တဲ့ အသီးရယ်လို့ မရှိပေမယ့် ချိုလွန်းတဲ့ အသီးတွေ၊ သစ်သီးခြောက်တွေ၊ ဖျော်ရည်တွေ၊ ယိုထိုးထားတာတွေကိုတော့ ရှောင်သင့်ပါတယ်။ သကြားဓာတ်ပါဝင်မှု များလို့ပါ။

နောက်ပြီး သစ်သီးတွေစားတဲ့အခါ လတ်ဆတ်တဲ့ အသီးတွေကို သန့်သန့်ရှင်းရ

... ပိုမိုကြည့်ရှုရန်

1

မှတ်ချက် 0 ခု

ကိုယ်ဝန်ဆောင်ကာလ ၁၃ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်


အခုဆိုရင်တော့ 13 ပတ် တောင် ရှိနေပြီနော်။ သန္ဓေသားလေးကဆိုရင်လည်း ခေါင်းအစ ခြေအဆုံး ၇ စင်တီမီတာလောက် ရှိနေပါပြီ။ ဒီအပတ်မှာ သန္ဓေသားလေး အပြောင်းအလဲတွေ များလာပါပြီ။ ချက်ကြိုးက ကလေးရဲ့ အစာအိမ်ဆီ ရွေ့လာပါတယ်။ဒီချက်ကြိုးကပဲ အချင်းကို သွားတွယ်ပြီး ကလေးအတွက် လိုအပ်သမျှကို အထောက်အပံ့ပေးပါတယ်။ အချင်းက အခုချိန်မှာ ၃၀ ဂရမ်လောက်ရှိပေမယ့် ၉၀၀ ဂရမ်လောက်ဖြစ်တဲ့အထိ ဆက်ကြီးလာမှာပါနော်။ အသံအိတ်လေးလည်း စပေါ်လာပြီ။ အခုချိန်မှာ ဘာသံမှမကြားနိုင်သေးပေမယ့် မွေးလာတာနဲ့ အသံလေးကြားရတော့မှာပါနော်။ ပါးစပ်ထဲကို လက်ထည့်လို့လည်း ရနေပြီနော်။

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကိုယ်ဝန်ရှိကြောင်းပြတဲ့ လက္ခဏာတွေက အခုဆိုရင် တဖြည်းဖြည်းပျောက်လာပါပြီ။ အားတွေ တဖြည်းဖြည်းပြန်ပြည့်လာပြီး အရင်တုန်းကလို ပုံမှန်ပြန်ဖြစ်လာမှာပါ။ မူးပြီး ပင်ပန်းနေသေးရင် နားနားနေနေ နေလိုက်ပါ။ လာမယ့်အပတ်ကျကောင်း သွားမှာပါ။

ဒါပေမယ့် ဒီအပတ်တွေမှာ မိန်းမကိုယ်က အချွဲဆင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ အရည်ကျဲပြီး အနံ

... ပိုမိုကြည့်ရှုရန်

0

မှတ်ချက် 0 ခု

0

မှတ်ချက် 0 ခု

0

မှတ်ချက် 0 ခု

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲခံစားနေရတဲ့ မေမေတို့အတွက်

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုချင်သလို၊ စိတ်ဓာတ်ကျချင်သလို၊ အလိုမကျသလို၊ ကြောက်သလို စသဖြင့် အမျိုးစုံ တစ်နေ့တစ်မျိုး စိတ်အခြေအနေက မရိုးရပါဘူး။ ဘယ်လိုပဲ ဟော်မုန်းအပြောင်းအလဲကြောင့်လို့ပြောပြော မိခင်တွေက တကယ်စိုးရိမ်တတ်တာပါ။

တစ်နေ့ တစ်နေ့ တစ်ခုခုစားမယ်၊ လုပ်မယ်ကြံတိုင်း 'ငါလုပ်နေတာ မှန်ရဲ့လား။ ကလေးကို ထိခိုက်မှာလား။' ကတစ်မျိုး။ ကလေးမွေးရင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုဖြစ်မလဲဆိုပြီး တွေးကြောက်တာက တစ်မျိုး။ ပြောင်းလဲလာတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ဓာတ်ကျသလို ခံစားရတာက တစ်မျိုး ဖြစ်တတ်ပါတယ်။

ဒီထဲက မေမေတွေလည်း ဒီလိုပဲ တွေးမှာပါ။ မေမေတို့ကို အားပေးချင်တာက မေမေတို့သည် တစ်ယောက်တည်း မရှိပါဘူး။ ဒီဂရုထဲမှာ တခြားအတွေ့အကြုံရှိတဲ့ မေမေတွေလည်း ရှိပါတယ်။ ဆရာမတိုလည်း ရှိပါတယ်။

စိတ်ညစ်နေတာ၊ ခံစားနေရတာတွေ ရှိရင် လာရင်ဖွင့်လို့ ရပါတယ်။ တစ်ခုခုလုပ်ချင်တယ်။ ကလေးထိခိုက်မလား မသိဘူး မသေချာရင်လည်း လာမေးလို့ ရပါတယ်။

တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိစေချင်လို့ပါ။

2

မှတ်ချက် 0 ခု

ခဏစောင့်ပါ

အဖွဲ့အစည်းအကြောင်း
ကိုယ်ဝန်ဆောင်ချိန်တလျှောက်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဗိုက်ထဲမှာ နောက်ထပ်သက်ရှိလေးက ကြီးထွားနေပြီး သူလေးကျန်းမ... ပိုမိုကြည့်ရှုရန်
သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။