backup og meta

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ

    Fail to plan is plan to fail တဲ့။ ဘာမဆို အစီအစဉ်တကျ လုပ်တတ်တာက ကောင်းတာပေါ့။ အလုပ်ကိစ္စတွေ၊ အရေးကြီး ဧည့်သည်နဲ့ တွေ့ဖို့ရှိတယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ကြတယ်ဟုတ်။ ဒီလိုပဲ ဘဝရဲ့ အရေးကြီးတဲ့ မိသားစုဝင် အိမ်ရဲ့ ဆည်းလည်းလေးကို ကြိုဆိုတဲ့ နေရာမှာလည်း အစီအစဉ်လေး တစ်ခု ချထားနိုင်ရင် ပိုကောင်းတာပေါ့။ ကိုယ်ဝန် ရတယ် ဆိုတာ သဘာဝကိစ္စဆိုပေမယ့် တကယ်က လူသားနှစ်ဦးက ဖန်တီးထားတဲ့ ကိစ္စပါပဲ။ အတွင်းကျကျ ပြောရရင် မမျိုးဥလေးနဲ့ ဖိုသုက်ကောင်လေးတို့ ပေါင်းစပ်ပြီး ကလေးလေး ဖြစ်လာတာဖြစ်တဲ့အတွက် ဒီမျိုးဥလေးနဲ့ သုက်ကောင်လေးတို့ ဆုံမဆုံဆိုတာ လူသားတွေ လက်ထဲမှာ ရှိပါတယ်။

    ဒီတော့ ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ ဆိုတာကို ဖတ်ပြီး အိမ်ရဲ့ ဆည်းလည်းလေးကို ဘယ်နေ့မှာ လူ့လောကထဲ အရောက် ခေါ်ကြမလဲ ဆိုတာကို ဆုံးဖြတ် တွက်ချက် လိုက်စို့နော်။

    ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ

    ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး

    ဒီလိုကလေးမွေးမယ့်ရက်၊ ကလေးရမယ့်ရက်ကို ရွေးချယ်လို့ရတော့ ဘာဖြစ်လဲ။

    ကျန်းမာရေးအရတော့ ထူးထူးခြားခြား ပြဿနာမရှိပေမယ့် လူမှုရေးကိစ္စတွေမှာတော့ အတော်တာသွားပါတယ်။ ဆိုကြပါစို့။

    • နောက်နှစ်ရဲ့ လတစ်လမှာ ရာထူးတိုး စာမေးပွဲဖြေစရာရှိတယ်။ အရွယ်ကလည်း ကိုယ်ဝန်ဆောင်သင့်နေပြီ။ တစ်နှစ် တစ်နှစ်နဲ့ ရွှေ့လာလိုက်တာ အတော်တောင် နောက်ကျနေပြီ။ ကလေးမွေးတဲ့ အချိန်နဲ့ သွားတိုက်နေရင် ဘယ်လိုလုပ်မလဲ။
    • အမျိုးသားက ခုသွားပြီးရင် နောက်နှစ်လောက်မှ ပြန်လာမှာ။ ကလေးမွေးတဲ့အချိန် အမျိုးသားကို အနားမှာ ရှိစေချင်တယ်။ ဒါကြောင့် အမျိုးသား ပြန်လာမယ့် လနဲ့ကိုက်ပြီး မွေးချင်တယ်။
    • ကလေးကို ဘယ်လမှာပဲ မွေးချင်တာ၊ ဒါမှ ဘယ်သူနဲ့ မွေးနေ့တူမှာ။
    • မိုးတွင်းမှာ ကလေးမမွေးချင်ဘူး ဆရာမ။ အနှီးမခြောက်လို့။
    • ဆောင်းတွင်းမှာ မမွေးချင်ဘူး။ အနာကိုက်ရင် ဘယ်လိုလုပ်မလဲ။
    • ဆရာရယ် ဗေဒင်ကိန်းခန်းအရ ဒီရက် ဒီအချိန်မှာ မွေးမှဖြစ်မှာ၊ ခွဲမွေးပေးပါ ဆရာရယ်။ မွေးချင်တဲ့အချိန်မှာ လကမစေ့သေး။

    ဤသို့ ဤသို့သော ပြဿနာများကား လူ့ဘောင်လောကတွင် ရှိနေသတတ်။ ဒါကြောင့် အစတည်းက ဘယ်အချိန်မွေးချင်ရင် ဘယ်လမှာ ကိုယ်ဝန်ယူမယ်။ ကိုယ်ဝန်ရအောင် ရာသီစက်ဝန်းရဲ့ ဘယ်ရက်တွေမှာ အတူနေကြမယ်ဆိုတာ ကြိုပြီး စီစဉ်ထားနိုင်ရင် မကောင်းဘူးလား။

    ဘယ်နေ့မှာ အတူနေရင် ဘယ်နေ့မှာ ကိုယ်ဝန် ရမှာလဲ။

    အလွယ်ပြောရင်တော့ သားဥကြွေချိန်မှာ နေရင် ရမှာပေါ့။ ဒါကိုတွက်တဲ့နည်းကိုတော့ Rhythm methodလို့ ခေါ်ပါတယ်။ တွက်နည်းကတော့

  • ရာသီလာတဲ့ ရက်တွေကို ၆လလောက် မှန်မှန်မှတ်ထားပါ။ အရင်ကတည်းက မှတ်တတ်တဲ့အကျင့်ရှိရင် ပိုကောင်းတာပေါ့။ ရာသီစလာတဲ့ရက်ရယ်၊ ဘယ်နှရက်ကြာလဲဆိုတာရယ်၊ ဘယ်နှရက်တစ်ခါ လာသလဲဆိုတာရယ်ကို မှတ်ထားပါ။
  • ၆လစာ မှတ်ထားတဲ့ထဲက အတိုဆုံး ရာသီစက်ဝန်းကို ရှာပြီး ၁၈ နှုတ်လိုက်ပါ။ ဒါက မျိုးအောင်နိုင်တဲ့ ပထမဆုံးရက်ပါပဲ။ ဥပမာ ၆လထဲမှာ အတိုဆုံး စက်ဝန်းက ၂၆ရက်ဆိုရင် ၂၆-၁၈= ၈ ဒါဆို ဒီလရာသီစလာပြီး ၈ရက်မြောက်နေ့က မျိုးအောင်နိုင်တဲ့ ပထမဆုံးရက်ပါ။
  • ၆လစာ မှတ်ထားတဲ့ထဲက အရှည်ဆုံး ရာသီစက်ဝန်းကို ရှာပြီး ၁၁ နှုတ်လိုက်ပါ။ ဒါက မျိုးအောင်နိုင်တဲ့ နောက်ဆုံးရက်ပါပဲ။ ဥပမာ ၆လထဲမှာ အရှည်ဆုံး စက်ဝန်းက ၃၂ရက်ဆိုရင် ၃၂-၁၁= ၂၁ ဒါဆို ဒီလရာသီစလာပြီး ၂၁ရက်မြောက်နေ့က မျိုးအောင်နိုင်တဲ့ နောက်ဆုံးရက်ပါ။
  • ဒါကြောင့် ဒီဥပမာ နောက်လ ရာသီစလာပြီး ၈ရက်ကနေ ၂၁ရက်အတွင်း အတူနေရင် ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ ကိုယ်ဝန်မလိုချင်တဲ့သူ၊ ရက်ရှောင်ပြီး နေချင်တဲ့သူကတော့ ဒီရက်တွေကို ရှောင်ရမှာပါ။ ဒါက ဥပမာ ပြထားတာဖြစ်လို့ ကိုယ့်ရက်နဲ့ ကိုယ်တွက်ပါ။
  • လတိုင်း လတိုင်း ရာသီရက်ကို မှတ်ပြီး ပြန်ပြန်တွက်ကြည့်ပါ။
  • သတိထားရမယ့် အချက်က တချို့ဆေးဝါးတွေ၊ ဖျားနာမှုတွေ၊ စိတ်ဖိစီးတွေက သားဥကြွေတဲ့ရက်ကို အပြောင်းအလဲ ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် ရာသီမမှန်တဲ့သူတွေဆိုရင် ဒီနည်းလမ်းက သိပ်မထိရောက်ပါဘူး။
  • ဒီလို အပေါင်းအနှုတ်တွေ မတွက်တတ်ပါဘူး။ ရာသီရက်ကလည်း ၆လစာ မှတ်ထားတာတွေ မရှိတော့ဘူး။ တွက်လို့ မရတော့ဘူးဆိုပြီး စိတ်မညစ်ပါနဲ့။ ‘သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေးကိရိယာ’ မှာ အလွယ်တကူ တွက်ချက်ပြီး အတူနေတာ၊ ရက်ရှောင်တာ လုပ်လို့ရပါတယ်။

    အတူတော့ နေလိုက်ပြီ။ ဘယ်တော့ ကိုယ်ဝန်ရမှာလဲ။

    အတူနေပြီးပြီဆိုရင်တော့ နောက်လာမယ့် ရာသီရက်ကို တွက်ထားပါ။ ရာသီရက်မှာ ရာသီမလာသေးရင် ဆီးစစ်တံလေးနဲ့ စစ်ကြည့်လိုက်ပါ။ တချို့က ရာသီရက် စောတာ၊ နောက်ကျတာ ရှိတတ်လို့ မလာသေးတိုင်း ကိုယ်ဝန်ရှိနေတာ မဟုတ်ပါဘူး။ ဆီးစစ်ကြည့်လိုက်တာ ပိုသေချာပါတယ်။

    နောက်ရာသီက ဘယ်တော့ လာမလဲ မသိပြန်ဘူးလား။ ‘သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေးကိရိယာ’ မှာ ထပ်ပြီး တွက်ချက်နိုင်ပါတယ်။

    ကိုယ်ဝန်တော့ ရပြီ။ ဘယ်တော့ မွေးမှာတုန်း။

    ကိုယ်ဝန်တော့ ရပြီ။ ဘယ်တော့ မွေးမှာလဲဆိုတာကို တွက်ချင်ရင် လွယ်လွယ်လေးပါတဲ့။ နောက်ဆုံး ရာသီလာခဲ့တဲ့ ပထမဆုံးရက်ကို ၉လနဲ့ ၇ရက် ထည့်ပေါင်းရုံပါပဲ။

    ဥပမာ ကိုယ်လ နိုဝင်ဘာ ၁ရက်နေ့ကနေ ၅ရက်နေ့ထိ လာသွားတယ်။ ဒီလ ရာသီမလာလို့ စစ်ကြည့်တော့ နှစ်ကြောင်းပေါ်နေတယ်။ ဘယ်တော့မွေးမှာလဲဆိုတာ သိချင်ရင် ပထမဆုံးရက် ၁.၁၁.၂၀၂၀ကို ၉လနဲ့ ၇ရက် ပေါင်းလိုက်ရင် နောက်နှစ် ၈လပိုင်း ၈ရက်နေ့က ဂျူးဒိတ် မွေးမယ့်ရက်ပါ။ ရက်ကတော့ ရှေ့တိုး၊ နောက်ဆုတ်ရှိနိုင်ပါတယ်။ အဲ့ရက်ပတ်ဝန်းကျင်လောက်မှာ မွေးမယ်လို့ မှန်းလို့ရပါတယ်။

    ဒါကိုလည်း မတွက်ချင်ဘူးဆိုရင် ‘မီးဖွားမည့် တွက်ချက်ခြင်း ကိရိယာ‘မှာ အလွယ်တကူ တွက်နိုင်ပါတယ်။ သူ့ရဲ့ အားသာချက်က ကိုယ်ဝန်ဘယ်နှပတ်ရှိနေပြီလဲဆိုတာပါ သိနိုင်တာပဲ ဖြစ်ပါတယ်။

    ဒီလို မွေးမယ့် လကို ကြိုသိထားတော့ ကိုယ်ဘယ်တော့ မွေးချင်တယ်၊ မမွေးချင်ဘူးဆိုတာပေါ် မူတည်ပြီး ကိုယ်ဝန်ယူမယ့်လကို ပြန်ချိန်ဆလို့ ရတာပေါ့။

    ကလေးယူမယ်လို့ စဉ်းစားထားတယ်ဆိုရင် အိမ်ထောင်သည်တွေ အနေနဲ့ ရာသီစက်ဝန်းအကြောင်း၊ သားဥကြွေရက်အကြောင်း၊ ဂျူးဒိတ်တွေအကြောင်း သိထားဖို့ လိုပါတယ်။ ဒါမှ ဘယ်နေ့ ဘယ်ရက်တွေက ကိုယ့်အတွက် အလုပ်ဖြစ်သလဲဆိုတာ တွက်နိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement