backup og meta

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား၊ မွေးဖွားလာမယ့် ကလေးကိုရော ထိခိုက်နိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား၊  မွေးဖွားလာမယ့် ကလေးကိုရော ထိခိုက်နိုင်လား

    ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား

    စုံတွဲတော်တော်များများဟာ ကိုယ်ဝန်ဆောင်ထားစဉ်မှာ လိင်ဆက်ဆံမှု ပြုကြဖို့ကို အနည်းငယ် ထိတ်လန့်နေတတ်ကြပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ဆန္ဒတွေကိုလည်း ထိန်းချုပ်ထားဖို့ မတတ်နိုင်ကြပါဘူး။ တစ်ဆက်တည်းမှာလည်း မွေးဖွားလာမယ့် ရင်သွေးလေးအတွက်လည်း စိုးရိမ်နေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံသယကင်းကင်းနဲ့ လိင်ဆက်ဆံမှုပြုလုပ်ကြစေဖို့အတွက် လူအများစိတ်ဝင်တစားမေးမြန်းထားကြတဲ့ မေးခွန်းလေးတွေရဲ့ အဖြေတွေကတော့ …..

    () ကိုယ်ဝန်ဆောင်စဉ် အမျိုးသားလိင်အင်္ဂါနဲ့ ထိုးသွင်းဆက်ဆံခြင်းဟာ အန္တရာယ်ကင်းပါ့မလား

    အဖြေကတော့ ကင်းပါတယ်။ ထိုးသွင်းနေစဉ်မှာ သားအိမ်ဟာ လှုပ်ရှားမှု အနည်းငယ်ဖြစ်သွားတာကို ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ကလေးကို သွားထိခိုက်ပြီလားလို့ စိုးရိမ်တတ်ကြပါတယ်။ သားအိမ်ဟာ ကိုယ်ဝန် ဆောင်နေစဉ်မှာ ယခင်သာမန်အချိန်တွေထက် ရွေ့လျားနိုင်မှု မြင့်ပါတယ်။ ဒါ့အပြင် သန္ဓေသားဟာလည်း အထပ်ထပ်ကာရံမှုတွေနဲ့ ကောင်းမွန်စွာကြီးထွားနေမှာပါ။ ဒီတော့ဆရာဝန်က လိင်ဆက်ဆံဖို့ တားမြစ်ထားတဲ့ အခြေအနေတွေကလွဲလို့ ကျန်ပုံမှန်အခြေအနေတွေမှာ ကိုယ်ဝန်ဆောင်လိင်ဆက်ဆံခြင်းဟာ အဆင်ပြေပါတယ်။

    အားနည်းနေတဲ့ သားအိမ်ခေါင်း ရှိသူတွေနဲ့ အချင်းအနေအထားမမှန်တဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ လိင်ဆက်ဆံဖို့ တားမြစ်ထားမှာပါ။ ၈၀% သော အိမ်ထောင်ဖက်အမျိုးသားတွေဟာ မိမိကလေးကို ထိခိုက်သွားမှာ ကြောက်ကြပါတယ်။ ဒါကြောင့်ကိုယ်ဝန်အပ်ဖို့ ဆရာဝန်နဲ့ ချိန်းဆိုမှုတွေမှာ မိမိရဲ့အိမ်ထောင်ဖက်ကိုပါ ခေါ်သွားပါ။ အမျိုးသားလိင်အင်္ဂါဟာ ထိုးသွင်းနေစဉ်အတွင်း သန္ဓေသားကို ထိခိုက်မှုမရှိကြောင်း သိရှိသွားနိုင်ပါလိမ့်မယ်။

    () ကိုယ်ဝန်ပျက်ကျနိုင်သလား

    လိင်ဆက်ဆံခြင်းကြောင့် ကိုယ်ဝန်ပျက်ကျတာမျိုး မဖြစ်နိုင်ပါဘူး။ ကိုယ်ဝန် ပျက်ကျတယ်ဆိုတာ သန္ဓေသားဟာ ပုံမှန်အတိုင်း ဖွံ့ဖြိုးမှုမရှိဘဲ ပြဿနာတစ်စုံတစ်ခုရှိလို့ပါ။ (၂၀၁၁) လေ့လာ ချက်တွေအရ ကျန်းကျန်းမာမာပုံမှန် ကိုယ်ဝန်တွေမှာဆိုရင် လိင်ဆက်ဆံမှုဟာ မီးဖွားရာမှာ လွယ်ကူစေတယ်လို့ တောင် ဆိုထားပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်းမျိုးလည်း မဖြစ်နိုင်ပါဘူး။

    ဒါပေမယ့် မိမိရဲ့ အိမ်ထောင်ဖက်နဲ့သာ သစ္စာရှိရှိ လိင်ဆက်ဆံသင့်ပါတယ်။ ပါတနာများတဲ့အခါ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ကူးလာနိုင် ပါတယ်။ ဒီအခါမှာတော့ ကိုယ်ဝန်ပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာမှာပါ။

    (လိင်ဆက်ဆံအပြီး သွေးထွက်ခြင်းဟာ စိုးရိမ်ရလား

    ကိုယ်ဝန်ရှိစဉ်မှာ သားအိမ်ခေါင်းဟာ သာမန်ထက်ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် သွေးထွက်နိုင် ပါတယ်။ ဒါပေမယ့် စွန်းရုံအနေအထား အနည်းငယ်ထွက်ခြင်းဟာ ကိစ္စမရှိပေမယ့် သွေးဆင်းတာ မရပ်တော့တာမျိုး၊ နာကျင်မှုတွေ ခံစားလာရတာမျိုးနဲ့ ရက်သတ္တပတ် အတော်ကြာသွေးဆင်းနေတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အချင်းအနေအထားမမှန်တာမျိုး၊ သားအိမ်ပြင်ပ သန္ဓေတည်တာမျိုး ဖြစ်နိုင်လို့ပါ။

    လိင်ဆက်ဆံမှုတစ်ခုထဲနဲ့တော့ သွေးအများကြီး ဆင်းတာမျိုး မဖြစ်တတ်ပါဘူး။ အတူနေပြီးနောက်ပိုင်း သားအိမ်ခေါင်းကျိန်းစပ်ခြင်းနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့လည်း သွားရောက်တိုင်ပင်နိုင်ပါတယ်။

    (ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ နာကျင်မှုကို ဖြစ်စေတာ ပုံမှန်ပဲလား

    သွေးလည်ပတ်မှုနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်၊ ရင်သားနဲ့ နို့သီးခေါင်းထိပ်တွေဟာ သာမန်ထက်ထိလွယ်ရှလွယ်တဲ့ အနေအထားပါ။  ဒါကြောင့် ပုံမှန်အချိန်တွေထက် နာကျင်မှုကို ပိုမိုခံစားရနိုင် ပါတယ်။ နာကျင်မှုကို နည်းနိုင်သမျှနည်းစေနိုင်တဲ့ နည်းလမ်းလေးတွေကို ပါတနာနဲ့အတူတူ ရှာဖွေကြည့်သင့် ပါတယ်။

    (လိင်စိတ်အထွဋ်အထိပ်ရောက်စေတဲ့ အိပ်မက်တွေမက်တတ်သလား

    မ ဟော်မုန်းမြင့်တက်လာပြီး သွေးလည်ပတ်မှုများလာတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အိပ်ရာနိုးခါစမှာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေ အလိုလိုခံစားလာရနိုင်ပါတယ်။ လိင်စိတ်အထွဋ်အထိပ် ရောက်စေတဲ့ အိပ်မက်တွေကြောင့်ပါ။

    ()  ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ မှုပုံစံ အနေအထားဟာ ကလေးရဲ့ လိင်အပေါ် လွှမ်းမိုးနိုင်တယ်ဆိုတာ ဟုတ်လား

    မဟုတ်ပါဘူး။ ယုံမှားပုံပြင်တွေပါ။ လိင်ဆက်ဆံတဲ့ပုံစံဟာ သားသားလေးမွေးမလား၊ မီးမီးလေးမွေးမလားဆိုတဲ့ အပေါ်မှာ လုံးဝဥဿုံ သက်ရောက်မှုမရှိပါဘူး။

    (အမျိုးသမီးဟာ စိတ်မပါတာမျိုးဖြစ်နိုင်သလား

    ဖြစ်နိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အသစ်ကို ပိုင်ဆိုင်လိုက်ရသလို ခံစားရမှာပါ။ ဒီအခါမှာတော့ လိင်စိတ်တွေကျဆင်းလာမယ်။ သက်သောင့်သက်သာမရှိတော့ဘူး။ မောပန်းလွယ်လာမယ် စတာတွေကို ခံစားလာရမှာပါ။ အထူးသဖြင့် နောက်ဆုံး (၃)လ (3rd trimester) အတွင်းမှာ ပိုဆိုးပါတယ်။

    (ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ဖို့ မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းလာတဲ့အခါ ဘာလုပ်သင့်လဲ

    ဒီလိုစိတ်ဖိစီးမှုတွေကို အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းပါ။

    • နိုင်ငံအရပ်ရပ်က ကိုယ်ဝန်ဆောင်မင်းသမီး၊ မော်ဒယ်တွေရဲ့ ပုံတွေကို ကြည့်ပါ။ “သြော်၊ သူက ငါနဲ့တူပါလား၊ သူအရမ်းလှတာပဲ” စသဖြင့် ဘဝတူကိုယ်ဝန်ဆောင်တွေရဲ့ အလှကိုကြည့်ပြီး ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။
    • မိမိကိုယ်ကို အားပေးတဲ့ စကားတွေပြောနေလိုက်ပါ။ ဥပမာ “ငါလှလိုက်တာ” “ငါ့ကလေးလေး တစ်ယောက်ကို လွယ်ထားနိုင်တာပဲ” စသဖြင့်ပေါ့။
    • ကိုယ်ဝန်ဆောင် ဗိုက်ဖုံးဂါဝန်လှလှလေးတွေ ဝယ်ဝတ်ပါ။

    ကိုယ်ဝန်ဆောင်စဉ် သွေးလည်ပတ်မှုဟာ ပိုမိုကောင်းလာတာကြောင့် သင့်အသားအရေ လှပမှု ပိုရှိလာ မှာပါ။ စိုပြေလှပလာတဲ့ အသားအရေကို အပြည့်အဝပိုင်ဆိုင်လိုက်ပါ။

    (ရှောင်ကြဉ်ရမယ့် လိင်ဆက်ဆံခြင်းတွေရှိလား

    အရိုင်းဆန်တဲ့ ဆက်ဆံမှုတွေပါ။ ဥပမာ ကြာပွတ်နဲ့ ရိုက်တာမျိုး၊ ကြိုးတုပ်ဆက်ဆံတာမျိုးတွေကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် ဗိုက်ကို ကြိုးနဲ့ ချည်နှောင်ထားတာမျိုးဟာ သွေးလည်ပတ်မှုကို ပိတ်ဆို့စေလို့ပါ။ မအင်္ဂါကို လေမှုတ်သွင်းတာမျိုးကိုတော့ လုံးဝ ရှောင်ရှားပါ။ လေကြောင့် သွေးကြောဆို့ခြင်းကို ဖြစ်စေနိုင်ပြီး သေတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

    (၁၀ကလေးမွေးပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံမှုကို ပြန်လည်စတင်နိုင်မလဲ

    မွေးပြီး ခြောက်ပတ်အကြာပါ။ အနာကျက်ပြီးချိန်နဲ့ ပိုးမဝင်နိုင်တော့ဘဲ အခြေအနေရောက်ရင် လိင်ဆက်ဆံမှုကို ပြန်လည်စတင်နိုင်ပါပြီ။ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်နော်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သွေးသားပြောင်းလဲမှုကြောင့် လိင်စိတ်မပါတဲ့သူရှိသလို၊ အတူနေချင်စိတ်ရှိတဲ့သူလည်း ရှိမှာပါ။ ဆရာဝန်က မိခင်ရဲ့ ကျန်းမာရေးထိခိုက်မှာကြောင့် တားမြစ်ထားတာမျိုးမရှိရင် စိတ်ချလက်ချ အတူနေလို့ရပါတယ်။ ဒါက သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်လို့ ဒါနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို အပြစ်တင်စိတ် ဖြစ်စရာ မလိုပါဘူး။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement