backup og meta

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

    ကိုယ်ဝန်ဆောင်ကာလ ဆိုတာ လေဒီလေးတိုင်းအတွက် အလှပဆုံး အခိုက်အတန့်ပါ။ ကောင်းမွန်ခြင်းတွေ၊ ပျော်ရွှင်မှုတွေနဲ့ မျှော်လင့်ချက်တွေကို မွေးဖွားစေတဲ့ ကာလပေါ့။

    ဒီလီုဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတိုင်းက ပျော်ရွှင်ကြတယ်တော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲမှုကြောင့် ကိုယ်ဝန်ဆောင်လေဒီလေးတွေဟာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို ခံစားရတာ များပါတယ်။ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို အများဆုံး ခံစားမိတတ်ကြပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပျော်ပျော်နေပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်စိတ် များလွန်းတာက မေမေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေကို ထိခိုက်စေနိုင်သလို ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်နေဖို့ အရေးကြီးပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်အောင်နေထိုင်တာက ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်သလို ရောဂါဘယကင်းတဲ့ ဘေဘီလေးအဖြစ် မွေးဖွားလာစေမှာပါ။

    ဒီတော့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ဘယ်လိုလေးတွေ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

    ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

    ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ဘာတွေ လုပ်ရမလဲဆိုတော့

    ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အရေးကြီးတဲ့ အချက်က အာဟာရပြည့်ဝမျှတအောင် စားသုံးဖို့ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အခုလိုလေး စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။

    • တစ်နေ့တာ စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ နဲ့ ပရိုတင်းတွေ ပါဝင်အောင် စားသုံးပါ။
    • တစ်ပတ်ကို ၂ ကြိမ် omegas fatty acids ပါတဲ့ ငါးတွေ စားသုံးပေးပါ။ ဒါမှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားပြီး ဦးနှောက် ကောင်းစွာ ဖွံ့ဖြိုးမှာပါ။
    • လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် စားသုံးပါ။
    • အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစားတွေစားသုံးပါ။
    •  ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ တစ်နေ့ကို ရေ ၆ အောင်စကနေ ၈ အာင်စအထိ သောက်ပေးပါ။
    • သေချာကျက်အောင် ချက်ပြုတ်မထားတဲ့ အစားအစာတွေကို မစားပါနဲ့။
    • အယ်လ်ကိုဟောနဲ့ ဆေးလိပ်တွေကို ရှောင်ပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း မလုပ်ခင်မှာတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေ၊ နှလုံးတွေကို သန်မာစေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဖြစ်စေဖို့ ထိန်းပေးနိုင်ပါတယ်။

    စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ခါးနာတာကို သက်သာစေပြီး မွေးဖွားရလွယ်ကူစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ ကိုယ်နဲ့ သင့်တော်မယ့် လေ့ကျင့်ခန်း တွေကို တစ်ပတ်ကို မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်နေချိန်မှာ ရေပြည့်ပြည့်ဝဝ သောက်ပေးဖို့ မမေ့ပါနဲ့။

    သက်တောင့်သက်သာနေပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု များတာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ တတ်နိုင်သမျှ သက်တောင့်သက်သာနေပါ။

    အကောင်းမြင်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ အပျက်သဘောဆောင်တာတွေကို ကြားရကောင်း ကြားရနိုင်ပေမယ့် အတတ်နိုင်ဆုံး အကောင်းမြင်ပေးပါ။ ဒါမှ မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။

    ပြုံးပါ

    ပြုံးတာက စိတ်ဖိစီးမှု ကင်းစေပြီး စိတ်ချမ်းသာစေမယ့် အထိရောက်ဆုံး နည်းလမ်းပါ။ ဒါကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်ပြီး ပျော်ရွှင်နေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ တတ်နိုင်သမျှ ပြုံးပါ။

    ကျန်းမာရေး ဂရုစိုက်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ လိုအပ်တာထက် ပိုတက်မယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာက သိုင်းရွိုက်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆီးချိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါ။ တတ်နိုင်သမျှ ကိုယ်အလေးချိန်ကို ထိန်းပေးပါ။

    လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးပါ။ ဒါမှ မေမေလည်း ကျန်းမာပြီး မွေးဖွားလာတဲ့ ဘေဘီလေးလည်း ကျန်းမာမှာပါ။

    ဒါတွေအပြင် အိပ်ရေးဝဝအိပ်တာ၊ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာ၊ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ခံယူတာကလည်း ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement