ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြာင်းအလဲတွေ၊ စားသောက်နေထိုင်ပုံတွေကြောင့် တချို့သော သွားပြဿနာများ ကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် မိခင်အများစုက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဂရုစိုက်ကြတာဖြစ်လို့ သွားကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ မေ့တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ နဲ့ ဖြေရှင်းနည်းများ သွားကြွေလွှာ ပျက်စီးတာ ကိုယ်ဝန်နုချိန်မှာ အန်တာရော၊ ခဏခဏ စားတာကြောင့်ရော သွားကြွေလွှာတွေက အက်စစ်နဲ့ မကြာခဏ ထိတွေ့ရတတ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ရင့်လာတဲ့အခါ စားချဉ့်ရည်ဆန်တက်တဲ့ ပြဿနာလည်း ဖြစ်လာတာကြောင့် သွားကြွေလွှာက အက်စစ်နဲ့ ထပ်ထိတွေ့ရပြန်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာ သွားကြွေလွှာတွေက အက်စစ်နဲ့ ဆက်တိုက် ထိတွေ့နေရမှာပါ။ ဖြေရှင်းနည်း - ဒါကိုဖြေရှင်းဖို့ဆိုရင် စားသောက်တဲ့ ပုံစံကို ပြောင်းဖို့ လိုပါတယ်။ ခဏခဏ အန်နေတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့ အအန်သက်သာဆေးတွေ […]