ဒုတိယ ၃လပတ်
ဒုတိယပတ်မှာတော့ ကိုယ်ဝန်ဆောင်တွေက နေရသာ သက်သာလာပါပြီ။ ပထမ၃လပတ်လောက် အပြောင်းအလဲတွေ အများကြီး မတွေ့ရတော့သလို မွေးဖို့လည်း လိုသေးတော့ အေးအေးချမ်းချမ်း နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်လအလိုက် သတိထားရမယ့် ပြဿနာအချို့တော့ ရှိပါသေးတယ်။
ပထမ၃လပတ်လောက် အဖြစ်မများတော့ပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ မိန်းမကိုယ်က သွေးဆင်းရင် (အထူးသဖြင့် ၂၀ပတ်မတိုင်ခင်ဆိုရင်) ဆရာဝန်နဲ့ ပြသပါ။
၃၇ပတ် မတိုင်ခင် မွေးသမျှကို လမစေ့ဘဲ မွေးခြင်းလို့ သတ်မှတ်ပါတယ်။ ဆီးအိမ်ပိုးဝင်တဲ့ အမျိုးသမီးတွေ၊ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ၊ ဆီးချိုလိုမျိုး ရောဂါအခံရှိရင် စောမွေးတတ်ပါတယ်။ ရုတ်တရက်ခါးနာတာ၊ အဖြူတွေဆင်းတာ၊ သားအိမ်ညှစ်တာ၊ သွေးဆင်းတာတွေရှိရင် ဆရာဝန်နဲ့ ပြသပါ။
လမစေ့သေးဘဲ ရေမြွာရည်စောပေါက်ပြီဆိုရင် ကလေးစောမွေးနိုင်ခြေ များပါတယ်။ ဘာကြောင့်လည်း ဆိုတာ သေချာမသိပေမယ့် ရေမြွာရည်ပိုးဝင်တာကြောင့် စောပေါက်တယ်လို့ ယူဆကြပါတယ်။ မတော်တဆများ ဒီချိန်မှာ စောမွေးခဲ့မယ်ဆိုရင် ကလေးရဲ့ အဆုတ်က ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်တိုင်း စိုးရိမ်ရတဲ့ ပြဿနာပါ။ သွေးတွေတိုး၊ ခြေထောက်တွေ ဖောပြီး ဆီးထဲမှာ အသားဓာတ်တွေ များနေတတ်ပါတယ်။ အခန့်မသင့်ရင် တက်ပါ တက်သွားတတ်ပါတယ်။ ဒါက ကြိုတင်ကာကွယ်လို့ ရတဲ့ ပြဿနာ မဟုတ်သလို ဘာကြောင့် ဖြစ်လဲဆိုတာလည်း မသိကြသေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ရက်ချိန်းပုံမှန်သွားမယ်ဆိုရင် စောစောသိပြီး ဂရုစိုက်လို့ရပါတယ်။
တတိယကိုယ်ဝန် ၃လပတ်
ကိုယ်ဝန်လအလိုက် ဂရုစိုက်ရမယ့် ရောဂါတွေက နည်းသွားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့်ပဲ ကိုယ်ဝန်ဆောင်တွေကို ဖူးဖူးမှုတ်ထားရတာပေါ့။ တတိယပတ်မှာ မွေးခါနီးနည်းဖြစ်ပေမယ့် ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာလေးတွေ ရှိပါသေးတယ်။
ကိုယ်ဝန် ၂၄ပတ်နဲ့ ၂၈ပတ် ကြားရောက်လာပြီဆိုရင် ကိုယ်ဝန်ဆောင် ဆီးချိုရှိမရှိဆိုတာစစ်ဆးရမှာပါ။ ရှိခဲ့ရင်လည်း စနစ်တကျ ကုသမှု ခံယူရမှာပါ။ ဒါမှ မွေးဖွားချိန်မှာ မိခင်ရော ကလေးမှာ အန္တရာယ် ကင်းမှာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုဆိုတိုင်းလည်း မကြောက်ပါနဲ့။ စနစ်တကျထိန်းပြီး စားသောက်နေထိုင်မှုပုံစံ မှန်ကန်မယ်ဆိုရင် ပြဿနာမရှိပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။