backup og meta

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

    ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

    ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

    ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားက တင်းပြီးနာတာ၊ ရင်သားကို နှိပ်လိုက်ချိန်မှာ ရင်သားထဲက စူးသလိုလို နာကျင်တာက ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲမှု တစ်ခုပါ။

    ကိုယ်ဝန်ဆောင်ချိန် ရင်သား နာကျင်တာကို ကိုယ်ဝန်ဆောင်ကာလ ၄ ပတ် ကနေ ၆ ပတ်လောက်မှာ သိသိသာသာကို နာကျင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမ ၃ လပတ် ပြီးချိန်မှာတော့ ရင်သားနာကျင်တာက တဖြည်းဖြည်း သက်သာလာပါတယ်။ 

    နောက်ပြီး ကိုယ်ဝန်ဆောင်ကာလ တတိယ ၃ လပတ်အတွင်းမှာလည်း ရင်သားနာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီလို ရင်သားနာကျင်မှု အတိုင်းအတာက အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်မှာ မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာကျင်တာနဲ့အတူ ခြေကုန်လက်ပမ်းကျတာ၊ မအီမသာဖြစ်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်

    လေဒီလေးတွေအနေနဲ့ မျိုးဥက သန္ဓေအောင်ပြီးချိန်မှာ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကို စတင် ထုတ်လွှတ်ပါတယ်။ အမည်အားဖြင့် ပြောရမယ်ဆိုရင်တော့ အီစထရိုဂျင်၊ ပရိုဂျက်စတုန်းနဲ့ ပရိုလက်တင် လိုမျိုးဟော်မုန်းတွေက ရင်သားမှာ ရှိတဲ့ နို့ရည်ပြု ဂလင်းတွေကို လှုံ့ဆော်ပေးပြီး မွေးဖွားလာမယ့် ဘေဘီလေးကို အာဟာရဖြည့်ပေးမယ့်  နို့ရည်ကို စတင်ဖြစ်စေပေါ်စေပါတယ်။ 

    ဒီလို ဖြစ်စဉ်ကပဲ  ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတာပါ။ ဒီနာကျင်မှုက ဘေဘီလေးကို မွေးဖွားပြီးချိန် နို့ချိုတိုက်ကျွေးနေချိန်မှာလည်း ရင်သားနာကျင်တာကို ခံစားရနိုင်ပါတယ်။ 

    ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲ!

    ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာကို သက်သာစေဖို့အတွက် ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာကို သက်သာစေဖို့အတွက် – 

    • ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် ဘယာကို ဝတ်ဆင်ပါ 

    ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာကို သက်သာစေဖို့ဆိုရင် အားကစားလုပ်တဲ့ ဘရာ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ဘရာကို ဝတ်ဆင်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားက ပိုကြီး ပိုတင်းလာပါလိမ့်မယ်။ ဒါကြောင့် ဘယာဆိုဒ်လည်း ကြီးလာပါလိမ့်မယ်။ အရင်တုန်းက ဝတ်ခဲ့တဲ့ ဘယာတွေကို ဝတ်တာထက် ဆိုဒ်‌ပြောင်းပြီး ဝတ်ပါ။ ရင်သားကို ပင့်တင်နိုင်တဲ ဘယာကို ဝတ်ပါ။

    • သက်သောင့်သက်သာနေပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားနာတာကို သက်သာစေဖို့ဆိုရင်တော့ နေ့ရက်တိုင်းမှာ သက်သောင့်သက်သာဖြစ်အောင် နေပါ။ ဒါကြောင့် ရင်သားနာကျင်နေချိန်မှာ နားနားနေနေနဲ့ သက်သောင့်သက်သာလေး နားပေးပါ။

  • ပွပွချောင်ချောင်လေး ဝတ်ပါ
  • ချည်သားပွပွချောင်ချောင်လေးကို ဝတ်ဆင်ပေးပြီး ရင်သားကို ကျပ်စည်းတာမျိုး မဖြစ်စေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်ပေးတာက ကိုယ်ဝန်ဆောင်မေမေကို သက်သောင့်သက်သာ ဖြစ်စေမှာ ဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို သက်သာစေနိုင်မှာပါ။

    • လက်နဲ့ သွားသွား မထိပါနဲ့

    ရင်သားနာကျင်နေချိန်မှာ ရင်သားကို ခဏခဏ သွားထိတာ၊ သွားဖိတာမျိုး လုပ်တာက ရင်သားနာကျင်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် ရင်သားနာကျင်တာကို သက်သာစေဖို့ဆိုရင်တော့ လက်နဲ့ သွားသွား ဖိတာမျိုး မလုပ်ပါနဲ့။

    • ရေခဲဝတ်လေး ကပ်ပေးပါ

    ကိုယ်ဝန်ဆောင်ချိန် ရင်သားနာကျင်တာကို သက်သာစေဖို့အတွက် ရေခဲတုံးလေးတွေကို တဘက်ထဲ ထည့်ပြီး ရင်သားကို ၁၅ မိနစ်လောက် ကပ်ပေးတာကလည်း ရင်သားနာတာကို သက်သာစေမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို သက်သာစေဖို့ ရေခဲဝတ်လေး ကပ်ပေးဖို့ မမေ့ပါနဲ့။

    • ရေနွေးနဲ့ ရေချိုးပါ

    ကိုယ်ဝန်ဆောင်ချိန် ရင်သားနာကျင်တာကို သက်သာစေဖို့ဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ရေချိုးပါ။ ဒီလို ချိုးတာက သွေးလည်ပတ်မှု ကောင်းစေပြီး ရင်သားနာတာကို သိသိသာသာ သက်သာစေမှာပါ။

    ဒီနည်းလမ်းတွေ လုပ်ကြည့်ပေမယ့် မသက်သာဘူး။ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement