home

ကိုယ်ဝန်ဆောင်ကာလ

ဂုဏ်ယူပါတယ်။ သင်ဘဝထဲကို ဘေဘီလေး ရောက်ရှိနေပါပြီ။ ဒီအချိန်မှာ စိုးရိမ်တာ၊ စိတ်ပူတာတွေက ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာတွေပါ။ ဒါပေမယ့် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလတလျှောက် ကျွန်ုပ်တို့က သင်နဲ့အတူ ရှိနေပေးမှာပါ။ ကိုယ်ဝန်ဆောင် အပတ်စဉ်လိုက် ဖွံ့ဖြိုးမှုတွေကို ဒီနေရာမှာ ကိုယ်တိုင် ဝင်ရောက်လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလ

တုပ်ကွေး ဆိုတာက မိုးလေးပဲ ဝင်ဝင် ဆောင်းလေးပဲ ကူးကူး မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်ပါ။ ဒီဧည့်သည်က လာလည်ပြီး ဒီအတိုင်း နေတာ မဟုတ်ပါဘူး။ နေထိုင်မကောင်းဖြစ်စေတာပါ။ တုပ်ကွေးက ပုံမှန် သူတွေမှာတောင် တော်တော်လေး ခံစားရခက်တာပါ။ ဒီလို ခံစားရခက်တဲ့ ဝေဒနာကို ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတာကြောင့် ကိုယ်ခံအား နည်းနေတဲ့ မေမေတွေမှာဆိုရင် ပိုပြီး ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတွေကို တုပ်ကွေး ကာကွယ်ဆေးတွေ ကြိုတင် ထိုးနှံခိုင်းတာပါ။ ဒါမှလည်း တုပ်ကွေးကြောင့် မဖြစ်မှာလေ။ ကိုယ်ဝန်ဆောင် မေမေ တုပ်ကွေး မဖြစ်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ လေဒီတွေထဲမှာ တုပ်ကွေး ဖြစ်နိုင်ခြေ အမြင့်ဆုံးသူတွေက ဘယ်သူတွေလဲ ...... အမျိုးသမီးတွေထဲမှာ ကိုယ်ဝန်ဆောင်တွေက တုပ်ကွေးဖြစ်နိုင်ခြေ အမြင့်ဆုံးပါ။ အကြောင်းကတော့ […]

အမေးအဖြေကဏ္ဍ

ကိုယ်ဝန်ဆောင်ကာလ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အရင်က တံထွေးတွေ အဲ့လောက် များများ ထွက်တာမျိုး မရှိပါဘူး။ ခုမှ တံထွေးတွေ အများကြီး ထွက်နေတယ်။ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုရယ်ဆိုလို့ ကိုယ်ဝန်ဆောင်တာတော့ ရှိတယ်။ ဒါဆို ကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား............. ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် တံထွေးပိုထွက်နိုင်ပါတယ်။ ဒါက ဘယ်အချိန် ဖြစ်မယ်ရယ်လို့ အတိအကျ ပြောလို့ မရဘဲ ရုတ်တရက် ဖြစ်လာတာမျိုးပါ။ ကိုယ်ဝန် ရစမှာ ဖြစ်တာ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ကာလ ၂ ပတ် ကနေ ၃ ပတ်လောက်မှာ စဖြစ်တာပါ။ ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေးတွေ အများကြီးထွက်နေရတာလဲ....... ကိုယ်ဝတ်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ကိုယ်ဝန်ဆောင် ဟော်မုန်း ပြောင်းလဲတာကြောင့် တံထွေးဂလင်း အလုပ်လုပ်ပုံ ပြောင်းလဲပြီး တံထွေးတွေ အများကြီး ထွက်လာရတာပါ။ […]

ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်ပြီဆိုရင် ကိုးလလုံးလုံး မိခင်ရော ကလေးပါ ကျန်းမာဖို့ ကြိုးစားအားထုတ်ရပါတယ်။ ဒါမှ ၁၀လပြည့်တဲ့အခါ ကျန်းမာတဲ့ ကလေးလေးကို မွေးဖွားနိုင်မှာပါ။ ဒီနေရာမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ အရေးပါလာပါပြီ။ ကိုယ်ဝန်ကို ဘယ်လိုစောင့်ရှောက်ကြမလဲ။ ဆောင်ရန် ရှောင်ရန်တွေက ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အခြေခံစည်းမျဉ်းများ ကိုယ်ဝန်အပ်ခြင်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှာ အခြေခံအကျဆုံးက ကိုယ်ဝန်အပ်ခြင်းပါပဲ။ ကိုယ်ဝန်အပ်တယ်ဆိုတာ ကိုယ်နဲ့ ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို ကျွမ်းကျင်ပညာရှင်နဲ့အတူ စောင့်ရှောက်တာပါ။ ကိုယ်ဝန်ဘယ်ချိန်မှာ အပ်ရမလဲဆိုတာကလည်း အမေးများဆုံး မေးခွန်းတစ်ခုပါပဲ။ တချို့က အာထွာဆောင်းရိုက်ခါနီးမှ အပ်ရမယ်လို့ ထင်ကြပါတယ်။ တကယ်က ကိုယ်ဝန်ရှိရှိချင်း အပ်တာက စိတ်အချရဆုံးပါပဲ။ တချို့ဆိုရင် ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးတည်းက သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာနေကြပါပြီ။ မွေးရာပါ ချို့ယွင်းချက်တွေက first trimester လို့ […]

ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်ဆိုတာ အမြဲတမ်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ အထဲမှာ နုနယ်တဲ့ သန္ဓေသားလေးရှိနေတဲ့အတွက် တစ်ခုခုကို သူ့ကို ထိခိုက်မလားဆိုပြီး စိုးရိမ်နေရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က တခြားတစ်ယောက်လို ပြောင်းလဲသွားတဲ့အတွက်  အရင်က မကြုံဖူးတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်လအလိုက် ဘာပြဿနာတွေ ကြုံရနိုင်လဲ။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ ပထမ ၃လပတ် ပထမ၃လပတ်မှာ ကြုံရတဲ့ ကိုယ်ဝန်ဆောင် ပြဿနာတွေက မိခင်ထက် ကလေးကို ပိုပြီး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာ၊ သန္ဓေမှားတည်တာ၊ စပျစ်သီးကိုယ်ဝန် စတာတွေ ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ပျက်တာ ကိုယ်ဝန်ပျက်တာက လနုချိန်မှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် ၅ယောက်မှာ ၁ယောက်လောက်က အပတ် ၂၀မတိုင်ခင်မှာ ကိုယ်ဝန်ပျက်တတ်ပါတယ်။ အထူးသဖြင့် ပထမ ၁၂ပတ်မှာပါ။ ပျက်ရတဲ့ အဓိကအကြောင်းရင်းကတော့ […]

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

မိခင်လောင်း မေမေတိုင်းဟာ မကြာခင်မွေးဖွားလာမယ့် မိမိရဲ့ ရင်သွေးလေးကို ကျန်းမာပြီး  ရောဂါကင်းစင်စေချင်ကြတာချည်းပါပဲ။ ဒါကြောင့် ယခုဆောင်းပါးမှာ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေက မိခင်မှရင်သွေးကို ဘယ်လိုမျိုး ကူးစက်တတ် သလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ (၁)      HIV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ခုခံအားကျဆင်းမှု အေအိုင်ဒီအက်စ်ရောဂါ။              ။ တိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာ ဆေးဝါးတွေ ပေါ်ပေါက်လာပြီဖြစ်လို့ ကံကောင်း တယ်လို့ ဆိုရမှာပါပဲ။ မိခင်မှာ HIV ပိုးရှိသည့်တိုင် ရင်သွေးကို မကူးစက်အောင်၊ ကူးစက်နှုန်း နည်းပါးအောင် သောက်လို့ရတဲ့ ဆေးတွေရှိနေပါပြီ။ သို့သော်လည်း ရောဂါပိုးရဲ့ အခြေအနေပေါ်မူတည်ပြီး ကူးစက်မှုတော့ ရှိနိုင်ပါသေးတယ်။ မိခင်တစ်ဦးမှာ HIV ပိုးရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကာ ကိုယ်ဝန်ဆောင်စဉ်ကာလမှ အစပြုပြီး မိမိရဲ့ရင်သွေးလေးထံ ရောဂါပိုး ပါမသွားလေအောင် […]

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ မဖြစ်မနေ စဉ်းစားကြတဲ့ အကြောင်းအရာက ကိုယ်ဝန်ဆောင်အားဆေးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးကို ဘယ်လိုသောက်သုံးသင့်သလဲ၊ ဘယ်အချိန်မှာ စတင်သောက်သင့်သလဲ၊ ဆေးထဲမှာ ဘာဓာတ်တွေ ပါဝင်သလဲ စတာတွေဟာ မိခင်လောင်းတွေအနေနဲ့ သိလိုကြတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးဆိုတာကတော့ လူသားတို့ သုံးစွဲနေကြ ဗီတာမင်နဲ့ သတ္တုဓာတ်အချို့ထဲကမှ မိခင်လောင်းကျန်းမာရေးနဲ့ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုမယ့် ဖြည့်စွက်အားဆေးတွေကို စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးမှာ အောက်ပါ ဗီတာမင်တွေ ပါဝင်ပါတယ်။ တနည်းပြောရရင် ကိုယ်ဝန်ဆောင်အားဆေးတမျိုးမျိုးကို သောက်သုံးတော့မယ်ဆိုရင် အောက်ပါအာဟာရဓာတ်တွေ ပါမပါ စစ်ဆေးသင့်ပါတယ်။ ဖောလိတ် ဖောလိတ်ဟာ ကိုယ်ခန္ဓာရဲ့ဖြစ်စဉ်မျိုးစုံအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကလေးကောင်းကောင်းဖွံ့ဖြိုးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အာရုံကြောမကြီး ကောင်းစွာ ဖွံ့ဖြိုးဖို့နဲ့ မျိုးရိုးဗီဇ ဒီအန်အေဖွဲ့စည်းနိုင်ဖို့ ဖောလိတ်ဟာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ Omega 3 Omega 3 […]

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတို့ရဲ့ဘဝမှာ အမှတ်တရကိစ္စတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုရင် ကိုယ်ခန္ဓာကို အကောင်းဆုံး အာဟာရဓာတ်ရရှိအောင် စားသောက်ပေးဖို့လည်း လိုပါတယ်။ ပုံမှန်အားဖြင့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်းကို မြင့်တက်စေတဲ့ အာဟာရဓာတ်တွေ မျှတအောင် စားသောက်ပေးဖို့ လိုပါတယ်။ အောက်ပါအာဟာရဓာတ်များကတော့ ကိုယ်ဝန်ဆောင်လိုသူ အမျိုးသမီးများအနေနဲ့ ပုံမှန်သုံးစွဲသင့်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ဇင့် အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဇင့်ဓာတ်ချို့ယွင်းခြင်းဟာ မျိုးဥသန္ဓေအောင်နိုင်စွမ်းအပေါ် ထိခိုက်နိုင်ခြေရှိကြောင်း သိရပါတယ်။ မကြာသေးမီက တွေ့ရှိခဲ့တဲ့ သုတေသနတွေအရ ဇင့်ဓာတ်ဟာ သန္ဓေအောင်ဖို့ အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ မျိုးဥများ ဆဲလ်ကွဲပွားခြင်း၊ ဒီအန်အေဖွဲ့စည်းဖြစ်ပေါ်ခြင်း၊ သားလောင်းများ ဖွံ့ဖြိုးခြင်း စတာတွေမှာ အရေးပါပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအတွက် တစ်နေ့တာ ဇင့်ဓာတ်လိုအပ်ချက်ကတော့ ၈ မီလီဂရမ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့တိုက်ချိန်နေမှာတော့ ၁၂ မီလီဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် […]

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးများအတွက်တော့ စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ပါတယ်။ ဖိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုတွေ ပေါ်လာတတ်ပါတယ်။ ကိစ္စရပ် တစ်ခုခုပြုမယ်ကြံတိုင်း ကိုယ်ဝန်အတွက် အဆင်ပြေပါ့မလား စဉ်းစားလာတတ်ကြပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာများကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ စဉ်းစားဆုံးဖြတ်ရာမှာ တွေဝေစေတတ်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိကြောင်း ဘယ်အချိန်မှာ အသိပေးသင့်သလဲ စစ်တမ်းများအရ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ဟာ မိမိမှာကိုယ်ဝန်ရှိကြောင်း သိလိုက်ရပေမယ့် မသေချာမှာစိုးတာကြောင့် မိမိခင်ပွန်းကိုဖြစ်စေ၊ ရင်းနှီးကျွမ်းဝင်သူများကိုဖြစ်စေ မပြောသေးဘဲ ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်ရှိတယ်ပြောပြီးမှ ပျက်ကျသွားတာမျိုး ကြုံရမှာလည်း စိုးကြပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းအများစုဟာ ၁၂ပတ်တာကာလအတွင်းမှာ ဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်များနေရင် အဆိုပါကာလလွန်မှ ပြောနိုင်ပါတယ်။ ဒီကိစ္စကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းထားဖို့တော့ ခက်ပါတယ်။ ကိုယ်ဝန် ၈ ပတ်မြောက်မှာ အာထရာဆောင်းရိုက်ကြည့်ပြီး ကလေးရဲ့နှလုံးခုန်ခြင်းကို တွေ့ရရင်တော့ ပျက်ကျနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီဗိုက်လေး အများစု သိထားတာက ဘေဘီလေး ကျန်းမာစေဖို့ အယ်လ်ကိုဟောကို ရှောင်ရမယ်ပေါ့။ တကယ်ကတော့ ကိုယ်ဝန် ဆောင်နေချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေအပြင် ရှောင်ရမယ့် အရာတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ အချိုရည်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အချိုရည်သောက်တာ ဘေးကင်းရဲ့လား......... အမှန်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ နို့၊ အသီးစစ်စစ်ကို ဖျော်ထားတဲ့ အသီးဖျော်ရည်၊ မစ်ရှိတ်စ်တွေက အဆင်အပြေဆုံးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုဒါ၊ အချိုရည်၊ ကဖင်းပါတဲ့ သောက်စရာတွေ။ အားဖြည့်အချိုရည်လိုမျိုး သောက်စရာတွေကို လုံးဝရှောင်ရှား သင့်ပါတယ်။ အရမ်းပူတဲ့အခါ အချိုရည် အေးအေးလေး သောက်ချင်တဲ့ အာသီသ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဖြစ်နိုင်ရင် မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်နေချိန်မှာ ချိုချိုအေးအေးလေး သောက်ချင်တယ်ဆိုရင် သစ်သီးစစ်စစ်ကို ကြိတ်ဖျော်ထားတဲ့ အသီးဖျော်ရည်။ သံပုရာရည်၊ အုန်းစိမ်းရည်တို့က အသင့်တော်ဆုံးပါ။ […]

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ လေအဆက်မပြတ်တက်ခြင်း၊ လေလည်ခြင်း စတာတွေဟာ သဘာဝပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာတွင်း ပြောင်းလဲမှုမျိုးစုံ ဖြစ်တတ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေမှာ လေထခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းဟော်မုန်း ပိုမိုထွက်ရှိလာခြင်းက လေပွလေထခြင်းနဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ ပရိုဂျက်စထရုန်းဟော်မုန်းဟာ ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် အစာအိမ်အူလမ်းကြောင်းကြွက်သားတွေပါ လှုပ်ရှားမှုနည်းသွားပြီး အစာခြေခြင်းကိုပါ နှေးသွားစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲ ဓာတ်ငွေ့များ စုဝေးလာပြီး လေပွခြင်း၊ လေထခြင်း၊ လေလည်ခြင်းတွေ ပိုမိုကြုံတွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကြီးထွားလာတဲ့ သားအိမ်ရဲ့ဖိအားကြောင့် အစာကြေဖို့ နှေးပြီး လေပိုပွတတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆိုပါ လေပွလေထခြင်းကို အိမ်တွင်းကုထုံးများနဲ့ ဘယ်လိုကုသမလဲ ဆိုတာပါပဲ။ ၁။ အရည်များများသောက်ပါ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ရေကို တစ်နေ့တာမှာ ၈ခွက်ကနေ ၁၀ခွက်အထိ (၈ အောင်စဝင်ဆန့်သောခွက်ဖြင့်) သောက်သုံးသင့်ပါတယ်။ […]

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာ မိတ်ဆွေသူငယ်ချင်းများဆီက၊ မိသားစုဝင်များထံက အကြံဉာဏ်ပေးတာတွေ ကြုံရပါတယ်။ အကြံဉာဏ်တချို့ဟာ တန်ဖိုးရှိပေမယ့် မှားယွင်းတဲ့ အချက်အလက်တွေလည်း ရှိနေတယ်ဆိုတာ သတိပြုရပါမယ်။ ဥပမာ ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးစားမယ်ဆိုရင် ကိုယ်ဝန်ပျက်တတ်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအရသာရော အာဟာရဓာတ်ရော ပြည့်စုံတဲ့အသီးကို ၉လလုံးလုံး မရှောင်ခင်မှာ အောက်ပါအချက်တွေကို ဖတ်ရှုစေလိုပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားသင့်သလား ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားနိုင်ပါတယ်။ တချို့ကတော့ ကိုယ်ဝန်စောပြီး ပျက်ကျတတ်လို့ နာနတ်သီးကိုရှောင်ဖို့ အကြံပြုကြပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ အထောက်အထား မခိုင်မာပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးက ဘေးဥပါဒ်ဖြစ်စေတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားလည်း မရှိပါဘူး။ ဒါဟာ ကောလာဟလသက်သက်လို့ ဆိုနိုင်ပါတယ်။ နာနတ်သီးနှင့် ဘရိုမီလိန်း နာနတ်သီးရဲ့ထူးခြားချက်တခုကတော့ သူ့ဆီမှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ကြွယ်ဝပါတယ်။ ဘရိုမီလိန်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးစွဲသင့်ဘူးလို့ ဆိုကြပါတယ်။ကိုယ်ခန္ဓာထဲက […]

ကိုယ်ဝန်ဆောင်ကာလ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy