home

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ဆိုတာ မိခင်တိုင်းအတွက် လိုအပ်ပါတယ်။ မွေးဖွားပြီး ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

Motion sickness ဆိုတာဟာ တစ်နည်းအားဖြင့် ရွေ့လျားမှုကြောင့် ဖြစ်တဲ့ နေထိုင်မကောင်းဖြစ်ခြင်း တစ်မျိုးပါပဲ။ ဥပမာ- ကားမူးတာ၊ လှိုင်းမူးတာ၊ လေယာဉ်စီးရင်မူးတာ စသဖြင့်ပေါ့။ အချို့သူတွေမှာ အဲ့ဒီလို Motion sickness ဖြစ်လေ့ရှိပြီး ဖြစ်လာတဲ့အခါမှာ မူးတာအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ မောလာခြင်း၊ ချွေးစေးပြန်လာခြင်း၊ အသားအရောင်ဖြူဖျော့လာခြင်း စတဲ့ လက္ခဏာတွေပါ ဖြစ်လေ့ရှိပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ နဲ့ အချို့သော ဆေးတွေ(ဥပမာ- စိတ်ကျခြင်းကို ကုသတဲ့ဆေးတွေ၊ ပိုးသတ်ဆေးအချို့၊ နဲ့ ပန်းနာရင်ကျပ်ဆေးတွေ) သောက်နေတဲ့ သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဓိကအားဖြင့် motion sickness တွေဖြစ်လာတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်ကြမယ်၊ နောက်ထပ် မဖြစ်အောင် ဘယ်လို […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

Lactational Mastitis (မိခင်နို့တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ကဘာလဲ။ နို့တိုက်သောကြောင့် ရင်သားရောင်ခြင်းဆိုသည်မှာကလေးကိုမိခင်နို့ တိုက်နေတဲ့ကာလမှာရင်သားတွင် ပိုးဝင်ခြင်းကြောင့် နာခြင်း၊ နီခြင်း၊ ဖျားခြင်း၊ ကြွက်သားများကိုက်ခဲခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ဖြစ်ပါတယ်။ ၎င်းက ကလေးမွေးဖွားပြီးနောက် ပထမဆုံးခြောက်ပတ်အတွင်းမှာအဖြစ်အများဆုံးဖြစ်ပါတယ်။ Lactational Mastitis (မိခင်နို့တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အန္တရာယ်ဖြစ်စေတဲ့အချက်တွေကိုလျှော့ချခြင်းနဲ့ ဆောင်ရွက်နိုင် ပါတယ်။ (အခြားအချက်အလက်များသိရှိရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) ကဘာလဲ။ ရိုးရိုးမွေးဖွားပြီးတာပဲဖြစ်ဖြစ် ခွဲပြီးမွေးထားတာပဲဖြစ်ဖြစ် နို့တိုက်နေချိန်မှာပဲဖြစ်ဖြစ် ဘယ်လိုပိုးဝင်ခြင်းမျိုးကိုမဆို ကလေးမွေးပြီးချိန်မိခင်တွင်ပိုးဝင်တယ်လို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ ကလေးရိုးရိုးမွေးရချိန်မှာဖြစ်ဖြစ် ခွဲမွေးချိန်မှာဖြစ်ဖြစ် ဒဏ်ရာရထားတာမျိုးရှိရင် နောက်ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်ပြောင်းလဲ မှုကြောင့် ကလေးမွေးဖွားပြီးနောက်မိခင်တွင်ပိုးဝင်ခြင်းဆိုတာဖြစ်တတ်ပါတယ်။ ကလေးမွေးပြီးတဲ့နောက်မှာ မိခင်တွေက နာကျင်မှုတွေခံစားရတတ်တာကြောင့် ပိုးဝင်ခြင်းကြောင့်နာတာလား ဒါမှမဟုတ် ကလေးမွေးပြီးနောက်နာကျင်ခြင်းလားဆိုတာ ရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ အဖြစ်များတဲ့ပိုးဝင်ခြင်းတွေကတော့ -သားအိမ်အလွှာများယောင်ရမ်းခြင်း သားအိမ်အလွှာပိုးဝင်ခြင်းကိုခေါ်တာပါ။ -ရင်သားယောင်ခြင်း -ခွဲတဲ့နေရာမှာပိုးဝင်ခြင်း -ဆီးလမ်းကြောင်းပိုးဝင်ခြင်း Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ လေ့လာတွေ့ရှိချက်တစ်ခုကတော့ ၉၄ရာခိုင်နှုန်းသော ကလေးမွေးဖွားပြီးနောက်ပိုးဝင်ခြင်းက ဆေးရုံကဆင်းပေးလိုက်ပြီးတဲ့နောက်မှ တွေ့ရတတ်တယ်လို့ပြောပါတယ်။ ကလေးမွေးဖွားပြီးနောက် ပိုးဝင်ခြင်း က သန့်သန့်ရှင်းရှင်းနေထိုင်ခြင်းမရှိတဲ့အချိန်မျိုး ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုမကောင်းတဲ့အခါမျိုးမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။ သို့ပေမယ့် အဲ့ဒါတွေကို အန္တရာယ်ရှိစေတဲ့အချက်တွေကို လျှော့ချစေခြင်းဖြင့် စီမံဆောင်ရွက်နေပါတယ်။ တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

Melasma ဆိုတာ အမျိုးသမီးအများစု ခံစားရလေ့ရှိတဲ့ အခြေအနေတခု ဖြစ်ပြီး ကိုယ်ဝန်ဆောင်နေစဉ်နဲ့ မီးဖွားပြီးကာလတွေမှာ အထူးသဖြင့် ခံစားရလေ့ရှိပါတယ်။ ဒီတော့ Melasma ဖြစ်ပွားမှုကို ဘယ်လိုလျှော့ချမလဲ၊ဖြစ်လာရင်ရော ဘယ်လိုကုသမလဲ။ ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်လိုက်ရအောင်။   ၁။ Tri-luma ကို အသုံးပြုခြင်း ဒီကုသမှုနည်းလမ်းဟာ melasma အတွက် အကောင်းဆုံးသော ကုသမှုပုံစံဖြစ်တယ်လို့ လက်ခံထားခဲ့ကြတာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။Tri-luma ဆိုတာဟာ အဓိကပါဝင်ပစ္စည်းသုံးမျိုးပါဝင်တဲ့ အသားအရေထိန်းသိမ်းရေး လိမ်းဆေးတမျိုး ဖြစ်ပါတယ်။ · အသားအရေကို ဖြူလာစေတဲ့ Hydroquinone ။ · အရေပြားအသစ် ပြန်လည်ဖြစ်ပေါ်မှုကို လျင်မြန်စေတဲ့ Retinoid ။ · ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတဲ့ ကော်တီကိုစတီးရွိက် စတာတွေ ပါဝင်ပါတယ်။ အဓိကအချက်ကတော့ melanin ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်မှာ အရေးကြီးအခန်းကဏ္ဍကနေပါဝင်တဲ့ tyrosinase အင်ဇိုင်းမ်ကို hydroquinone က တားဆီးပိတ်ဆို့ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နယူးယော့ခ်မှာရှိတဲ့ […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားအပြီးတွင် မိခင်ကို အာဟာရ လုံလောက်စွာ ကျွေးခြင်းသည် အလွန်အရေးပါသည်။ သူမ၏ ခန္ဓါကိုယ်ကို အားသစ်ဖြစ်စေရန်နှင့် မီးဖွားအပြီး ပြန်လည်သက်သာစေရန် အကူအညီပေးသောကြောင့် ဖြစ်သည်။ ယဉ်ကျေးမှုအမျိုးမျိုး တွင် မီးဖွားအပြီး အာဟာရဖြစ်စေသည်ဟု ယုံကြည်သော ရိုးရာအစားအစာ အမျိုးမျိုး ရှိသည်။ မလေးရှားတွင်လည်း ရှိပါသည်။ ထိုရိုးရာအစာများ၏ အာဟာရတန်ဖိုး အကြောင်း ကျွမ်းကျင်သူများက ဘယ်လိုဆိုထားသလဲ ကြည့်ရအောင်။ Jamu ( ဆေးဖက်ဝင်၊ အမြစ်နှင့် ဟင်းခတ်အမွှေး အကြိုင် ဖြစ်သည်) ရိုးရာဓလေ့အရ Jamu သည် မိခင်၏ ခန္ဓါကိုယ် နွေးထွေးမှု ကို ထိန်းပေးသည်၊ အားအင် ပြည့်စေသည်၊ အဆီကို ကျစေ ပြီး သားအိမ်အရွယ်အစားကို သေးစေသည်ဟု ယုံကြည် ကြသည်။ သို့သော်လည်း မီးဖွားအပြီး Jamu သုံးစွဲခြင်း၏ […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကလေးမွေးဖွားပြီးချိန်မှာ သင်ဟာ ၂ယောက်စာ စားနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေ မေ့ထားပြီး အသင့်စား စားစရာတွေ စားနိုင်ပြီလို့ မဆိုလိုပါဘူး။ သင့်ကလေးဟာ မိခင်နို့ကတဆင့် ဗီတာမင်နဲ့ ဓာတ်ဆားဓာတ်တွေကို ရယူနေသေးလို့ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ စားစရာ ၁၂မျိုးကတော့ သင်နဲ့သင့်ကလေးအတွက် အထူးကောင်းမွန်တဲ့ စားစရာတွေပဲ ဖြစ်ပါတယ်။ ၁။ အုတ်ဂျုံမှုန့် အုတ်ဂျုံမှုန့်မှာ သံဓာတ်ပါဝင်တာမို့ သင်ဟာ သံဓာတ်အားနည်းပြီး မိခင်နို့အပေါ် သက်ရောက်မှု ဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး။ သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး နို့ထွက်နှုန်းကောင်းစေပါတယ်။ ၂။ မက်မွန် မက်မွန်ဟာ ပရိုတိန်းဓာတ်ကြွယ်ဝရုံမက အဆီမပါတဲ့ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ နို့တိုက်မိခင်များဟာ တစ်နေ့ကို ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်ခန့် လိုအပ်ပါတယ်။ ဒါမှဟာ မွေးကင်းစကလေးဟာ ကယ်လ်ဆီယမ်ဓာတ် အပြည့်အ၀ ရရှိမှာ […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

အာရှအသားအရေဟာ ရောဂါအခြေအနေအမျိုးမျိုး ဖြစ်နိုင်ခြေရှိပြီး ရောဂါတစ်မျိုးကတော့ melasma လို့ခေါ်တဲ့ အရေပြားအရောင်ရင့်ခြင်း ပဲဖြစ်ပါတယ်။ သင့်မှာ melasma ရှိတာကြောင့် ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်မရှိဘူးဆိုရင် သင့်ကို သတင်းကောင်းပေးလိုပါတယ်။ သိပ္ပံပညာရှင်တွေဟာ melasma ရဲ့ ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒါကတော့ လေဆာကုထုံးပဲဖြစ်ပါတယ်။ Melasma ဆိုတာဘာလဲ။ သင့်အရေပြားရဲ့ အရောင်ကို melanin ပမာဏက ဆုံးဖြတ်ပေးပါတယ်။ melasma ဟာ melanin ပိုထုတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရောင်ရင့်ခြင်း တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ နဖူး၊ ပါး၊ အပေါ်နှုတ်ခမ်းနဲ့ မေးရိုးတစ်လျှောက်မှာ အညိုရောင် အစက်အပြောက်တွေ အဖြစ်တွေ့မြင်ရပြီး နေရောင်၊ ဟော်မုန်းကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဟော်မုန်းအစားထိုးကုသမှု ခံယူနေသူတွေမှာ melasma ကို တွေ့ရတာဖြစ်ပါတယ်။ နေရောင်ခြည် ရရှိမှုများတဲ့ နေရာတွေ ဖြစ်တဲ့ အာရှနဲ့ […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားစဉ်စုတ်ပြဲသွားတာမျိုး၊ မွေးလမ်းဝချဲ့ခဲ့ရတဲ့အခြေအနေမျိုးမှာ မီးဖွားပြီးနောက်မှာ မိန်းမကိုယ်ကိုပြန်လည်ပြင်ဆင်ဖို့လိုပါလိမ့်မယ်၊ ပြန်ချုပ်တဲ့နည်းကို ဆရာဝန်တွေအသုံးပြုတတ်ပါတယ်။ မီးဖွားပြီးနောက်မှာ မိန်းမကိုယ်နေရာကို ရောဂါပိုးတွေမဝင်စေဖို့နဲ့ အနာမြန်မြန်ပြန်သက်သာစေဖို့အတွက်လည်း ဂရုတစိုက်ရှိဖို့ လိုပါတယ်။ ကလေးမီးဖွားပြီးစမှာ ဘာလုပ်ရမလဲ ကလေးမွေးမွေးပြီးချင်း ပထမရက်သတ္တပတ်အနည်းငယ်မှာ မိန်းမကိုယ်နေရာကနာကျင်နေပါလိမ့်မယ်၊ အထူးသဖြင့် ပြန်ချုပ်ထားရတဲ့အခြေအနေဆိုရင်ပေါ့။ တကိုယ်ရည်သန့်ရှင်းမှုကောင်းခြင်းဟာ အနာပြန်သက်သာဖို့ ကြီးမားတဲ့အထောက်အပံ့ပါ။ မြန်မြန်သက်သာစေဖို့ နောက်ထပ်နည်းလမ်းတွေကတော့ • အိမ်သာသွားပြီးတဲ့အခါတိုင်း ရေနွေးနွေးလေးနဲ့ဆေးပေးပါ။ လက်တွေသန့်ရှင်းနေရပြီး ခံဖို့အသုံးပြုတဲ့ပစ္စည်းကို မကြာခဏလဲပေးဖို့လည်း မမေ့ပါနဲ့။ • နေရထိုင်ရမသက်သာရင် ရေခဲအနည်းငယ်အသုံးပြုနိုင်ပါတယ်။ ဒဏ်ရာကြီးပါက ပိုးသတ်ဆေးအရည်တစ်မျိုးမျိုးသုံးပေးနိုင်ပါတယ်။ • ဝမ်းမချုပ်စေရန် အမျှင်ဓါတ်များများပါတာကို စားသုံးပေးပါ. ဝမ်းချုပ်ခြင်းဟာ ဒဏ်ရာကိုပိုနာစေပြီး ပိုဆိုးလာစေနိုင်ပါတယ်။ မိန်းမကိုယ်နေရာ စောင့်ရှောက်ရန်နည်းလမ်း မိန်းမကိုယ်နေရာနဲ့ တင်ပါးဆုံရိုးအခြေမှာရှိတဲ့ ကြွက်သားတွေ ပြန်လည်သန်စွမ်းလာဖို့က ထိုအသိရှိဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့အလေးချိန်ဟာ ထိုကြွက်သားတွေ လျော့ရဲ့သွားဖို့လုံလောက်တာကြောင့် သင်ဟာ သာမန်မွေးနည်းနဲ့မွေးမွေးမမွေးမွေး သိရန်လိုအပ်ပါတယ်။ မီးဖွားပြီးဆရာဝန်ပြန်ပြရတိုင်းမှာ သင့်မိန်းမကိုယ်မှ ဒဏ်ရာကောင်းကောင်းကျက်နေရဲ့လားဆိုတာ အမြဲစစ်ဆေးနေမှာပါ။ ပြန်လည်ပြုပြင်ဖို့နည်းလမ်းကိုတော့ များသောအားဖြင့်တော့ […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy