ကြိုတင်ပြင်ဆင်ခြင်း

ကလေးမွေးဖွားဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်း သည် အရေးကြီးပါသည်။ သေချာပြင်ဆင်ထားမှသာ ချောချောမွေ့မွေ့ မွေးနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကြိုတင်ပြင်ဆင်ခြင်း

ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့

ဗိုက်ထဲမှာ ဘေဘီလေး ရှိတဲ့ မေမေတိုင်းရဲ့ ပထမဆန္ဒက ကျန်းမာတဲ့ ကလေးလေး မွေးဖွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ လွယ်ကူစွာ ဖွားမြင်နိုင်ဖို့ ဖြစ်ပါမယ်။ ဘေဘီလေးကို မွေးဖွားရမယ့်ရက် နီးလာလေလေ ကလေးကို အဆင်ပြေပြေမှ မီးဖွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်က တော်တော်လေးများလာလေလေပါ။ ကလေးမွေးဖွားတယ်ဆိုတာက မိခင်တစ်ယောက်ရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုပေါ့။ ဒီလို မှတ်တိုင်ကို ခက်ခဲမှု ကင်းကင်းနဲ့ စိုက်ထူနိုင်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ကဲ ..... ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ [embed-health-tool-due-date] ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ ကတော့ ကိုယ်အလေးချိန် ထိန်းပါ ကိုယ်ဝန်ဆောင်ချိန်မှာ အစားတွေ အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ကိုယ်အလေးချိန်တွေ တိုးလာပါတယ်။ […]

ကြိုတင်ပြင်ဆင်ခြင်း ကို ရှာဖွေမည်။

ကြိုတင်ပြင်ဆင်ခြင်း

ကလေးမွေးဖွားစဉ် ယောနိကွဲထွက်ခြင်းမပြင်းထန်အောင် ဘယ်လိုနေထိုင်ဆင်ခြင်မလဲ

ကလေးမွေးဖွားမယ့်ရက်နီးလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကလေးအတွက် စိတ်လှုပ်ရှားနေတဲ့ခံစားမှုအစား ကလေးဘယ်လိုမွေးဖွားလာမလဲ ကလေးမွေးဖွားချိန်မှာဘာတွေဖြစ်နိုင်သလဲ ဆိုတာကို စိတ်ပူကြောက်ရွံ့ကြတဲ့ ခံစားမှုတွေ အစားထိုးလာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နာကျင်မှုနဲ့ ကိုယ်ဝန်ပြဿနာတစ်ခုခုကြောင့် အန္တရာယ်ဖြစ်နိုင်တာတွေနဲ့စာရင် အမျိုးသမီးတွေရဲ့ အကြီးမားဆုံးစိုးရိမ်ပူပန်မှုကတော့ ယောနိစုတ်ပြဲခြင်းဖြစ်မှာကိုပါပဲ။ ကံကောင်းတာက ဒါဟာ ကာကွယ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပြိး မိခင်လောင်းတွေဟာအောက်ပါနည်းလမ်းတွေကိုလိုက်နာမယ်ဆိုရင် ယောနိစုတ်ပြဲခြင်းအန္တရာယ်ဖြစ်နိုင်ချေကို သိသိသာသာကို လျှော့ချပေးနိုင်မှာပါ။ (၁)ကျန်းမာစွာနေထိုင်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားပါ။ ဆိုလိုတာက အရည်ပြား တစ်သျှူးတွေကို သန်မာပြီး ကြုံ့ဆန့်နိုင်အောင်ကူညီထောက်ပံ့ပေးနိုင်မယ့် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေလုံလောက်စွာပါဝင်တာမျိုးကို စားသုံးပါ။ နှလုံးသွေးကြောနဲ့ ကြွက်သားစနစ်တွေ သန်မာစေနိုင်မယ့် လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်တာက ကလေးမွေးဖွားစဉ် ညှစ်တဲ့အချိန်မှာ ပိုပြီးသန်မာစေပြီးသက်လုံလည်းပိုကောင်းစေပါတယ်။ ယောဂ၊ Kegel လေ့ကျင့်ခန်း နဲ့လမ်းလျှောက်တာစတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ မိခင်တွေဟာ မွေးဖွားစဉ်မှာ ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေမဖြစ်စေဖို့ ကာကွယ်နိုင်ရန်အတွက် အသက်ရှူနည်းစနစ်ကိုလည်း လေ့လာသင်ယူထားသင့်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ရောဆောင်ပြီးချိန်မှာပါ ခန္ဓါကိုယ်အလေးချိန်ကိုထိန်းသင့်ပါတယ်။ ကိုယ်အလေးချိန်တိုးခြင်းနဲ့ အဝလွန်ခြင်းတွေဟာ ယောနိနဲ့စအိုကြားမျက်နှာပြင် […]


ကြိုတင်ပြင်ဆင်ခြင်း

ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။

ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ သေသေချာချာ သိရှိနိုင်စေဖို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ ဆိုတော့ ဆုံပိုင်းပြင်ခြင်း ဆိုတာ ဗိုက်ထဲက သန္ဓေသားလေးကို မူမမှန်ပုံစံကနေ သင့်တော်တဲ့ပုံစံဖြစ်အောင် အပြင်က လှည့်ပေးတာကို ခေါ်ပါတယ်။ ဒီလို လှည့်ပေးလိုက်ခြင်းအားဖြင့် ရိုးရိုးမွေးရတာ ပိုပြီးလွယ်ကူသွားမှာ ဖြစ်ပါတယ်။ ချောမွေ့စွာ မီးဖွားနိုင်ဖို့အတွက် တင်ပဆုံပိုင်း ဖြစ်နေတဲ့ ဒါမှမဟုတ် ကန့်လန့်ဖြစ်နေတဲ့ သန္ဓေသားလေးကို ပုံမှန်ဖြစ်တဲ့ ခေါင်းပိုင်းဖြစ်သွားအောင် လုပ်ပေးရပါတယ်။ ဒီလို ဆုံပိုင်းပြင်တာကို နေ့စေ့လစေ့မတိုင်ခင် (အများအားဖြင့် ကိုယ်ဝန်၃၇ပတ်လောက်မှာ) လုပ်လေ့ရှိကြသလို မွေးနေရင်းအချိန်(ရေမြွာမပေါက်ခင်လေးမှာ)မှာလည်း လုပ်တဲ့အခြေအနေတွေ ရှိပါတယ်။ တခုရှိတာက တင်ပဆုံပိုင်းဖြစ်နေလို့ လှည့်လိုက်တဲ့အခါ မအောင်မြင်ဖူးဆိုရင်တော့ ဒီတိုင်းဆုံပိုင်းမွေးရင်မွေး ဒါမှမဟုတ် လိုအပ်ရင် ဗိုက်ခွဲပြီး မွေးရတတ်ပါတယ်။ ဘာတွေကို စောင့်ကြည့်နေရမလဲ။ ဆုံပိုင်းပြင်တဲ့အခါ မေမေ့ဗိုက်ထဲက သန္ဓေသားလေးရဲ့ အခြေအနေကို တောက်လျှောက်သတိထားပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း