ကိုယ်ဝန်ဆောင် မေမေ တွေက ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးတဲ့အထိ အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုစိုက်ရပါတယ်။ ဒီကလေးလေး ကျန်းကျန်းမာမာနဲ့ မွေးလာနိုင်ဖို့ ဒီ မေမေ ကပဲ အစစအရာရာ သတိထားနေရတာပါ။ ဒီလိုဂရုစိုက်တဲ့နေရာမှာ ဘယ်ရောဂါပိုးမှ မဝင်အောင်လည်း သတိထားရပါသေးတယ်။ ကိုယ်ကလူကြီးမို့လို့ ဘာပြဿနာမှမရှိပေမယ့် ဗိုက်ထဲက ကလေးလေးကတော့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူးနော်။ တချို့ရောဂါတွေဆိုရင် ကလေးပျက်ကျတာ၊ အသေမွေးတာ၊ မွေးခဲ့ရင်တောင်မှ ချို့ယွင်းချက်တွေပါနေတာ ဒီလောက်ထိပြင်းထန်တတ်ပါတယ်။ ဒီလိုကူးစက်တတ်တဲ့ရောဂါတွေတွေထဲမှာ အတွေ့ရအများဆုံးကတော့ Toxoplasmosisလို့ခေါ်တဲ့ ရောဂါပါပဲ။ ဒီရောဂါက ကြောင်ကကူးတာအများဆုံးမို့လို့ ကြောင်ချစ်တဲ့ ကိုယ်ဝန်ဆောင်မေမေတွေ သတိထားလို့ရအောင် ဆက်ပြီးလေ့လာကြည့်ရအောင်။