ကိုယ်ဝန်ဆောင်တာက အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်မှာ စွန့်စားရတဲ့ကာလတစ်ခုပါ။ ဒီ ကိုယ်ဝန်ဆောင်ကာလ မှာ အစစအရာရာကို ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရော၊ မိခင်ပါကျန်းမာစေဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိနေပါတယ်။ ဒီအချက်တွေက အရမ်းမခက်ခဲသလို အရမ်းကြီးလွယ်လှတယ်တော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် မိခင်ရော ရင်သွေးလေးပါကျန်းမာချင်တယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။