ကိုယ်ဝန်ပျက်ကျရခြင်း၏ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကိုယ်ဝန်ပျက်ကျရခြင်း၏ အကြောင်းရင်းများ

ကလေးယူဖို့ပြင်ဆင်နေတဲ့ စုံတွဲအတွက်ကတော့ ကိုယ်ဝန်ပျက်ကျခြင်းကို အကြောက်ဆုံးပါ။ ရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းရင်းတွေရှိတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာသိခြင်းအားဖြင့် ထိန်းချုပ်ကာကွယ်လို့တော့ရပါတယ်။

ရှောင်လွှဲလို့မရသောအကြောင်းရင်းများ

မျိုးရိုးဗီဇ

သင် သို့မဟုတ် သင့်ရဲ့ကလေး၏ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်ရှိနေခဲ့ရင် ကိုယ်ဝန်ပျက်ကျဖို့ နီးစပ်ပါတယ်။ ပထမသုံးလပတ်အတွင်းပျက်ကျမှုတွေရဲ့ ၇၀ ရာခိုင်နှုန်း နှင့် ဒုတိယသုံးလပတ်အတွင်းပျက်ကျမှုတွေရဲ့ ၂၀ ရာခိုင်နှုန်း က သန္ဓေသားရဲ့ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။

သွေးစီးဆင်းမှု နည်းခြင်း

သွေးချို ဆီးချိုရောဂါ၊ လည်ပင်းအကျိတ်ရောဂါ၊ နှလုံးရောဂါ နှင့် သားအိမ်တွင်းပိုးဝင်၍ရောင်ရမ်းခြင်း ကဲ့သို့သော ရောဂါများသည် သားအိမ်သို့သွေးစီးဆင်းမှုကို နည်းပါးစေပြီး ကိုယ်ဝန်ပျက်ကျစေပါတယ်။

ကိုယ်ခံအားစနစ်ပျက်ယွင်းသည့်ရောဂါများ

ကိုယ်ခံအားစနစ် အားကောင်းလွန်းခြင်း သို့မဟုတ် အားနည်းလွန်းတဲ့ အခြေအနေတွေမှာ ကိုယ်ဝန်ကို သားအိမ်ကလက်မခံနိုင်စေတဲ့အတွက် မကြာခဏကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

ဟော်မုန်းဓါတ်မညီမျှခြင်း

ဟော်မုန်းဓါတ်တွေဟာ ကိုယ်ဝန်ရယူဖို့ တည်မြဲဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဥပမာ၊ အချင်းမှ ထုတ်လွတ်သော ပရိုဂျက်စရုန်း လို့ခေါ်တဲ့ဟော်မုန်းဓါတ်ဟာ သားအိမ်နံရံ ကြံ့ခိုင်မှု့အတွက်အရေးကြီး ပါတယ်။ ထို့အတွက် မိမိခန္ဓါကိုယ်မှာသာ ပရိုဂျက်စရုန်း ဟော်မုန်းဓါတ် နည်းပါးနေမယ်ဆိုရင် ကိုယ်ဝန် ပျက်ကျစေပါလိမ့်မယ်။

အချင်း၊ သားအိမ်ခေါင်းနှင့်ဆိုင်သော ရောဂါများ

အချင်းရဲ့ တည်နေရာမမှန်ခြင်း နှင့် သားအိမ်ခေါင်းပျော့၍အဝကျယ်နေခြင်း စတဲ့အခြေအနေတွေက ကိုယ်ဝန်ပျက်ကျစေပါတယ်။ အချင်း နှင့်ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေခဲ့မယ်ဆိုရင် သန္ဓေသားသွေး ရရှိမှု လုံလောက်မှာမဟုတ်ပါ။

ရှောင်ကြဉ်တားဆီးနိုင်သောအကြောင်းရင်းများ

ဘဝနေထိုင်မှုပုံစံ

ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းနှင့် ပတ်ဝန်းကျင်မှ ဝင်ရောက်နိုင်သောအဆိပ် အတောက် စသည်တို့ဟာ သန္ဓေသား သို့ သွေးပို့လွှတ်မှုနည်းစေခြင်းဖြင့် ကြီးထွားမှုကိုနှေးကွေးစေသည်။ သင်ဟာ ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဒီအရာတွေကို ရှောင်ကြဉ်လိုက်ဖို့လိုပါတယ်။

ဆရာဝန်မှ ညွန်ကြားတဲ့ ပေါ့ပါးသောလေ့ကျင့်ခန်း လုပ်ခြင်းကလည်း စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်မှုကိုသက်သာစေခြင်း၊ ကိုယ်ဝန်ဆောင်စဉ်သွေးချိုဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့ကျစေခြင်းနဲ့ မွေးဖွားတဲ့အခါမှာ သက်လုံကောင်းစေခြင်းစသည့်အကြောင်းများကြောင့် ကိုယ်ဝန် ပျက်ကျမှုကိုလျော့နည်းစေနိုင်သလို သန္ဓေသား ကိုလည်းကျန်းမာစေပါတယ်။ အလေးမခြင်းလိုမျိုး အကြီးစား လေ့ကျင့်ခန်းမျိုး မဟုတ်ဘဲ ယောဂ ကဲ့သို့သော ညှင်ညှင်သာသာပြုလုပ်ရတဲ့ လေ့ကျင့်ခန်း မျိုးတွေက သင့်ရဲ့ကျန်းမာရေးကိုပါကောင်းမွန်စေပါတယ်။

ဆေးဝါးများ

တချို့သောဆေးဝါးတွေက ကိုယ်ဝန်ပျက်ကျစေပါတယ်။ မီဆိုပရိုစတော(mesoprostol), ရက်တီနွိုက် (retinoid), မီသိုထရက်စိတ် (methotrexate) နှင့် အိုင်ဗြူပရိုဖန်(ibuprofen) ကဲ့သို့သော အကိုက်အခဲ ပျောက်ဆေးများ စတာတွေကိုရှောင်ကြဉ်ဖို့လိုပါတယ်။ ထို့ကြောင့် ဆရာဝန်မညွှန်ကြားဘဲ မည်သည့် ဆေးဝါးမှမသောက်တာအကောင်းဆုံးပါ။

သင်ဟာကိုယ်ဝန်ဆောင်ဖို့စီစဉ်တဲ့အခါ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်အရွယ်ကလည်း ကိုယ်ဝန်ပျက်ကျမှု နဲ့သက်ဆိုင်ပါတယ်။

  • အသက် ၃၀ အောက်အမျိုးသမီးများတွင် ၁၀ ယောက်မှာ တစ်ယောက်က ပျက်ကျနိုင်ပါတယ်။
  • အသက် ၃၅ နှင့် ၃၉ အတွင်းအမျိုးသမီးတွေမှာ ၁၀ ယောက်မှ ၂ ယောက်အထိ ပျက်ကျနိုင်ပါတယ်။
  • အသက် ၄၅ နှင့် အထက်အမျိုးသမီးတွေမှာ ၁၀ ယောက်မှာ ၅ ယောက်နှင့်အထက်အထိ ပျက်ကျနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျခြင်းဟာ စိတ်ဓါတ်ကျခြင်း၊ ဒေါသဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း စတဲ့ ရေရှည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်စေနိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်ကျမှုကိုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်း တစ်ခုကတော့ အသိပညာ ဗဟုသုတ မရှိတာပဲဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

အယ်လ်ကိုဟော အရက် ဘီယာ ဝိုင် အရက်သောက်ခြင်း ရုပ်ရင့်ခြင်း ရင့်ရော်ခြင်း အသားအရေ အဆိပ်အတောက် ကျန်းမာရေး ဆိုးကျိုး အကြောင်းရင်း ထိခိုက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

 ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား

 ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား ကျောက်ကပ် ဆီးချိုရောဂါ ကျောက်ကပ်ရောဂါ ဆီးမထိန်းနိုင်ဖြစ်ခြင်း လည်ပင်း   အနာကျက်နှေး အမြင်အာရုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ

ဝက်ခြံ အသားအရေ အလှအပ ကျန်းမာရေး အကြောင်းရင်း မျိုးဗီဇ အလှကုန် ပျိုဖော်ဝင်ချိန် ဟော်မုန်း အပြောင်းအလဲ ကိုယ်လက်လှုပ်ရှားမှု စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ပဲပိစပ် နဲ့ သတိပြုစရာများ

ပဲပိစပ် ပဲပိစပ်ဆီ ပဲနို့ ပဲပြား ပရိုတင်း ပဲပိစပ်ထုတ်ကုန် ရောဂါအခံ ကျန်းမာရေးပြဿနာ အကျိုးကျေးဇူး ဘေးထွက်ဆိုးကျိုး အကြောင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘိုးဘိုး ဘွားဘွား အရွယ် အရိုးအဆစ် နာကျင်လွယ်တာ ဒါတွေကြောင့်ပါ

ဘိုးဘိုး ဘွားဘွား အရွယ် အရိုးအဆစ် နာကျင်လွယ်တာ ဒါတွေကြောင့်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 2 mins read
ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read