banner

နှလုံးကျန်းမာရေး စစ်ဆေးခြင်း

Subot Icon

လေဖြတ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း‌ကနေ စစ်ဆေးလို့ ရနေပါပြီ

Subot Icon

နှလုံးခုန်မမှန်တာကြောင့် လေဖြတ် နိုင်သလားဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

Subot Icon

အွန်လိုင်းကနေ နှလုံးရောဂါ ဖြစ်နိုင်ခြေ စစ်ဆေး နိုင်ပါပြီ

နှလုံးကျန်းမာရေးအတွက် အမေးများတဲ့ မေးခွန်းများ

"နှလုံးသွေးကြောဆိုင်ရာရောဂါ (CVD) ဆိုတာ ဘာလဲ။

Icon Chevron

နှလုံးသွေးကြောဆိုင်ရာရောဂါ (CVD) ဆိုတာက နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေအားလုံးကို ခြုံပြီး ခေါ်တာပါ။ နှလုံးသွေးကြောရောဂါက အာရှနိုင်ငံတွေဖြစ်ပွားနေတဲ့ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါပေမယ့် ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ "

"ဘာတွေကများ နှလုံးသွေးကြောဆိုင်ရာရောဂါကို ဖြစ်စေတာလဲ။

Icon Chevron

နှလုံးသွေးကြောဆိုင်ရာရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိပေမယ့် အများစုကတော့ နှလုံးသွေးကြောကျဉ်းတာနဲ့ ဆက်စပ်နေပါတယ်။ သွေးကြောနံရံတွေမှာ အနယ်တွေစုပုံလာတဲ့အခါ သွေးကြောတွေကျဉ်းလာပြီး သွေးတွေစီးဆင်းရ ခက်လာပါတယ်။"

ပိုမိုသိရှိလိုပါသည်:

နှလုံးသွေးကြော ရောဂါများ

"နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ။

Icon Chevron

နေထိုင်မှုပုံစံ အလေ့အထတွေကို ပြောင်းလဲလိုက်တာက နှလုံးသွေးကြောဆိုင်ရာ ရောဂါ မဖြစ်အောင် ကာကွယ်ရာမှာ အများကြီး ထိရောက်မှု ရှိပါတယ်။ ဥပမာပြောပြရရင် သွေးပေါင်ချိန်ကို ထိန်းညှိတာ၊ သွေးတွင်းကိုလက်စထရောလျှော့ချတာမျိုးတွေက နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။"

"ကိုလက်စထရောနဲ့ နှလုံးကျန်းမာရေး ဘယ်လို ဆက်စပ်နေသလဲ။

Icon Chevron

ကိုလက်စထရောဆိုတဲ့နေရာမှာ အကျိုးပြု ကိုလက်စထရော (HDL) နဲ့ အကျိုးမပြု ကိုလက်စထရော (LDL) ဆိုပြီး ၂ မျိုး ရှိပါတယ်။ HDL ကိုလက်စထရောက သွေးထဲက ကိုလက်စထရောတွေကို စုပ်ယူပြီး ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားဖို့ အသည်းဆီကို ပို့ဆောင်ပေးပါတယ်။ LDL ကတော့ ကိုလက်စထရောတွေကို ကိုလက်စထရော လိုအပ်နေတဲ့ခန္ဓာကိုယ် နေရာအနှံ့ဆီကို သယ်ဆောင်သွားပါတယ်။ ဒါကြောင့်လည်း LDL ကိုလက်စထရောကို အကျိုးမပြု ကိုလက်စထရောလို့ ခေါ်တာပါ။ အကြောင်းကတော့ သွေးကြောတွေထဲမှာ LDL ကိုလက်စထရောတွေများတာက သွေးကြောနံရံတွေမှာ အဆီတွေ စုပုံစေပြီး သွေးကြောတွေကို ပိတ်ဆို့စေတာကြောင့် သွေးစီးဆင်းဖို့ ခက်ခဲစေပါတယ်။ "

"နှလုံးကျန်းမာစေဖို့ အစားအစာကို ဘယ်လို ရွေးချယ်မလဲ။

Icon Chevron

အဆီနဲ့ ဆိုဒီယမ်လို့ခေါ်တဲ့ အငန်ဓာတ် ပါဝင်မှုနည်းတဲ့ စားသောက်မှုပုံစံနဲ့ ပမာဏကို ထိန်းချုပ်ပြီး စားတာက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ နှလုံး ကျန်းမာစေဖို့ အခြားသော အစားအစာ ရွေးချယ်မှုတွေအနေနဲ့ - သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားပေးပါ။ - နေ့စဉ် စားသုံးမှုမှာ နှံစားသီးနှံတွေ များများပါဝင်အောင် စားသုံးပေးပါ။ - ထောပတ် ဒါမှမဟုတ် တိရစ္ဆာန်ကနေရတဲ့ အဆီတွေလိုမျိုး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေအစား သံလွင်ဆီလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကို ရွေးချယ်ပေးပါ။ - အဆီနည်းတဲ့ အစားအစာတွေကို ရွေးချယ်ပါ။ "

"နှလုံးကျန်းမာစေမယ့် ဘဝနေထိုင်မှုပုံစံကို ဘယ်လို ရွေးချယ်မလဲ။

Icon Chevron

ကိုလက်စထရော ပမာဏ နည်းပြီး သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ ဘဝနေထိုင်မှုပုံစံက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒီလို နှလုံးကျန်းမာစေမယ့် ဘဝနေထိုင်မှုပုံစံမှာ - ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတအောင် စားသုံးခြင်း - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ထိန်းညှိခြင်း - ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ခြင်း (လေ့ကျင့်ခန်း လုပ်ခြင်း) - ဆေးလိပ်နဲ့ အရက်လျှော့သောက်ခြင်း ဒါမှမဟုတ် ဖြတ်ခြင်းတို့ ပါဝင်ပါတယ်။ "

"ရုတ်တရက် နှလုံးရပ်ခြင်းရဲ့ အစောပိုင်း လက္ခဏာတွေက ဘာတွေလဲ။

Icon Chevron

ရုတ်တရက် နှလုံးရပ်ခြင်းရဲ့ အစောပိုင်း သတိပေးလက္ခဏာတွေထဲမှာ အခုလို အချက်တွေ ပါဝင်နေပါတယ်။ - ရင်ဘတ်အောင့်ခြင်း သို့မဟုတ် သက်သောင့်သက်သာ မဖြစ်ခြင်း - အမောဖောက်ခြင်း - ခေါင်းမူးခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း၊ ချွေးစေးတွေပြန်ပြီး အေးစက်နေခြင်း - မေးရိုး၊ လည်ပင်း၊ နောက်ကျောထဲက နာကျင်ခြင်း - လက်မောင်းနဲ့ ပခုံး တစ်ဖက် ဒါမှမဟုတ် ၂ ဖက်စလုံး နာကျင်ခြင်းတို့ ဖြစ်ပါတယ်။"

"အမျိုးသား နဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါ ခံစားရတာ ကွာခြားမှု ရှိသလား။

Icon Chevron

အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း တော်တော်များများတူပေမယ့် အမျိုးသမီးတွေက နှလုံး အရွယ်အစား ပိုသေးတာ၊ နဂိုတည်းက သွေးကြောတွေ ပိုသေးတာတွေကြောင့် နှလုံးရောဂါ ခံစားရနိုင်ခြေ ပိုများပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေက အမျိုးသားတွေထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေနဲ့ ပတ်သက်လို့ ထူးခြားတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်၊ ဥပမာ တွေ့ရခဲတဲ့ လက္ခဏာတွေ ဖြစ်တဲ့ အစာမကြေတာ၊ မောတာ၊ နောက်ကျောတက်တာမျိုးပါ။ အမျိုုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူတဲ့ နှလုံးရောဂါ ခံစားရနိုင်တဲ့ အကြောင်းရင်းခံတွေ ရှိပါတယ်။ ဒါတွေကတော့ - သွေးဆုံးချိန် မတိုင်ခင်မှာ တက်စထရိုစတုန်းဟော်မုန်း ပမာဏမြင့်တက်နေတာ - သွေးဆုံးချိန်ကာလအတွင်း သွေးတိုးရောဂါ ခံစားရနိုင်ခြေ များနေတာ - လေးဖက်နာ အဆစ်ရာင်ရောဂါလိုမျိုး autoimmune ရောဂါတွေ ခံစားရတာ - စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေပါ။ ဒီလိုမျိုး တွေ့ရခဲတဲ့ လက္ခဏာတွေကို သတိလက်လွတ်ဖြစ်နေခြင်းက အမျိုးသမီးတွေကို နှလုံးကျန်းမာရေးအတွက် သင့်တော်တဲ့ ကုသမှုတွေ ခံယူဖို့ လစ်ဟင်းစေပါလိမ့်မယ်။"

"နှလုံးရောဂါက လေဖြတ်တာနဲ့ ဘယ်လို ဆက်စပ်နေလဲ။

Icon Chevron

လေဖြတ်တာက သွေးခဲပိတ်ဆို့တာကြောင့် ဖြစ်တဲ့ (ischemic stroke) နဲ့ သွေးကြောပေါက်တာကြောင့် ဖြစ်တဲ့ (hemorrhagic stroke) ဆိုပြီး ရှိပါတယ်။ နှလုံးရောဂါက လေဖြတ်တာနဲ့ ဆက်စပ်နေရတဲ့ အကြောင်းအရင်းကတော့ သွေးတိုးတာကြောင့်ပါ။ သွေးတိုးတာက သွေးကြောနံရံတွေကို ပျက်စီးစေ နိုင်သလို သွေးကြောတွေထဲမှာ အနယ်တွေစုပုံပြီး ဦးနှောက်ဆီ စီးဆင်းတဲ့ သွေးကြောတွေ ပိတ်ဆို့သွားတာကြောင့်လည်း ဖြစ်ပါတယ်။ "

ပိုမိုသိရှိလိုပါသည်:

လေဖြတ်တယ်ဆိုတာ

"နှလုံးရောဂါကို မကုသဘဲ ထားရင် ဘာတွေဖြစ်မလဲ။

Icon Chevron

နှလုံးရောဂါကို မကုသဘဲ ထားမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်ခြေ များလာမှာပါ။ လူတစ်ယောက်ဟာ ရုတ်တရက် နှလုံးရပ်တဲ့ အခြေအနေကနေ ရှင်သန်နိုင်တယ် ဆိုပေမယ့်လည်း နှလုံးရောဂါကို မကုသဘဲ ထားမယ်ဆိုရင်တော့ သက်တမ်းတိုနိုင်ပါတယ်။ နေ့စဉ်သွားသွားလာလာလှုပ်တဲ့အခါတွေမှာတောင် မောတာတာ၊ နှလုံးညှစ်အားကျဆင်းတာလိုမျိုး ပြဿနာတွေကို ခံစားရတာကြောင့် ဘဝရှင်သန်မှုကို ထိခိုက်စေနိုင်ပါတယ်။ "

"နှလုံးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်လေးများ

Icon Chevron

နှလုံးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်လေးတွေကတော့ - သင့်နှလုံးက သင့်လက်နှစ်ဖက်ကို လက်ချောင်းတွေချင်း ယှက်ပြီးဆုပ်ကိုင်ထားတဲ့ အရွယ်အစားနီးပါး ရှိပါတယ်။ - တစ်နေ့တာမှာ နှလုံးက အကြိမ်ရေ ၁၁၅၀၀၀ ခုန်ပါတယ်။ - နှလုံးကို ခန္ဓာကိုယ်ထဲက ထုတ်လိုက်ချိန်မှာတောင် နှလုံးက ဆက်ခုန်နေနိုင်ပါတယ်။ - ပျော်ရွှင်စရာတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ - လူသားတွေက အသည်းကွဲ (နှလုံးကွဲ) တာကို အမှန်တကယ် ခံစားရနိုင်ပါတယ်။ - အကြီးမားဆုံးသော နှလုံးကို ပိုင်ဆိုင်ထားတဲ့ တိရစ္ဆာန်ကတော့ အပြာရောင် ဝေလငါးတွေပါ။ "

"ဒါတွေကို ဖတ်ပြီးပေမယ့် နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးချင်တာလေးတွေ ရှိနေသေးတယ်။ ဘာလုပ်ရမလဲ။

Icon Chevron

နှလုံးကျန်းမာရေးအတွက် ပြည့်ပြည့်စုံစုံ သိရှိနိုင်စေဖို့ Hello Sayarwon ရဲ့ နှလုံးကျန်းမာရေး ကဏ္ဍကို ဝင်ရောက်လေ့လာနိုင်ပါသည်။ နောက်ထပ် အရေးတကြီး သိချင်တဲ့ မေးခွန်းများအတွက် ကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ "

သင့်နှလုံးနဲ့ပတ်သက်ပြီး ဒါတွေသိထားသင့်ပါတယ်။

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

သက်ရှိတွေ ရှင်သန်နေလားဆိုတာကို ဆန်းစစ်ကြည့်လို့ရတဲ့ အင်္ဂါအစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ သင့်ရဲ့ ရင်ဘတ် ဘယ်ဘက်ခြမ်းထဲမှာရှိတဲ့ တဒုတ်ဒုတ်နဲ့ စည်းချက်မှန်မှန် ခုန်နေတဲ့  နှလုံးလေး ပါ။ ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း နှလုံးက မှန်မှန်ခုန်နေဖို့လိုသလို စည်းချက်မှန်နေဖို့လည်း လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်အနှံ့ကို သွေးတွေ၊ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်မှာပါ။ ဒီလိုမှပဲ ခန္ဓာကိုယ်က ကျန်းမာတော့မှာပေါ့။ နှလုံး ဆိုတာ  နှလုံးလေးက သင့်ရဲ့ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိတဲ့ ကိုယ်တွင်းအင်္ဂါလေးပါ။ ရင်ဘတ်ရဲ့ အရှေ့ဘက် အလယ်နားလေးမှာရှိပြီး ရင်ညွန့်ရိုးရဲ့ ဘယ်ဘက် အနောက်နားလေးမှာ ရှိပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သွေးတွေကို ညှစ်ထုတ်ပေးပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေကို ပေးပို့ပါတယ်။ နှလုံးလေးကို ဘယ်လို […]

နှလုံးရောဂါဖြစ်နိုင်ခြေ ရှိသလား။

နှလုံးရောဂါ

နှလုံးရောဂါ အကြောင်း

နှလုံးရောဂါ ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့ ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။ နှလုံးရောဂါ အကြောင်း နှလုံးရောဂါဆိုတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါအမြောက်အများကို စုဝေးခေါ်ဆိုတာဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးအစားအမျိုးမျိုးရှိသလို ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ မြင့်မားလှတဲ့ရောဂါအုပ်စု တစ်ခုပါ။ များသောအားဖြင့် နှလုံးရောဂါရဲ့ လက္ခဏာတွေက အချိန်အတန်ကြာမှ သိသိသာသာပြသလာတတ်တာပြီး ကနဦးအခြေအနေတွေမှာ တိတ်တိတ်ကလေး တွယ်ငြိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပိုပြီးသတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာဖြစ်ပါတယ်။ နှလုံးရောဂါ အမျိုးအစားများ နှလုံးရောဂါလို့ ခြုံပြီးပြောဆိုကြပေမယ့် တကယ်တမ်းမှာတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါတွေကို စုစည်းပြီး နှလုံးဆိုင်ရာ ပြဿနာများ (Cardiovascular Problems) လို့ ခေါ်ဆိုကြပါတယ်။ နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ […]

နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြော ရောဂါများ

နှလုံးက တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ပေးနေတဲ့ မိခင်ဌာနကြီး ဆိုပေမယ့် သူကိုယ်တိုင်လည်း ဒီလို ညှစ်ထုတ်နိုင်ဖို့ သွေးလိုအပ်ပါတယ်။ ဒီသွေးတွေကိုတော့ နှလုံးသွေးကြောမကြီးတွေက ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြော တွေ ပိတ်ခဲ့၊ ကျဉ်းခဲ့ရင် နှလုံးက သွေးမရတော့ဘဲ သွေးငတ်ပြီး ကြွက်သားတွေပုပ်၊ နှလုံးပျက်စီးပြီး အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို နှလုံးသွေးကြော ပိတ်လို့၊ ကျဉ်းလို့ ဖြစ်လာတဲ့ ရောဂါတွေကို Coronary artery diseaseလို့ ခေါ်ပါတယ်။ နှလုံးသွေးကြော ရောဂါများ နှလုံးသွေးကြော ရောဂါများ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ အကြောင်းအရင်း နှလုံးသွေးကြော ဘာကြောင့် ပိတ်ရတာလဲ။ သာမန်ကျန်းမာတဲ့ သူရဲ့ နှလုံးသွေးကြောက သန့်ပြီး ချောနေပါတယ်။ ဒါကြောင့် သွေးတွေက သွေးကြောတစ်လျှောက် ကောင်းကောင်း စီးဆင်းနိုင်ပါတယ်။ အသက်ကြီးလာလေလေ သွေးကြောထဲမှာ အဆီတွေ စုပုံလာပါတယ်။ […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း )

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ဆိုတာ ဘာလဲ။ နှလုံးစည်းချက်မမှန်ခြင်း ဆိုတာ နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ခုန်သင့်တဲ့အချိန်ထက် စောခုန်ခြင်း၊ ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ ပါဝင်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းက လျှပ်စီးလှုံ့ဆော်မှုများ မူမမှန်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းကို အောက်ပါတို့ကိုအခြေခံပြီး အမည်နဲ့ အမျိုးအစားများ ခွဲနိုင်ပါတယ်။ ခုန်နှုန်း - နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း စခုန်သည့်နေရာ - သွေးလွှတ်ခန်း သို့မဟုတ် သွေးဝင်ခန်း မှန်မှန်ခုန်ခြင်းရှိမရှိ Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) က အဖြစ်များသလား ဒီရောဂါက အင်မတန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချနိုင်မယ်ဆိုရင်ခြအထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ရဲ့လက္ခဏာတွေက ဘာတွေလဲ နှလုံးစည်းချက်မမှန်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေက နှလုံခုန်နှေးခြင်း - နှလုံးခုန်နှုန်းသည် […]

နှလုံးပျက်စီးခြင်း

Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း)

Heart Failure နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ဆိုတာက နှလုံးက သူရဲ့အလုပ်ဖြစ်တဲ့ သွေးကို တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းအောင် မညှစ်ထုတ်ပေးနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ လူတွေမှာ သွေးလည်ပတ်မှု မကောင်းတော့ပါဘူး။ သွေးတွေကို လုံလောက်အောင် မညှစ်ထုတ်နိုင်တဲ့အခါ နှလုံးရဲ့အခန်းတွေဟာ သွေးတွေ ပိုပြီးလက်ခံနိုင်အောင် ဆွဲဆန့်ပေးရတယ် သို့မဟုတ် နှလုံးနံရံတွေ မာကြောလာရပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် သွေးစီးဆင်းမှုကို ပုံမှန်ပြန်ဖြစ်လာနိုင်ပေမယ့် နှလုံးကြွက်သားတွေက တဖြည်းဖြည်းနဲ့ အားနည်းလာပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတတ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျောက်ကပ်ဟာ သွေးတွေ ပြန်ဖြည့်နိုင်ဖို့ ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဆားဓာတ်ကို ဆွဲယူဖို့ လုပ်ဆောင်ပေးရတယ်။ ဒါကြောင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်တွေစုပုံလာတဲ့အတွက် ဖောတာ၊ မောတာတွေ ဖြစ်လာပါတော့တယ်။ Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီကျန်းမာရေးအခြေအနေက […]

နှလုံးရောဂါ

သင့်မှာ နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ နိမိတ်လက္ခဏာ ၁၂ ခု

သင့်မှာ နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ် အလွန်အကျွံ သောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို အလွန်အကျုး မှီဝဲတာတွေကြောင့် နှလုံးနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒီလို ဆိုးရွားတဲ့ နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက် ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုး တစ်မျိုး ဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက် အများဆုံး ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ရောဂါ မဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ တကယ်လို့ သာမန် အခြေအနေမှာ မိမိမှာ နှလုံးရောဂါ […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ)

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကဘာလဲ။ Atrial fibrillation ဆိုတာ နှလုံးရဲ့ လျှပ်စစ်ပိုင်းစနစ်ချွတ်ယွင်းမှုကြောင့် arrhythmia လို့ခေါ်တဲ့ နှလုံးစည်းချက်မမှန်ခြင်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ နှလုံးရဲ့ လျှပ်စစ်စနစ်မှ နှလုံးရဲ့ နှလုံးခုန်ခြင်းရဲ့ စည်းချက်နဲ့ အမြန်နှုန်းအတွက် signals တွေ ပို့ပေးရပါတယ်။ သင့်မှာ atrial fibrillation ဖြစ်တဲ့အခါ နှလုံးကြွက်သားတွေက ညှစ်နေရမယ့်အစား တွန့်နေပါတော့တယ်။ Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ Atrial fibrillation က အသက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ အခံရှိသူများနဲ့ အဝလွန်သူတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများ Atrial Fibrillationရဲ့လက္ခဏာတွေကဘာတွေလဲ Atrial fibrillation ရဲ့ လက္ခဏာတွေက နှလံးခုန်မမှန်ခြင်းနဲ့ မြန်ခြင်းပဲ ဖြစ်ပါတယ်။ တခြားရောဂါလက္ခဏာတွေကတော့ အသက်ရှူရခက်ခြင်း ရင်တုန်ခြင်း ရင်ဘတ်အောင့်ခြင်း […]

နှလုံးကျန်းမာစေဖို့ နည်းလမ်းများ

နှလုံးရောဂါ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးက ရှင်သန်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးပါ။ မနားမနေလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးပေါ့။ နှလုံးလေး ကျန်းမာမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ နှလုံးက ရောဂါဖြစ်မှ စောင့်ရှောက်ရမှာ မဟုတ်ဘဲ မဖြစ်ခင်ကတည်းက သေချာလေး ကာကွယ်ထားတာက နည်းလမ်းကောင်းပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ နေ့စဉ်ဘဝမှာ လိုက်နာရမယ့် ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ ကတော့ အခုပြောပြမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေပါ။ လေ့ကျင့်ခန်း လုပ်ပါ လေ့ကျင့်ခန်း လုပ်ပါဆိုတာက နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ပတ်ကို ၂ နာရီခွဲလောက် ကိုယ်လက်လှုပ်ရှားမှု ရှိစေချင်တာပါ။ ပြေးတာ၊ လမ်းလျှောက်တာ၊ gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကို ဝင်လေထွက်လေ မှန်မှန်ရှူရင်း လုပ်ရမှာပါ။ […]

နှလုံးသွေးကြောကျဉ်းရောဂါများ

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။ ဒါဆို Heart Attack မဖြစ်စေဖို့ ဘာလုပ်ကြမလဲ။ နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံးကျန်းမာရေးပြဿနာဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ရောဂါဆိုးပါ။ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာ Heart Attack ကြောင့်ပါ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။ Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့်နည်းလမ်းကတော့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံတွေကို အတူတူ […]

နှလုံးရောဂါ

ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ ပတ်တာ ခရီးစဉ်

နှလုံးရောဂါက လူတွေကို ဇီဝိန်ခြွေနေတဲ့ ထိပ်တန်း ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ လူတိုင်းလိုလိုဟာ နေ့စဉ်ဘဝမှာ နှလုံးရောဂါ ခံစားရနိုင်တဲ့ အလေ့အထတွေကို သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်မိနေကြပါတယ်။ တကယ်ကတော့ နှလုံး ထိခိုက်စေနိုင်တဲ့ အနေအထားတွေကို လျှော့ချပစ်နိုင်လေလေ အသက်ရှည်လေလေပါ။ သုတေသနရလဒ်တွေအရ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာက နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက်တော့ ၁၂ ပတ်တာအတွင်း ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ဘယ်လို ပြောင်းလဲရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပိုမို ကျန်းမာပြီး ပိုမိုပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို စတင်ဖို့ အသင့်ပဲလား ...... ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ ပတ်တာ ခရီးစဉ် ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ […]

နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားတဲ့အခါ ကိုယ်အလေးချိန်ကျဖို့နဲ့ ကြွက်သားများသန်မာဖို့ကို အရင်ဆုံး စဉ်းစားမိကြပါတယ်။ ဒီထက် ပိုပြီး အရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်းပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ နှလုံးဟာ သင့်ကိုယ်ခန္ဓာထဲမှာ အရေးအကြီးဆုံးကြွက်သားပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးဆီ သွေးများဖြန့်ဝေပေးတဲ့ ကိုယ်အင်္ဂါဖြစ်တာမို့ အထူးဂရုစိုက်ရပါမယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့နှလုံးကို သန်မာစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေအန္တရာယ်ကို လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေအကြောင်းပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ ကတော့ အေရိုးဗစ် ကာဒီယို (Cardio) လေ့ကျင့်ခန်းလို့လည်းသိကြတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းများဟာ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေပြီး ချွေးထွက်လာစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ ဆီးချိုရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေဖို့ အထောက်အကူပြုပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ အတော်အသင့်လှုပ်ရှားရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ရက်သတ္တပတ်တပတ်မှာ အနည်းဆုံး […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

နှလုံးကျန်းမာရေးအတွက် စားသောက်နည်း

တကယ်လို့ သင့်မှာ နှလုံးရောဂါ တစ်ခုခု ဖြစ်နေပြီဆိုရင် သင့်နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးပါလိမ့်မယ်။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေက ကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။ နှလုံးကျန်းမာရေးအတွက် စားသောက်နည်း အကြောင်းလေး မျှဝေပေးချင်ပါတယ်။ နှလုံးကျန်းမာရေးအတွက် စားသောက်နည်း နှလုံးကျန်းမာရေးအတွက် စားသောက်နည်း ကတော့ မျှတစွာ စားသုံးပါ။ လူတိုင်းက အစားအစာကို မျှမျှတတ စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒီလိုစားသုံးနိုင်ဖို့ အဓိက နားလည်ရမှာကတော့ အစားအစာ အုပ်စုတွေပဲ ဖြစ်ပါတယ်။ သင့်စားသောက်မှု ပုံစံကို ပြင်ဆင်မယ်ဆိုရင် အောက်ပါ အစားအစာအုပ်စုတွေကို စဉ်းစားသင့်ပါတယ်။ သစ်သီးများနဲ့ အသီးအရွက်များ၊ ဆန်၊ အာလူး၊ ပေါင်မုန့်နဲ့ ပါစတာကဲ့သို့သော ကစီဓာတ် ကြွယ်ဝတဲ့ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ

နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ ဆိုလို့ ခေါင်းမရှုပ်သွားပါနဲ့။ တကယ်တော့ ပြောချင်တာက နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံဆိုတာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နှံစားသီးနှံတွေ နဲ့ အဆီများတဲ့ ပင်လယ်ငါးတွေ ပါဝင်အောင် စားသုံးတဲ့ စားသောက်မှုပုံစံကို ဆိုလိုတာပါ။ နှလုံးအတွက် အကျိုးရှိမယ့် စားသောက်မှုပုံစံပေါ့။ ဒီလို စားသောက်မှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားနဲ့ ဆားပါဝင်မှု များတဲ့ အစားအစာတွေကိုတော့ မထည့်သွင်းသင့်ပါဘူး။ အကြောင်းကတော့ ဒီအစားအစာတွေက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။ ဒီဆောင်းပါးလေးထဲမှာ နေ့စဉ်ဘဝမှာ ကျန်းမာပေါ့ပါးစွာ လှုပ်ရှားနိုင်စေဖို့အတွက် နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ အကြောင်းလေး ဝေမျှပေးချင်ပါတယ်။ https://hellosayarwon.com/heart-health/other-cardiovascular-issues/morning-heart-health-habits/ နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ နှလုံး ကျန်းမာစေဖို့ ဆိုရင် နေ့စဉ် စားသောက်မှုကို အခုပြောပြမယ့် အချက်လေးတွေအတိုင်း လိုက်လုပ်ပေးရင်ရပါတယ်။ ထည့်သွင်းစားသုံးရမယ့် စားစရာတွေ နှလုံး ကျန်းမာစေဖို့ အတွက် နေ့စဉ် စားသုံးမှုမှာ […]

အခြား ကျန်းမာရေး ကိရိယာများ

ဘိုးဘိုးဘွားဘွားများနဲ့ နှလုံးကျန်းမာရေး

အဖြစ်များသော လူကြီးရောဂါများ

သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ

သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို ဗဟုသုတရနိုင်စေဖို့ မျှဝေပေးလိုပါတယ်။ နှလုံးရောဂါဟာ လူကြီးတွေရဲ့ကျန်းမာရေးအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်ရှိသူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးသူ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေက အသက်အရွယ်နဲ့လိုက်ပြီး တိုးလာတာဖြစ်ပေမယ့် အသက်ကြီးတိုင်းမလွဲမသွေ နှလုံးရောဂါဖြစ်လာမှာတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ နေထိုင်မှုအမူအကျင့်တွေနဲ့ နှလုံးကျန်းမာစေမယ့် ဓာတ်စာအာဟာရတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဖြစ်များဆုံးနှလုံးရောဂါအမျိုးအစားကတော့ နှလုံးသွေးကြောကျဉ်းရောဂါ (coronary artery disease (CAD)) ဖြစ်ပါတယ်။ CAD ဟာ နှလုံးဖောက်ပြန်ခြင်း၊ နှလုံးရပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း တို့လို ပြင်းထန်တဲ့နှလုံးဝေဒနာတွေရဲ့ အကြောင်းရင်းခံဖြစ်နေတတ်ပါတယ်။ သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ နှလုံးရောဂါလက္ခဏာ ဘယ်လိုသိနိုင်မလဲ နှလုံးရောဂါရဲ့ အန္တရာယ်လက္ခဏာတွေဟာ နှလုံးဖောက်ပြန်ခြင်း (heart attack) […]

နှလုံးရောဂါ

နှလုံးရောဂါ ကာကွယ်ပါ

နှလုံးရောဂါ ကာကွယ်ပါ .... ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ နှလုံးရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသာမက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ နှစ်စဉ်သေဆုံးမှုမြင့်မားနေတဲ့ အကြောင်းအရင်းတခုဖြစ်တယ်လို့လည်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ပြုပြင်ယူလို့ရတာရှိသလို မပြုပြင်နိုင်တာလည်း ရှိပါတယ်။ ဥပမာ မျိုးရိုးဗီဇကိုတော့ သင့်အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြုပြင်နိုင်တဲ့ကိစ္စတွေကို ပြုပြင်နိုင်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ နှလုံးရောဂါ ကာကွယ်ပါ အဓိကအားဖြင့် ပြုပြင်ပြောင်းလဲနိုင်တာကတော့ သင့်ရဲ့နေထိုင်စားသောက်မှု ပုံစံပါပဲ။ သင့်နှလုံးကျန်းမာရေးကို ကောင်းစေဖို့ အောက်ပါနည်းလမ်းတွေနဲ့ နေထိုင်စားသောက်ပါ။ ဆေးလိပ်သောက်နေသူဆိုရင် ဆေးလိပ်ဖြတ်ပါ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ လေ့ကျင့်ခန်းလုပ်ပါ ဆီးချိုရောဂါကာကွယ်ပါ သွေးပေါင်ချိန်ထိန်းပါ စိတ်ဖိစီးမှုကို လျှော့ချပါ ဆေးလိပ် ဆေးလိပ်သောက်ခြင်းဟာ နှလုံးသွေးကြောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း […]

အဖြစ်များသော လူကြီးရောဂါများ

အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး

နှလုံးနဲ့ သွေးကြောကျန်းမာရေး ကို အဓိက လွှမ်းမိုးနေတဲ့အချက်ကတော့ အသက်အရွယ်ပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ၂၀၃၀လောက်ဆိုရင် လူဦးရေရဲ့ ၂၀%လောက်က အသက် ၆၅နှစ်အထက်အရွယ်တွေ ဖြစ်နေမှာပါ။ ဒီအရွယ်တွေမှာ နှလုံးသွေးကြောရောဂါတွေကြောင့် သေနှုန်းက ၄၀%လောက်ဖြစ်လာပြီး ဒါက အသေအပျောက်အများဆုံး အကြောင်းရင်းတစ်ခုလည်း ဖြစ်လာမှာပါ။ အသက်ကြီးလာတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ သဘာဝဖြစ်စဉ်ပါ။ ရုပ်ပန်းသွင်ပြင် အသက်ကြီးလာသလိုမျိုး မွေးတည်းက စည်းချက်မှန်မှန်ခုန်နေရတဲ့ နှလုံးကလည်း အိုမင်းလာနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ရှင်သန်ရေးအတွက်အရေးကြီးတဲ့ တာဝန်ထမ်းထားရတဲ့ နှလုံးက အသက်ကြီးလာတာနဲ့အမျှ စွမ်းဆောင်ရည်လည်း ကျဆင်းလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးကြောတွေက ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိထားမှ နှလုံးရောဂါတွေ မဖြစ်အောင်၊ ပိုမဆိုးအောင် ကြိုတင်ကာကွယ်ထားနိုင်မှာပါ။ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး နှလုံးကျန်းမာရေး နှလုံးခုန်နှေးသွားပါတယ်။ နှလုံးမှန်မှန်ခုန်နေရတာက နှလုံးမှာရှိတဲ့ စည်းချက်ထိန်းစနစ်ကြောင့်ပါ။ လျှပ်စီးပတ်လမ်းလို လမ်းလေးတွေက နှလုံးကြွက်သားမှာ မြုပ်နေပြီး […]

အဖြစ်များသော လူကြီးရောဂါများ

သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ်

အချိန်ကြာလာတာနဲ့အမျှ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေဟာ ကျဆင်းလာနိုင်ပါတယ်။ သင်အရင်တုန်းကလိုမျိုး အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အောက်မှာပြောထားတဲ့ အချက်တွေကတော့ သင်အသက်ကြီးလာတဲ့အခါ နှလုံးကျန်းမာဖို့ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ် သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း တွေကတော့ (၁) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ သင်အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓာလဲ ပြောင်းလဲလာနိုင်ပါတယ်။ ကြွက်သားတွေ နည်းပါးလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်တောင် ကိုယ်ခန္ဓာက ကယ်လိုရီအနည်းငယ်ကို အသုံးပြုတာကြောင့် လုပ်သလောက် ဝိတ်မကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ငယ်ငယ်တုန်းကနဲ့ ယှဉ်ရင် ပိုပြီး ကယ်လိုရီ နည်းတဲ့ အစားအသောက်တွေကိုသာ လိုအပ်လာပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုယ်ခန္ဓာကတော့ စွမ်းအင်ကို လိုအပ်နေဆဲဖြစ်တာကြောင့် အာဟာရဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။ ဒီ့အတွက် သင့်တော်တဲ့ ကိုယ်အလေးချိန်ရဖို့ […]

အဖြစ်များသော လူကြီးရောဂါများ

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

အဖြစ်များသော လူကြီးရောဂါများ

လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်

အသက်ကြီးလာတာနဲ့အမျှ နှလုံးကအိုမင်းလာပြီး နှလုံးစွမ်းဆောင်ရည် ပိုကျ လာပါတယ်။ နှလုံးနံရံတွေ ထူလာတာ၊ အဆို့ရှင်တွေမာလာတာ၊ သွေးကြောတွေ ကျဉ်းပြီး မာလာတာ၊ နှလုံးခုန်မမှန်တာ စတာတွေကြောင့် နှလုံးညှစ်အား ပိုပိုကျလာတတ်ပါတယ်။ နှလုံးရောဂါအခံရှိတဲ့အခါ ပိုဆိုးပါတယ်။ နှလုံးစွမ်းဆောင်ရည် ကျလာတဲ့အခါ နှလုံးက ခန္ဓာကိုယ်က လိုအပ်တဲ့ သွေးကို အလုံအလောက် မညှစ်ပေးနိုင်တော့သလို နှလုံးထဲကိုလည်း သွေးကောင်းကောင်း မဝင်တော့ပါဘူး။ နှလုံးစွမ်းဆောင်ရည်ကျပြီး နှလုံးပျက်စီးလာတာကို နှလုံးအစားထိုးမှပဲ ရမှာပါ။ လက်ရှိမှာ ဆေးဝါးတွေပေးပြီး ကုသနေတယ်ဆိုတာက ပိုပြီး ဆိုးမလာအောင်လို့ရယ်၊ သက်တမ်းစေ့နေနိုင်အောင်ရယ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ နှလုံးစွမ်းဆောင်ရည်ကျတယ်ဆိုတာ နှလုံးစွမ်းဆောင်ရည်ကျတယ်ဆိုတာ အပေါ်မှာ ပြောခဲ့သလို နှလုံးညှစ်အားကျလာတာပါ။ ဒီတော့ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်မှာ အရည်တွေ စုပြီး ဖောတာတွေ၊ မောတာတွေ ဖြစ်လာပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ စတာတွေ ရှိနေရင် နှလုံးပေါ် ဝန်ပိတာကြောင့် […]

နှလုံးကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်များ

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

ရှိသင့်တဲ့နှလုံးခုန်နှုန်း ကို ဘယ်လိုတွက်ချက်မလဲ။

နှလုံးခုန်တယ်လိုက်တိုင်းမှာ သွေးတွေက ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားတာကြောင့် ရှိသင့်တဲ့နှလုံးခုန်နှုန်း ရှိနေဖို့ လိုပါတယ်။ လူတိုင်းက နားနေတဲ့ အချိန်နဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ရှိတဲ့နှလုံးခုန်နှုန်းက မတူပါဘူး။ နှလုံးခုန်နှုန်းက များလွန်းရင်လည်း မကောင်းသလို နည်းလွန်းရင်လည်း မကောင်းတာကြောင့် ရှိသင့်တဲ့ ပမာဏအတွင်းမှာ ထိန်းထားဖို့ လိုပါတယ်။ ဒီလိုထိန်းဖို့ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်ရှိသင့်သလဲ။ ဘယ်လိုထိန်းမလဲဆိုတာ သိဖို့ လိုပါတယ်။ ရှိသင့်တဲ့နှလုံးခုန်နှုန်း ဆိုတာ ဘာလဲ။ ရှိသင့်တဲ့နှလုံးခုန်နှုန်းဆိုတာ သင်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဖြစ်လာသင့်တဲ့ နှလုံးခုန်နှုန်းပဲ ဖြစ်ပါတယ်။ ဒါက ဂဏန်းတစ်ခုဆိုတာထက် rangeတစ်ခုထဲကို ဝင်နေရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ နှလုံးခုန်နှုန်းက နားနေချိန်ထက် များနေမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း လေ့ကျင့်ခန်း လုပ်နေရင်းနဲ့ ခဏရပ်ပြီး သင့်နှလုံးခုန်နှုန်းက ရှိသင့်တဲ့ ပမာဏထဲ ရောက်ရဲ့လားလို့ စစ်ဆေးနိုင်ပါတယ်။ ဒီပေါ်မူတည်ပြီး […]

အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းပြင်းအား ကို ဘယ်လိုတိုင်းတာမလဲ။

လေ့ကျင့်ခန်းပြင်းအား (Exercise intensity) ဆိုတာ ကိုယ်လေ့ကျင့်ခန်းလုပ်တာ လုံလောက်မှုရှိရဲ့လား။ အလွန်အကျွံဖြစ်နေပြီလားဆိုတာကို တိုင်းတာတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် ပြင်းအားနည်းရင် ကိုယ်လိုချင်တဲ့ ရလဒ်မရတာ၊ အလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကိုယ်လေ့ကျင့်ခန်းလုပ်တာ မှန်ကန်ရဲ့လားဆိုတာ သိဖို့လိုပါတယ်။ လေ့ကျင့်ခန်းပြင်းအား ဘယ်နှမျိုးရှိသလဲ။ လေ့ကျင့်ခန်းပြင်းအားမှာ သာမန်ရယ်၊ အသင့်အတင့်ရယ်၊ ပြင်းထန်ရယ်ဆိုပြီး ၃မျိုးရှိပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုဖို့ဆို တစ်ပတ်ကို အသင့်အတင့်ပြင်းအားရှိတဲ့ လေ့ကျင့်ခန်း မိနစ်၁၅၀ ဒါမှမဟုတ် ပြင်းထန်လေ့ကျင့်ခန်း ၇၅မိနစ်လုပ်ဖို့လိုပါတယ်။ ဒါတွေ မလုပ်နိုင်သေးဘူးဆိုရင်လည်း သာမန်လေ့ကျင့်ခန်းကနေ စပြီး တဖြည်းဖြည်း တိုးသွားနိုင်ပါတယ်။ ဘယ်လေ့ကျင့်ခန်းတွေက ဘယ်လိုပြင်းအားရှိသလဲ။ အသင့်အတင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့ ခပ်သွက်သွက်လမ်းလျှောက်တာ (တစ်နာရီ ၃မိုင်နှုန်းနဲ့အထက်) ရေထဲမှာ အေရိုးဗစ်ဆော့တာ စက်ဘီးစီးတာ (တစ်နာရီ ၁၀မိုင်အောက် သို့ မြေပြင်ညီ သို့ နိမ့်လျှောကုန်းမှာ […]

နှလုံးရောဂါ

နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ

နှလုံးရောဂါ ဆိုတဲ့ စကားရပ်ထဲမှာ သွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံး အဆို့ရှင်နဲ့ဆိုင်တဲ့ ရောဂါ၊ လေဖြတ်တာ၊ နှလုံးခုန် စည်းချက်မမှန်တာ၊ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြွက်သားပုပ်တာ စတာတွေ အားလုံး ပါဝင်နေပါတယ်။ နှစ်စဉ် ကမ္ဘာ့ပေါ်မှာ လူဦးရေ ၁၇ သန်းလောက်ဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးရောဂါက အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာဖြစ်ပြီး ကင်ဆာက ဒုတိယနေရာမှာ ရှိနေပါတယ်။ ကံကောင်းတာက သုတေသီတွေရဲ့ လေ့လာမှုတွေကြောင့် ဘယ်အချက်တွေက နှလုံးရောဂါ ဖြစ်စေနိုင်ပြီး ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို သိရှိခွင့်ရရှိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်တိုင် ဆန်းစစ်နိုင်နေပြီ ဖြစ်သလို ကိုယ်တိုင် ဂရုစိုက် ကာကွယ်လို့လည်း ရပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်နိုင်မယ့် နည်းလမ်းလေးတွေကို […]