အဖြစ်များသူတွေ
ဘယ်သူတွေမှာ ဖြစ်တတ်သလဲ။
- အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေများလေးပါပဲ။ နှလုံးသွေးကြော ချေးတက်နိုင်ခြေ များလို့ပါ။
- အမျိုးသားတွေက အမျိုးသမီးတွေထက် အဖြစ်များပါတယ်။ အမျိုးသမီးတွေက အီစထရိုဂျင်ရှိနေလို့ပါ။ ဒါပေမယ့် သွေးဆုံးသွားရင်တော့ အီစထရိုဂျင် မရှိတော့တဲ့အတွက် အမျိုးသားတွေလိုပဲ ဖြစ်နိုင်ခြေ များလာပါတယ်။
- မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူ ရှိရင်လည်း ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးရင်းလေလေ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၅၅နှစ်မတိုင်ခင် ဖြစ်ဖူးတဲ့သူရှိရင် ပိုဖြစ်နိုင်ပါတယ်။
- ဆေးလိပ်သောက်တဲ့သူရော၊ ရှူတဲ့သူပါ ဖြစ်နိုင်ခြေ များပါတယ်။
- သွေးတိုးရောဂါရှိရင်လည်း သွေးကြောတွေ ထူပြီး မာနေတတ်လို့ ပိုပြီး ကျဉ်းလွယ်ပါတယ်။
- သွေးတွင်း အဆီဓာတ်များနေရင်လည်း ဖြစ်လာနိုင်ခြေ များပါတယ်။
- ဆီးချိုနဲ့ နှလုံးသွေးကြာကျဉ်းတာနဲ့က ဖြစ်စေတဲ့ အကြောင်းရင်းတွေ တူပါတယ်။ ဥပမာ အဝလွန်တာ၊ ဆေးလိပ်သောက်တာ။ ဒါကြောင့် တစ်ခုဖြစ်ရင် နောက်တစ်ခုဖြစ်ဖို့ သိပ်လွယ်ပါတယ်။
- လှုပ်ရှားမှု မရှိရင် အဝလွန်ပြီး အဆီတွေ စုလာတတ်လို့ ဒါကလည်း နှလုံးသွေးကြောကို ကျဉ်းစေမှာပါ။
- စိတ်ဖိစီးမှု များတာကလည်း နှလုံးသွေးကြောအပါအဝင် ခန္ဓာကိုယ်က ကိုယ်တွင်းအင်္ဂါတော်တော်များများကို ထိခိုက်စေပါတယ်။
- ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီအစိမ့်တွေ၊ ချိုလွန်း၊ ငန်လွန်းတာတွေကလည်း သွေးတိုး၊ ဆီးချိုအပြင် နှလုံးသွေးကြာကျဉ်းတာကိုပါ ဖြစ်စေပါလိမ့်မယ်။
ဘယ်လို သိနိုင်မလဲ
နှလုံးသွေးကြော ကျဉ်းမှန်း ဘယ်လိုသိနိုင်မလဲ။
တချို့ကျတော့လည်း ဘာလက္ခဏာမှမပြဘဲ သာမန် ဆေးစစ်ရင်းက သိလာတာတွေလည်း ရှိပါတယ်။ ကျဉ်းပေမယ့် သိပ်မပြင်းထန်လို့ လက္ခဏာ တိတိပပ မပြတာမျိုးပေါ့။ ဒါပေမယ့် အပေါ်က လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆေးရုံကို ချက်ချင်းသွားပါလို့ အကြံပြုပါရစေ။ စောစောကုသမှု ခံယူလေ နှလုံးပျက်စီးတာ နည်းလေပါပဲ။ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် အချိန်က စကားပြောပါတယ်။
ဆေးရုံရောက်ပြီဆိုရင်တော့ လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းတာတွေ၊ စစ်ဆေးတာတွေ လုပ်မှာပါ။ ပြီးရင် ပိုသေချာအောင် ဆေးစစ်ချက်တွေ လုပ်ရပါမယ်။ ဥပမာ
- နှလုံးစက်ဆွဲတာ (ECG)
- အက်ကိုးရိုက်တာ
- နှလုံးခုန်မြန်အောင် တစ်ခုခုလုပ်ခိုင်းပြီး (အပြေးစက်ပေါ် တက်ပြေးခိုင်းပြီး) နှလုံးစွမ်းဆောင်ရည်ကို စစ်တာ
- ရင်ဘတ်ဓာတ်မှန်ရိုက်တာ
- သွေးစစ်တာ စတာတွေ လုပ်ရနိုင်ပါတယ်။
ဒါတွေအကုန်လုံး စစ်ဖို့ လိုချင်မှ လိုမှာပါ။ လူနာအခြေအနေပေါ်လိုက်ပြီး လိုအပ်တာပဲ စစ်သွားမှာပါ။
ကုသနည်း
နှလုံးသွေးကြောရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။
ကုသနည်းတွေကတော့ လူနာအခြေအနေပေါ် မူတည်ပါတယ်။ ဥပမာ လူနာက heart attackနဲ့ လာတယ်ဆိုရင် အရင်ဆုံး ပိတ်နေတဲ့ သွေးခဲကို ဖျော်ချရပါတယ်။ အရေးပေါ် အခြေအနေကို ကျော်လွန်သွားမှ ကျန်တဲ့ ကုသမှုတွေကို ဆက်လုပ်ရပါတယ်။ ကုသမှုတွေကတော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။