backup og meta

နှလုံးကျန်းမာရေးအတွက် စားသောက်နည်း

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကျန်းမာရေးအတွက် စားသောက်နည်း

    တကယ်လို့ သင့်မှာ နှလုံးရောဂါ တစ်ခုခု ဖြစ်နေပြီဆိုရင် သင့်နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးပါလိမ့်မယ်။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေက ကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။ နှလုံးကျန်းမာရေးအတွက် စားသောက်နည်း အကြောင်းလေး မျှဝေပေးချင်ပါတယ်။

    နှလုံးကျန်းမာရေးအတွက် စားသောက်နည်း

    နှလုံးကျန်းမာရေးအတွက် စားသောက်နည်း ကတော့

    လူတိုင်းက အစားအစာကို မျှမျှတတ စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒီလိုစားသုံးနိုင်ဖို့ အဓိက နားလည်ရမှာကတော့ အစားအစာ အုပ်စုတွေပဲ ဖြစ်ပါတယ်။ သင့်စားသောက်မှု ပုံစံကို ပြင်ဆင်မယ်ဆိုရင် အောက်ပါ အစားအစာအုပ်စုတွေကို စဉ်းစားသင့်ပါတယ်။

    သစ်သီးများနဲ့ အသီးအရွက်များ၊ ဆန်၊ အာလူး၊ ပေါင်မုန့်နဲ့ ပါစတာကဲ့သို့သော ကစီဓာတ် ကြွယ်ဝတဲ့ အချို့အစားအစာများကို သင့်တင့်မျှတအောင် စားပါ။ ဒါ့အပြင် နှံစားသီးနှံ အမျိုးအစားတွေကိုလည်း ရွေးချယ် စားသုံးသင့်ပါတယ်။

    နို့နဲ့ နို့ထွက် ပစ္စည်းများ၊ ငါးအချို့၊ ဥများ၊ အသား၊ ပဲနဲ့ အခြားသော အသားဓာတ်များကို ပုံမှန်ပမာဏ တစ်ခုပါဝင်အောင် စားပါ။ အဆီဓာတ်နဲ့ သကြားဓာတ် မြင့်မားသော အချို့ အစားအသောက်များကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

    ကျန်းမာရေးအတွက် စားသုံးဖို့ သင့်နေ့စဉ် အစားအစာထဲမှာ အသီးအရွက် ငါးမျိုးလောက် ပါသင့်ပါတယ်။ အသီးအရွက်တွေဟာ လတ်ဆတ်တာ၊ အေးခဲထားတာ၊ ခြောက်နေတာ၊ ဆီသွပ်ဗူးနဲ့ ထည့်ထားတာတွေလည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေပဲ ဖြစ်ပါတယ်။

    အသီးဖျော်ရည်ကို လုံးဝ မချိုအောင် ဖျော်ပြီး ပဲခြောက်နဲ့ ပဲစိမ်းများကိုလည်း ထည့်ဖျော်နိုင်ပါတယ်။

    တခါစား ပမာဏက ၈၀ ဂရမ် သို့မဟုတ် ၃ အောင်စလောက် ဖြစ်ပါတယ်။ ဥပမာ –

    • ပန်းဂေါ်ဖီစိမ်း စိတ်ပြီးသား လေးပွင့်
    • သစ်တော်သီး တစ်လုံး
    • မုန်လာဥ ၃ ဇွန်းအပြည့်
    • စတော်ဘယ်ရီ ၇ – ၈ လုံး
  • သင်စားနိုင်တဲ့ ပမာဏကို ထိန်းညှိပါ
  • သင်ဘာတွေ ဘယ်လောက်စားသလဲဆိုတာကလည်း အရေးကြီးပါတယ်။ သင်စားမယ့် ပမာဏနဲ့ သင့်တော်တဲ့ ပန်းကန်တစ်ခုခုကို ရွေးချယ်ပါ။ အသီးအရွက်တွေလို အာဟာရပြည့်ဝပြီး ကယ်လိုရီနည်းတာတွေ များများစားပါ။ ပြုပြင်ထားပြီး အလွယ်စားလို့ ရတဲ့ အစားအသောက်လို၊ ဆိုဒီယမ် ဆားဓာတ်နဲ့ ကယ်လိုရီ မြင့်မားတဲ့ အစားအသောက်တွေကို နည်းနည်းပဲ စားပါ။ သင်စားတဲ့ အစားအသောက် ပုံစံက သင့်နှလုံး ကျန်းမာရေးနဲ့ ခါးဆိုဒ်ကို အကျိုးသက်ရောက်မှု ဖြစ်စေတာကို အမြဲသတိရပါ။

    • သင်စားမယ့် ပမာဏကို စစ်ဆေးပါ

    သင်စားမယ့် ပမာဏကို ခွက်၊ အောင်စ၊ အရေအတွက်တွေနဲ့ တိုင်းတာပါ။ ဥပမာ ပါစတာတစ်ပွဲက ခွက်တစ်ဝက်ခန့်၊ အသား ငါး ကြက်သားတစ်ပွဲက ၂-၃ အောင်စ စသဖြင့် တိုင်းတာပါ။ ပိုလွယ်အောင် သုံးနေကျ ခွက်တွေ ဇွန်းတွေကို အသုံးပြု တိုင်းတာဖို့ လိုပါမယ်။

    • သစ်သီးနဲ့ အသီးအရွက်တွေကို ပိုစားပါ

    အသီးအရွက်တွေဟာ ဗီတာမင်နဲ့ သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အသီးအရွက်တွေဟာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အသီးအရွက်တွေမှာ နှလုံးရောဂါကို ကာကွယ်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ အသီးအရွက် များများစားခြင်းက အဆီများတဲ့ အသား၊ ချိစ်နဲ့ သွားရည်စာတွေ လျှော့စားဖြစ်အောင် ကူညီပါလိမ့်မယ်။

    အသီးအရွက်တွေဟာ ဟင်းချက်ရာမှာလည်း အဓိကကျတဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ အရွက်သုပ်တွေ၊ အသီးအရွက် မွှေကြော်တွေလိုမျိုး ချက်စားနိုင်ပါတယ်။

    • နှံစားသီးနှံတွေကို ရွေးချယ်ပါ

    နှံစားသီးနှံတွေဟာ သွေးပေါင်ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ နှလုံးကျန်းမာရေးအတွက် အစားအသောက်ကို ရွေးချယ်မယ်ဆိုရင် ပြုပြင်ထားတဲ့ နှံစားသီးနှံတွေအစား ရိုးရိုးနှံစားသီးနှံတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

    သွေးတွင်း ကိုလက်စထရောပမာဏ မြင့်မားခြင်းက သွေးကြောတွေအတွင်းမှာ သွေးခဲတွေကို ဖြစ်ပေါ်စေပြီး နှလုံးအမောဖောက်ခြင်းနဲ့ လေဖြတ်ခြင်း အန္တရာယ်ကို မြင့်မားစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကို ရှောင်ကြဉ်သင့်ပါတယ်။

    နှလုံးကျန်းမာရေးအတွက် စားသောက်နည်း အကြောင်းလေးကို သေချာ သိရှိသွားပြီဆိုတော့ လိုက်နာ လုပ်ဆောင်ဖို့ အကြံပြုပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement