နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ။
နေ့စဉ် စားသောက်မှုတွေက နှလုံးသွေးကြော ကျန်းမာရေးအပေါ် အများကြီး သက်ရောက်နေတယ်ဆိုတာကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ဆိုရင် အစားအစာတွေကို သေချာလေး စိစစ် စားသုံးဖို့ လိုပါမယ်။ အစားအစာတွေကို သေချာ ဂရုစိုက် စားသောက်တာက နှလုံးသွေးကြောတွေထဲ အညှိတက်ပြီး သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေ အပါအဝင် နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြော ကျဉ်းတာ ဘယ်ကစ အချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးထဲမှာ ကိုလက်စထရော များစေပါတယ်။ ကိုလက်စထရော များရုံနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုလက်စထရောက အဆီ၊ ကယ်လ်ဆီယမ် နဲ့ သွေးထဲမှာပါတဲ့ အချို့သောအရာတွေနဲ့ ပေါင်းမိပြီး အညှိတွေ ဖြစ်လာပြီး […]