backup og meta

နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ။

    နေ့စဉ် စားသောက်မှုတွေက နှလုံးသွေးကြော ကျန်းမာရေးအပေါ် အများကြီး သက်ရောက်နေတယ်ဆိုတာကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ဆိုရင် အစားအစာတွေကို သေချာလေး စိစစ် စားသုံးဖို့ လိုပါမယ်။

    အစားအစာတွေကို သေချာ ဂရုစိုက် စားသောက်တာက နှလုံးသွေးကြောတွေထဲ အညှိတက်ပြီး သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေ အပါအဝင် နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    နှလုံးသွေးကြော ကျဉ်းတာ ဘယ်ကစ

    အချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးထဲမှာ ကိုလက်စထရော များစေပါတယ်။ ကိုလက်စထရော များရုံနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုလက်စထရောက အဆီ၊ ကယ်လ်ဆီယမ် နဲ့ သွေးထဲမှာပါတဲ့ အချို့သောအရာတွေနဲ့ ပေါင်းမိပြီး အညှိတွေ ဖြစ်လာပြီး သွေးကြောကျဉ်းတာ၊ သွေးကြောတွေ မာကြောတာမျိုးကို ဖြစ်စေနိုင်ပါတယ်။

    ဒီအခြေအနေကို နှလုံးသွေးကြော ကျဉ်းတယ်လို့ ခေါ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေကို ခံစားရတာပါ။

    သတင်းကောင်းတစ်ရပ်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးတာက နှလုံးသွေးကြောကျဉ်းရောဂါကို ပိုမဆိုးလာအောင် ကာကွယ်ပေးနိုင်တယ်ဆိုတာပါ။ ကျွမ်းကျင်သူတွေကတော့ သွေးတွင်းကိုလက်စထရောကို မြင့်တက်စေနိုင်တဲ့ ပြည့်ဝဆီ အများကြီးပါတဲ့ အစားအစာတွေ၊ အသွင်ပြောင်းဆီ၊ နို့ထွက်ပစ္စည်းမှာပါဝင်တဲ့ ကိုလက်စထရောတွေက နှလုံးသွေးကြော ကျဉ်းစေတဲ့ အဓိက အကြောင်းအရင်းတွေလို့ ဆိုပါတယ်။

    ဒါကြောင့် နှလုံးသွေးကြောကျဉ်းတာကို ခံစားနေရမယ်ဆိုရင် ဘာတွေကို ရှောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ။

    နှလုံးသွေးကြောကျဉ်းရင် ဒါတွေကို နေ့စဉ် စားသုံးမှုမှာ မပါအောင် ရှောင်ဖို့ လိုပါမယ်။

    ပြည့်ဝဆီ

    ပြည့်ဝဆီက သွေးကြောထဲမှာ အနယ်အနှစ်တွေ စုပုံစေတဲ့ အဓိက အစားအသောက်တစ်ခုပါ။ ဒါ​ကြောင့် နေ့စဉ် စားသုံးမှုမှာ ပြည့်ဝဆီ ပါဝင်မှုကို ၇ ရာခိုင်နှုန်းအောက် လျှော့ချဖို့ လိုပါမယ်။

    ပြည့်ဝဆီ အဓိက ပါဝင်နေတာကတော့ တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေပါ။ စားသုံးဆီ အချို့ကလည်း ပြည့်ဝဆီ များစွာ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းနေတယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ

    • အဆီပြည့်နို့
    • နို့ခရင်မ်
    • အဆီပြည့် ချိစ်
    • အဆီနဲ့တွဲနေတဲ့ အနီရောင် အသား
    • ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေ
    • ရေခဲမုန့်
    • စားအုန်းဆီ၊ အုန်းဆီ
    • ကွတ်ကီး၊ ဒိုးနတ်စ် စတာတွေကို မစားဖို့ လိုပါမယ်။

    အသွင်ပြောင်း အဆီ

    အသွင်ပြောင်း အဆီက လူလုပ် အဆီ တစ်မျိုးပါ။ ဒီအဆီတွေကို များသောအားဖြင့်

    Dietary cholesterol

    Dietary cholesterolကတော့ အကျိုးမပြု ကိုလက်စထရော အများဆုံး ပါဝင်နေတဲ့ အဆီ တစ်မျိုးပါ။ ဒီကိုလက်စထရော အမျိုးအစားကို တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုး၊ အသား၊ ချိစ်တို့မှာ ပါဝင်နေပါတယ်။

    ဒီအဆီ အမျိုးအစားကို တစ်နေ့တာမှာ ၂၀၀ မီလီဂရမ်ထက် လျှော့စားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

    ဒီလို အစားအသောက်တွေကို ဂရုစိုက်တာအပြင် နှလုံး သွေးကြောကျဉ်းတာ သက်သာစေဖို့နဲ့ ရောဂါပိုမဆိုးအောင် ကာကွယ်ဖို့ဆိုရင် နှလုံး ကျန်းမာစေမယ့် ဘဝနေထိုင်မှုပုံစံကို ရွေးချယ်စေချင်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်တာတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement