backup og meta

သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ်

သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ်

အချိန်ကြာလာတာနဲ့အမျှ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေဟာ ကျဆင်းလာနိုင်ပါတယ်။ သင်အရင်တုန်းကလိုမျိုး အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အောက်မှာပြောထားတဲ့ အချက်တွေကတော့ သင်အသက်ကြီးလာတဲ့အခါ နှလုံးကျန်းမာဖို့ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ်

သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း တွေကတော့

(၁) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

သင်အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓာလဲ ပြောင်းလဲလာနိုင်ပါတယ်။ ကြွက်သားတွေ နည်းပါးလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်တောင် ကိုယ်ခန္ဓာက ကယ်လိုရီအနည်းငယ်ကို အသုံးပြုတာကြောင့် လုပ်သလောက် ဝိတ်မကျတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ငယ်ငယ်တုန်းကနဲ့ ယှဉ်ရင် ပိုပြီး ကယ်လိုရီ နည်းတဲ့ အစားအသောက်တွေကိုသာ လိုအပ်လာပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုယ်ခန္ဓာကတော့ စွမ်းအင်ကို လိုအပ်နေဆဲဖြစ်တာကြောင့် အာဟာရဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။

ဒီ့အတွက် သင့်တော်တဲ့ ကိုယ်အလေးချိန်ရဖို့ အာဟာရနဲ့ လေ့ကျင့်ခန်းကြားမှာ ချိန်ညှိဖို့ လိုလာပါပြီ။ သိပ်ပိန်လွန်းရင်လည်း အာဟာရချို့တဲ့ပြီး ခုခံအားကျနိုင်သလို သိပ်ဝလွန်းရင်လည်း နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

သင့်လျော်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေနဲ့ အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ သင့်ဆရာဝန်ကို သင့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ဘယ်လောက်လဲဆိုတာ မေးမြန်းသင့်ပြီး ဒီအလေးချိန်ကို ထိန်းထားသင့်ပါတယ်။

(၂) မျှတတဲ့ အစားအသောက်တွေကို စားသောက်ပါ။

သင့်ကိုယ်ခန္ဓာကိုယ်ဟာ ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းပေမယ့် သင်အလုပ်လုပ်ဖို့ အားအင်လိုအပ်တာကြောင့် ဗီတာမင်သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။ သင့်အတွက် ကျန်းမာစေတဲ့ အစာတွေကို ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ သူတို့က အကြံပေးပါလိမ့်မယ်။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ မနက်စာ စားဖို့ပဲဖြစ်ပါတယ်။

အောက်ပါ အစာတွေကို ပိုစားသင့်ပါတယ်။

  • ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ငရုပ်ပွ၊ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ ဘယ်ရီသီး၊ ပန်းသီးတွေပါ။ သူတို့မှာ ဗီတာမင် မြောက်မြားစွာ ပါဝင်ပါတယ်။
  • Whole grains လို့ခေါ်တဲ့ နှံထွက်အစားအစာတွေမှာတော့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
  • အဆီမပါတဲ့ (သို့) နည်းတဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ အဆီထုတ်ပြီး နွားနို့၊ 1% အဆီပါတဲ့ နွားနို့၊ ချိစ်၊ ပဲနို့တွေကတော့ ကယ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝပါတယ်။ ရေဓာတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။
  • ပင်လယ်စာတွေဖြစ်တဲ့ ဆယ်မွန်ငါးတွေဟာ omega 3 fatty acids တွေပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေပါတယ်။

အောက်ပါအစားအသောက်တွေကိုတော့ လျှော့စားသင့်ပါတယ်။

  • အသင့်စား အစားအသောက်များ
  • သကြား၊ မပြည့်ဝတဲ့ အဆီ၊ tarnsfat၊ ထောပတ်

(၃) လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက် ကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာကို သန်စွမ်းစေပြီး ပျော့ပြောင်းစေပါတယ်။ မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတွေဟာ နှလုံးအလုပ်လုပ်ရတာကြောင့် နှလုံးကျန်းမာရေးပိုကောင်းစေပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်လုပ်သင့်ပါတယ်။

နိုင်သလောက်ကနေစတင်ပြီး တဖြည်းဖြည်း တိုးလုပ်နိုင်ပါတယ်။ သင်လုပ်ချင်သလောက်ကို အစီအစဉ်ဆွဲပြီး ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပမာဏနဲ့ အချိန်တွေကို တဖြည်းဖြည်း မြှင့်တင်နိုင်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီး ချိန်တွေမှာ ရေများစွာ သောက်သင့်ပါတယ်။ အကြောလျှော့ခြင်းနဲ့ အနားယူခြင်းတွေကိုလည်း လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မပြုလုပ်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး လေ့ကျင့်ခန်းအမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

(၄) ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပါ။

သင့်ကိုယ်ခန္ဓာက စွမ်းအင်ရဖို့ ကိုလက်စထရောလိုအပ်ပေမယ့် များပြားတဲ့ ကိုလက်စထရောက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ HDL က ကောင်းတဲ့ ကိုလက်စထရောဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ LDL ကတော့ မကောင်းတဲ့ ကိုလက်စထရောဖြစ်ပြီး နှလုံးရောဂါ ပိုဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါကို စောစီးစွာ သိရှိဖို့ ကိုလက်စထရော ပမာဏကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

(၅) သွေးပေါင်ထိန်းပါ။

သွေးပေါင်တက်ခြင်းက နှလုံးရောဂါရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သွေးပေါင်ကို အိမ်မှာ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ တိုင်းတာနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းသွားပြီးလည်း တိုင်းတာနိုင်ပါတယ်။ သွေးပေါင်ပုံမှန်တိုင်းခြင်းဟာ သွေးပေါင်တက်ခြင်းကို စောစီးစွာ သိရှိစေနိုင်ပါတယ်။ ဒါဆိုရင် သွေးတိုးရောဂါကို ထိထိရောက်ရောက်ကုသနိုင်မှာပါ။

သင့်နှလုံးက ကိုယ်ခန္ဓာ တစ်ခုလုံးကို အာဟာရပေးတဲ့ သွေးကို ညှစ်ထုတ်ပေးနေတာကြောင့် သေချာဂရုစိုက်သင့်ပါတယ်။ အသက်ကြီးလာတာတဲ့အမျှ နှလုံးကို ဂရုစိုက်ခြင်းက ကျန်းမာတဲ့ကိုယ်ခန္ဓာကို ထိန်းသိမ်းရမှာ အရေးပါပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Top 10 healthy heart tips. http://www.nhs.uk/Livewell/Healthyhearts/Pages/Healthy-heart-tips.aspx. Accessed January 27, 2017.
2. Living A Heart-Healthy Senior Life. http://www.heart.org/HEARTORG/Conditions/Living-A-Heart-Healthy-Senior-Life_UCM_471885_Article.jsp. Accessed January 27, 2017.
3. Health Tips for Older Adults. https://www.niddk.nih.gov/health-information/health-topics/weight-control/young-heart-tips-Older-adults/Pages/young-heart-tips-older-adults.aspx. Accessed January 27, 2017.
4. 7 Steps to Aging Well. https://medlineplus.gov/magazine/issues/winter07/articles/winter07pg14-16.html. Accessed January 27, 2017.

 

ယခုပုံစံ

04/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ

အသက်ကြီးလာချိန်ကြုံတွေ့ရတဲ့အာဟာရဆိုင်ရာပြဿနာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement