နှလုံးရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသာမက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ နှစ်စဉ်သေဆုံးမှုမြင့်မားနေတဲ့ အကြောင်းအရင်းတခုဖြစ်တယ်လို့လည်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ပြုပြင်ယူလို့ရတာရှိသလို မပြုပြင်နိုင်တာလည်း ရှိပါတယ်။ ဥပမာ မျိုးရိုးဗီဇကိုတော့ သင့်အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြုပြင်နိုင်တဲ့ကိစ္စတွေကို ပြုပြင်နိုင်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။