home

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးကြောစနစ်က နှလုံးကျန်းမာစေဖို့ အရေးပါပါတယ်။ နှလုံးက အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးသွေးကြောစနစ်မှာ အနှောင့်အယှက် တစ်ခုခု ဖြစ်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ပိုမိုသိရှိနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ ဒီရောဂါ တွယ်ကပ်လာပြီဆိုရင် တခြားဆက်နွယ်ရောဂါတွေပါတွယ်ငြိလာနိုင်တာမို့ အလွန် အန္တရာယ်များတဲ့ရောဂါတစ်ခုပါ။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်ရဲ့ နှလုံးကျန်းမာခြင်းရှိမရှိသိထားမယ်ဆိုရင် ရောဂါကာကွယ်ရေးမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအမျိုးမျိုးရှိထားပေမယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းကတော့ stair-climbing test လို့ခေါ်တဲ့ လှေကားတက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Stair-climbing test ဆိုတာ ကိုယ့်ရဲ့ နှလုံးကျန်းမာရေးကို အလွယ်ကူဆုံးသိနိုင်စေမယ့်နည်းလမ်းက အထပ်မြင့်အဆောက်အအုံတစ်ခုရဲ့ လေးလွှာအထိကို ခြေလျှင်တက်ကြည့်တာပါပဲ။ စပိန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ သုတေသနရလဒ်အရ အထပ် ၄ ထပ်စာလှေကားကို အတက်အဆင်းလုပ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံးအခြေအနေ ဘယ်အနေအထားရှိလဲဆိုတာကို အမြန်ဆုံးသိနိုင်စေလိမ့်မယ်လို့ဆိုပါတယ်။ ဒါက ပုံမှန်မဟုတ်တဲ့ စမ်းသပ်မှုနည်းလမ်းတစ်ခုဖြစ်ပြီး ဒီနည်းကို လေ့ကျင့်ခန်းတစ်ခုလို အသုံးချနေစရာတော့ […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှစ်ကာလရှည်ကြာ အရက်ကို စွဲမြဲသောက်သုံးခဲ့ပြီးလို့ အရက်ဖြတ်တော့မယ်လို့ စဉ်းစားနေပြီလား။ အရက်ကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်လာပြီလို့ တွေးတော့နေမိပြီလား။ တကယ် အရက်ဖြတ်ကြတော့မယ်ဆိုပါစို့။ အရင်ဆုံးဖြတ်ကျော်ရမယ့် အဆင့်တွေ ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။ အရက်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ရှည်ဖို့နဲ့ ကြံ့ကြံ့ခံနိုင်ဖို့ အထူးလိုအပ်ပါတယ်။ အရက်ဖြတ်ကြတဲ့ လူတိုင်း အရက်ပြတ်သွားကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့က နောက်တစ်ကြိမ် ပြန်သောက်ဖြစ်ကြတယ်။ ဖြတ်ရပိုခက်ခဲသွားကြတယ်။ အခြေအနေတွေ ပိုဆိုးသွားကြတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လိုက်နာရမယ့်၊ သိထားသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။ အချက် ၅ ချက် ရှိပါတယ်။ ဒါတွေကို လိုက်နာနိုင်မယ်ဆိုရင်တော့ အရက်ဖြတ်ရာမှာ ပိုမိုထိရောက်ပြီး အဆင်ပြေအောင် ဖြတ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ၁။ ပြတ်ပြတ်သားသား တိတိကျကျ အစီအစဉ် သေချာချမှတ်ပါ အရက်ဖြတ်ရာမှာ အဓိက အကျဆုံးအချက်က သေချာ အစီအစဉ်ချထားပြီး ပြတ်ပြတ်သားသားလုပ်ဖို့ပါပဲ။ များသောအားဖြင့် […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ရောဂါအခံအမျိုးမျိုးကြောင့် သွေးကျဲဆေးသောက်နေရသူတွေအတွက် သတိထားစရာလေးတွေ ပြောပြချင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အရ ကျန်းမာရေးအတွက် သောက်ရပေမယ့် သူနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်နော်။ သွေးကျဲဆေးသောက်ရပြီဆိုရင် - (၁) ထိမိခိုက်မိ၊ ချော်လဲတာ မဖြစ်အောင် ဂရုစိုက်ပါ။ နှလုံး သို့မဟုတ် သွေးကြောထဲမှာ သွေးခဲပိတ်ဆို့တာတွေ မဖြစ်အောင်(တနည်းအားဖြင့် heart attack မဖြစ်အောင်၊ လေမဖြတ်အောင်) ကာကွယ်ဖို့ သွေးကျဲဆေးကိုညွှန်ကြားထားတာပါ။ ဒါပေမယ့် ထိမိခိုက်မိတာတွေ ရှိလာရင်တော့ သွေးမတိတ်တဲ့အန္တရာယ်ရှိနိုင်ပါတယ်။ အရေးကြီးဆုံးက ဦးခေါင်းကိုမထိခိုက်ပါစေနဲ့။ (၂) အချိန်မှန်အောင် သောက်ပါ။ ဒီနေ့ဒီအချိန်မှာ သောက်တယ်ဆို နောက်ရက်မှာလည်း ဒီအချိန်ပဲသောက်ပါ။ အချိန်မှန်မသောက်ရင် တချို့သွေးကျဲဆေးတွေက အာနိသင်မကောင်းတတ်လို့ပါ။ တကယ်လို့ ဆေးသောက်ဖို့မေ့ခဲ့ရင် သတိရတာနဲ့ ချက်ချင်းသောက်ပါ။ အရေးကြီးတာက နောက်ရက်မှသတိရလို့ဆိုပြီး နှစ်လုံးဆင့်မသောက်ပါနဲ့။ (၃) ကိုယ်သောက်မယ့်ဆေးတွေကို သတိထားပါ။ တခြားဆေးတွေကို သောက်မယ်ဆိုရင် သွေးကျဲဆေးနဲ့အဆင်ပြေမပြေ သတိထားပါ။ ဥပမာ အကိုက်အခဲပျောက်ဆေး၊ အအေးမိပျောက်ဆေးတို့လို အလွယ်ဝယ်လို့ရတဲ့ဆေးတွေသောက်မယ့် […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ငယ်ငယ်ရွယ်ရွယ်တုန်းက စားချင်တာတွေ မဆင်မခြင်စားခဲ့ကြတာကတစ်ကြောင်း ေလ့ကျင့်ခန်းမလုပ်ခဲ့တာကြတစ်ကြောင်း နှလုံးကျန်းမာအောင် မထိန်းခဲ့မိတာကတစ်ကြောင် း အသက်ကြီးလာတော့ ဝလာတာကတစ်ကြောင်းနဲ့ နှလုံးသွေးကြောကျဉ်းတဲပြဿာတွေ အဖြစ်များလာတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြောဆိုတာကလည်း အရေးကြီးတယ်မလား။ ကျဉ်းရာကနေ နောက်ပိုင်း နှလုံးသွေးကြောပိတ်သွားတာမျိုးကနေ အသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်တယ်လေ။ ကျဉ်းနေတဲ့နှလုံးသွေးကြောကြောင့် လှုပ်လှုပ်ရှားရှားလုပ်လိုက်တိုင်း မောလို့ ဆေးခန်းသွားပြတဲ့အခါ နှလုံးသွေးကြောကျဉ်းနေပြီလို့ အဖြေထွက်တာနဲ့ ဆရာဝန်က Stent ထည့်ပြီး နှလုံးသွေးကြေြာပန်ချဲ့ဖို့လိုကြောင်း ပြောပါလိမ့်မယ်။ ဒီတော့ Stent ဆိုတာဘာလဲ၊ သူက ဘယ်လိုကောင်းကျိုးတွေ ရှိလို့လဲဆိုတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြပေးမှာပါ။ Stent ဆိုတာ ဘာလဲ။ Stent ဆိုတာ သတ္တု( ဒါမှမဟုတ်) ပလတ်စတစ်နဲ့လုပ်ထားတဲ့ သေးငယ်တဲ့ ပိုက်လေးတစ်ချောင်းပါ။ ပိတ်နေတဲ့ သွေးကြောတွေ ပြန်ပွင့်ဖို့၊ ကျဉ်းနေတဲ့ သွေးကြောတွေ ပြန်ကျယ်စေဖို့ ဒီ Stent လေးထည့်ပြီး ပုံမှန်သွေးလည်ပတ်မှု […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

အမျိုးသားတွေထက် အမျိုးသမီးတွေဟာ သွေးခဲနိုင်ချေပိုမြင့်မားတယ် ။ deep vein thrombosis လို့ခေါ်တဲ့သွေးပြန်ကြော သွေးခဲပိတ်ခြင်း ရောဂါ ဖြစ်နိုင်ချေ ပိုများတယ်ဆိုရင် အံ့သြသွားမလား။ ဒီကိစ္စက အမှန်ပါ။ နာတာရှည်သွေးပြန်ကြော ရောဂါတွေ၊ သွေးခဲတဲ့ ပြဿနာတွေအမျိုးသားတွေမှာလည်းဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ တွေ့ရပိုများပါတယ်။ သွေးခဲတာ ကြောက်စရာလိုလို့လား။ ထိခိုက်ဒဏ်ရာ တစ်ခုခုရလို့ သွေးထွက်တဲ့အခါ ကိုယ်ခန္ဓါက သွေးခဲစေပြီး သွေးတိတ်ေအာင် လုပ်ရပါတယ်။ ဒါကကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပေမယ့် deep vein thrombosis လို့ခေါ်တဲ့ သွေးပိတ်ကြောပိတ်တဲ့ ပြဿနာမှာတော့ ဒီသွေးခဲတဲ့ ကိစ္စက တရားခံပါ။ ဒါတင်မက ခဲနေတဲ့သွေးခဲလေးတွေပြုတ်ထွက်ပြီး အဆုတ်သွေးကြော နှလုံးသွေးကြောတွေမှာ သွားပိတ်ရင် ပိုပြီး ပြဿနာကြီးသွားပါပြီ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပြဿနာတွေက မိန်းကလေးတွေမှာမှ ဘာ့ကြောင့် ပိုဖြစ်ရတာလဲ အမျိုးသမီးတွေမှာ သွေးခဲနိုင်တဲ့ ပြဿနာတွေ ဖြစ်ရတာ ဒါတွေကြောင့်ပါ။ ( […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သင်သိပါသလား။ သင့်ခန္ဓါကိုယ်မှာသွေးကြောတွေရဲ့အရှည်က မိုင်ပေါင်း ၆၀၀၀၀လောက်ရှိတယ်ဆိုတာ။ နှလုံးနဲ့ တခြားကြွက်သားတွေကြားမှာ ဒီသွေးကြောတွေနဲ့သွေးလည်ပတ်မှုစနစ်ဖြစ်ပေါ်နေတာပါ။ အဲဒီသွေးကြောကွန်ရက်ကြီးက ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းအစွန်အဖျားတိုင်းအထိသွေးပို့လွှတ်လည်ပတ်နေတာမို့သွေးလည်ပတ်မှုမကောင်းရင်သွေးအရောက်နှေးတာ၊ ပိတ်ဆို့တာတွေဖြစ်လာနိုင်တယ်။ ဒီလိုဆို ခန္ဓါကိုယ်ထဲကဆဲလ်တွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေ အလုံအလောက်မရနိုင်တော့ပါဘူး။ သွေးလည်ပတ်မှုမကောင်းတဲ့အခါ အရမ်းနေထိုင်မကောင်းလောက်အောင် သိသာတဲ့လက္ခဏာမပြပါဘူး။ ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ဖြစ်နေတာ သိပ်ပြီးသတိမထားမိကြပါဘူး။ အရေးကြီးတာက လက္ခဏာသိသာတာဖြစ်ဖြစ်၊မသိသာတာဖြစ်ဖြစ်သွေးလည်ပတ်မှုမကောင်းတာ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်ပြပြီး အကြံပြုချက်အတိုင်းလိုက်နာနေထိုင်ပါ။ သွေးလည်ပတ်မှုမကောင်းရင် ဘာလက္ခဏာတွေပြတတ်လဲ ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ သွေးလည်ပတ်မှုမကောင်းတဲ့အခါ အဖြစ်များဆုံးလက္ခဏာကတော့ လက်ဖျားခြေဖျားတွေမှာ ထုံတာ၊ ကျဉ်တာပဲဖြစ်ပါတယ်။သွေးလည်ပတ်မှုကို တစုံတခုကြောင့် အဟန့်အတားဖြစ်စေတဲ့အခါခြေဖျားလက်ဖျားတွေဆီကို အလုံအလောက်သွေးမရောက်နိုင်တော့ပါဘူး။ အဲဒီမှာ ထုံကျဉ်မှုကိုခံစားရတော့တာပါပဲ။ ခြေဖျားလက်ဖျားအေးတာ ခြေထောက်နဲ့လက်ကိုသွေးရောက်ရှိမှုနည်းနေတဲ့အခါ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေထက် ပိုအေးနေတတ်ပါတယ်။ ရှိသင့်တဲ့နှုန်းနဲ့သွေးမရောက်ရှိနိုင်တာကြောင့်ခြေနဲ့လက်အဖျားက အရေပြားနဲ့အာရုံကြောအစွန်းတွေမှာ အပူချိန်အတက်အကျရှိစေနိုင်ပါတယ်။ ဖောရောင်တာ သွေးလည်ပတ်မှုမကောင်းတဲ့အခါ ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းတချို့မှာ အရည်တွေစုလာစေနိုင်ပါတယ်။ အဲဒီအခါ ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်တို့မှာ edema လို့ခေါ်တဲ့ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။ Edema က နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓါကိုယ်အနှံ့ကိုသွေးအလုံအလောက်လည်ပတ်မပို့လွှတ်နိုင်တဲ့အခါ ဒီလိုဖြစ်လာနိုင်တာပါ။ […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

လူ့ခန္ဓါကိုယ်အနှံ့ကို သွေးကြောတွေနဲ့ ကွန်ရက်ဖြန့်ကြက်လွှမ်းခြုံထားတဲ့ သွေးလည်ပတ်မှုစနစ်က ကျန်းမာရေးအတွက် သိပ်ကိုအရေးကြီးပါတယ်။သွေးလည်ပတ်မှုမကောင်းခြင်းက အဝလွန်ခြင်း၊သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုရောဂါတို့လို တခြားကျန်းမာရေးပြဿနာတွေရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ဒါတွေမဖြစ်အောင် သွေးလည်ပတ်မှုကောင်းချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမယ့် (၃) ချက်ရှိတယ် - ဆေးလိပ်မသောက်ပါနဲ့။ အဆီများတာတွေလျှော့စားပါ။ အချိန်အကြာကြီး ထိုင်မနေပါနဲ့။ နေ့စဉ်သွားလာနေထိုင်မှုပုံစံတွေထဲ ဒီအချက်တွေကို ဂရုစိုက်ပေးရင်သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။ (၁) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ ကိုယ်အလေးချိန်သိပ်မများ၊ သိပ်မနည်းဘဲ ပုံမှန်ထိန်းထားနိုင်တယ်ဆိုရင်သွေးလည်ပတ်မှုပိုကောင်းစေနိုင်တယ်။ လူတစ်ယောက်က ကိုယ်အလေးချိန်များနေတယ်ဆိုရင်သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ (၂) လှုပ်ရှားပါ ကိုယ်လက်လှုပ်ရှားမှုတော့ ပုံမှန်ရှိသင့်ပါတယ်။ အားကစားတွေ၊ workout တွေမလုပ်နိုင်ရင်တောင် ခပ်ဖွဖွပြေးတာ၊သွေးပူလေ့ကျင့်ခန်းလုပ်တာလောက်တော့ လုပ်သင့်ပါတယ်။ယောဂ ကစားတာကလည်း လှုပ်ရှားမှုမျိုးစုံပါဝင်တာမို့ ခပ်ပျော့ပျော့နဲ့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။သွေးပြန်ကြောတွေကို ဖိလိုက်လွှတ်လိုက် လှုပ်ရှားမှုတွေဖြစ်စေတာမို့သွေးလည်ပတ်မှုကိုလည်း ပိုကောင်းစေပါတယ်။ သုတေသနတွေအရယောဂကစားခြင်းက နှလုံးသွေးကြောစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်တို့အတွက် အကျိုးရှိတယ်လို့တွေ့ရှိထားပါတယ်။ (၃) အဆီများတဲ့ငါး စားပါ အကျိုးပြုအဆီဓါတ် omega-3fatty acidsတွေများတဲ့ ငါးတွေကို […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ဘီယာတွေ၊ အရက်တွေသောက်တတ်တဲ့သူတွေဟာ ကြာရှည်သောက်လေ ရုပ်ရင့်လေဖြစ်လာတာကိုတွေ့ဖူးမှာပေါ့။ နဂိုအသက်ထက် ပိုရင့်တယ်ထင်ရတာမျိုး၊ ရွယ်တူချင်းယှဉ်ရင်တောင် အသက်ပိုကြီးနေသလိုလိုနဲ့။ တချို့တွေကတော့ခြွင်းချက်ပေါ့လေ။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အပြင်ပန်းရုပ်ရည်တင်မက ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရင့်ရော်အိုစာသွားစေတဲ့ အရက်သောက်ခြင်းဆိုးကျိုးတွေကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ရအောင်။ (၁) ရေဓာတ်ခမ်းခြောက်စေတယ် အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။ (၂) အသားခြောက်စေနိုင်တယ် လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။ (၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ် အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ကျန်းမာရေး ဗဟုသုတရှိသူတိုင်း သိထားကြတာက ဝိုင်ကို သင့်တင့်တဲ့ ပမာဏလောက်သာ သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာပါပဲ။ ဒီနေရာမှာ ပြောစရာရှိတာက ဝိုင်နီနဲ့ ဝိုင်ဖြူဆိုပြီး ၂ မျိုးရှိတဲ့အတွက် ဘယ်ဝိုင်က ကျန်းမာရေးကို ပိုအထောက်အကူပြုလဲဆိုတာပါပဲ။ ကဲ ဘယ်ဝိုင်က ကျန်းမာရေးအတွက် ပိုကောင်းလဲ ။ ။ ဝိုင်ဆိုတာ ဘာလဲ။ ။ ဝိုင်တိုင်းကတော့ စပျစ်သီးကို အများဆုံးအခြေခံပြီး ထုတ်ထားတာပါ။ စပျစ်သီးကို ကြိတ်ခြေပြီး စည်ပိုင်းတွေထဲထည့်ကာ အချဉ်ဖောက်ထားတာဖြစ်ပါတယ်။ ဝိုင်နီ နဲ့ ဝိုင်ဖြူဆိုပြီး ကွဲသွားတဲ့ အကြောင်းကတော့ ဝိုင်နီမှာ စပျစ်သီးအခွံပါပြီး ဝိုင်ဖြူကိုတော့ စပျစ်သီးအခွံမပါအောင် လုပ်ထားတာဖြစ်လို့ အရောင်ကွဲသွားရတာဖြစ်ပါတယ်။ ဝိုင်နီနဲ့ ဝိုင်ဖြူ ဘယ်ဝိုင်က ကျန်းမာရေးအတွက် ပိုကောင်းလဲ ။ ။ Resveratrol (Polyphenol) တကယ့်ကိုမှ ဒိတ်ဒိတ်ကျဲ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ Polyphenol ဟာ […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

အသီးမှာသရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာ ဝက်လို့တောင် တင်စားရလောက်အောင် အသားတွေထဲမှာ ဝက်သား က မြန်မာလူမျိုးတွေ အကြိုက်ဆုံး အသားတစ်ခုပါ။ သီချင်းထဲတောင်ထည့်ဆိုရတဲ့ ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍန်က အလှူလုပ်ပြီဆို မပါလို့ကို မဖြစ်အောင်တို့မြန်မာတွေက ဝက်သားဆို သိပ်ကြိုက်ကြပါတယ်။ အသားချည်းဆိုလို့ကတော့ စိတ်မဝင်စားဘဲ သုံးထပ်သားလေးမှ ရင်ခုန်တာမျိုး။ ဝက်သားတုတ်ထိုးဆိုလည်း ၁၀၀၀၀ ဖိုးတောင်မလောက်ချင်တဲ့ ကိုကိုမမတို့ ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဝက်သားက ကျန်းမာရေးအတွက် တကယ်ရော ကောင်းရဲ့လား။ တော်တော်များများကတော့ဝက်သားက စားကောင်းတာမှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ဖူးလို့ လက်ခံထားကြပါတယ်။ ကဲ စာဖတ်ပရိသတ်ကြီးရော ဘယ်လိုထင်လဲ။ ဆက်ပြီး လေ့လာကြည့်ရအောင်နော်။ ။ ဝက်သားမှာ ပါဝင်တဲ့ အာဟာရဓါတ်များ ။ ။ Calories 297 Water 53% Protein 7g Carbs […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကဘာလဲဆိုတာ အရင်မပြောခင် ကိုယ်ခန္ဓာသွေးကြောစနစ်ရဲ့ အဖွဲ့ဝင်တွေနဲ့ အရင်မိတ်ဆက်ပေးချင်ပါတယ်။ သွေးကြောစနစ်မှာ သွေးလွှတ်ကြော ( arteries) ၊သွေးပြန်ကြော ( veins)၊ နဲ့ ပြန်ရည်ကြော ( lymphatic) ဆိုပြီး အဖွဲ့ဝင် ၃ ယောက်ရှိပါတယ်။ အဲ့ဒီတော့ သူတို့အထဲကမှ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရဲ့ ပင်မဇာတ်လိုက်ဖြစ်တဲ့ သွေးပြန်ကြော အကြောင်းကိုပြောပြချင်ပါတယ်။ သွေးပြန်ကြောရဲ့ တာဝန်ကတော့ တစ်ကိုယ်လုံးကသွေးတွေကို နှလုံးဆီပြန်သယ်လာရတာဖြစ်ပါတယ်။ သွေးပြန်ကြောရဲ့ အဓိက ပင်မစခန်းချတဲ့ နေရာကတော့ ခြေထောက်မှာလို့ ပြောရပါလိမ့်မယ်။ ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေက ကမ ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ ဆန့်ကျင်ပြီး နှလုံးဆီ သွေးတွေကို ပြန်ပို့ပေးနေရတာပါ။ သူ့မှာပါတဲ့ တစ်ဖက်ပွင့် အဆို့ရှင်လေးတွေက နှလုံးဆီကိုပဲသွေးတွေစီးစေပြီးတော့ ခြေထောက်ထဲသွေးတွေပြန်စီးဝင်တာကို တားဆီးပေးပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ veins လို့ခေါ်တဲ့ သွေးပြန်ကြောတွေ […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon