နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

နှလုံးက လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတဲ့အခါ နှလုံးခုန်နှုန်း စည်းချက် မမှန်တာတွေ ခံစားလာရနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ နှလုံး ခုန်နှေးတာမျိုး ဖြစ်နိုင်သလို နှလုံး ခုန်နှုန်းမြန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအနေအထားက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ နှလုံးခုန်မမှန်သည့် ရောဂါများအကြောင်းကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

ပုံမှန်အားဖြင့် သင့်နှလုံးဟာ တမိနစ်မှာ အချက်ရေ ၆၀ ကနေ ၁၀၀ အတွင်း ခုန်ပြီး သွေးများကို ညှစ်ထုတ်ပေးခြင်း၊ ပြန်လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးရဲ့ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှု (နှလုံးခုန်ခြင်း) ဟာ သူ့စည်းချက်နဲ့သူ ရှိပါတယ်။ အဆိုပါနှလုံးခုန်ခြင်းဟာ သူ့ပုံမှန်စည်းချက်ကနေ လွဲချော်သွားရင်တော့ နှလုံးခုန်စည်းချက်မမှန်ခြင်း (Cardiac Arrythmia) အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ယေဘုယျအားဖြင့် နှလုံးခုန်တဲ့လှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ လျှပ်စီးလှုံ့ဆော်မှုတွေ ပုံမှန်စီးဆင်းခြင်းမရှိရင် ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးခုန်မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား အချိန်စောပြီး နှလုံးခုန်ခြင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီခြင်း စသဖြင့် နှလုံးခုန် စည်းချက်လွဲတဲ့ အခြေအနေတွေ ရှိပါတယ်။ နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ လူတိုင်းလိုလိုမှာ တကြိမ်လောက်တော့ ကြုံရတတ်ပါတယ်။ ဒါပေမယ့် မကြာခဏ ဖြစ်ပေါ်နေရင်တော့ သွေးလည်ပတ်မှုကို […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) ကဘာလဲ။ သာမန်ထက်နှလုံးခုန်မြန်နေခြင်းဖြစ်စေတဲ့ ပြင်းထန်တဲ့အခြေအနေဖြစ်ပါတယ်။ ခန္ဓါကိုယ်တစ်ခုလုံနဲပအဆုတ်အတွက် သွေးတွေကို နှလုံးညှစ်နေစဉ်အတွင်း ထောက်ပံ့ပေးပြီး နှလုံးကိုယ်တိုင်အတွက်ကို နှလုံးမညှစ်ဘဲနားနေချိန်အတွင်း နှလုံးထောက်ပံ့သွေးကြောတွေကနေတစ်ဆင့် ထောက်ပံ့ပေးဖို့အတွက သာမန်မှာ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ၆၀-၈၀လောက် ခုန်ပါတယ်။ နှလုံးသွေးလွှတ်ခန်းနှလုံးခုန်မြန်ခြင်းမျာတော့ နှလုံးခုန်သံဟာအရမ်းများသွားပြီး တစ်မိနစ်မှာအကြိမ်၁၀၀ထက်ပိုများသွားပြီး နှလုံးခုန်စက်ဝန်းတစ်ခါလည်တိုင်းမှာ ပုံမှန်မဟုတ်တဲ့နှလုံးခုန်သံအနည်းဆုံး ၃ကြိမ်ပါနေပါတယ်။ နှလုံးခုန်မြန်ခြင်း၊ မူမမှန်ခြင်းရင်တလှပ်လှပ်ခုန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲရလဒ်တွေမဖြစ်အောင်ကာကွယ်ဖို့ အရေးပေါ်ကုသမှုရဖို့ အရေးကြီးပါတယ်။ Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးရောဂါဖြစ်နေတဲ့လူနာတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVentricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ စက္ကန့်အနည်းငယ်လောက်သာ နှလုံးခုန်မြန်တာဆိုရင် စိုးရိမ်စရာမလိုပါဘူး။ အချိန်ကြာကြာမြန်ခဲ့မယ်ဆိုရင်တော့ သင်ကိုယ်တိုင်နှလုံးခုန်မြန်နေတာ၊ နှလုံးခုန်သံကျယ်နေတာ ဒါမှမဟုတ် နလုံးခုန်သံကျော်သွားပျေက်သွားတာမျိုး သတိထားမိနိုင်ပါတယ်။ ဒီလိုမျိုးနှလုံးခုန်သံအပြောင်းအလဲကို ရင်တုန်ခြင်းလို့ခေါ်ပါတယ်။ နှလုံးသွေးလွှတ်ခန်း […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ဆိုတာ ဘာလဲ။ နှလုံးစည်းချက်မမှန်ခြင်း သည် နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်း (သို့မဟုတ်) စည်းချက်မမှန်ခြင်း - အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း)၊ ခုန်သင့်သည့်အချိန်ထက်စောခုန်ခြင်း (အချိန်မတိုင်ခင် နှလုံးကြွက်သားညှစ်ခြင်း)၊ ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ ပါဝင်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းသည် လျှပ်စီးလှုံ့ဆော်မှုများ မူမမှန်သည့်အခါတွင် ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းအား အောက်ပါတို့ကိုအခြေခံပြီး အမည်နဲ့ အမျိုးအစားများ ခွဲနိုင်ပါတယ်။ ခုန်နှုန်း - အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း) စခုန်သည့်နေရာ - (သွေးလွှတ်ခန်း သို့မဟုတ် သွေးဝင်ခန်း) မှန်မှန်ခုန်ခြင်းရှိမရှိ Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) က အဖြစ်များသလား ဒီရောဂါသည် အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Bradycardia (နှလုံးခုန်နှေးခြင်း) ကဘာလဲ။ အရွယ်ရောက်ပြီးသူများတွင် နှလုံးခုန်နှုန်း တစ်မိနစ်လျှင် (BPM) ၆၀ အောက် ရောက်နေပါက နှလုံးခုန်နှေးခြင်း (Bradycardia) ဟုခေါ်သည်။ နှလုံးခုန်နှုန်းသည် အရွယ်ရောက်ပြီးသူများ နားနေချိန်တွင် ၆၀ နှင့် ၁၀၀ ကြားရှိပါသည်။ နှလုံးခုန်နှေးခြင်းသည့် ပုံမှန်ကျန်းမာသူလဲဖြစ်နိုင်သည်။ ဥပမာ – ကိုယ်လက်လှုပ်ရှားရသော အရွယ်ရောက်ပြီးသူများတွင် နားနေချိန်၌ 60 BPM ရှိနိုင်ပြီး ၎င်းသည် ပြဿနာမဟုတ်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အခါတွင်လဲ 60 BPM အောက် ရောက်နိုင်သည်။ အရွယ်ကြီးရင့်သူများတွင် နှလုံးခုန်နှေးပါက ပြဿနာ ပိုဖြစ်နိုင်ပါသည်။ သို့သော် နှလုံးခုန်နှေးခြင်းသည် နှလုံးလျှပ်စစ်စနစ်၌ ပြဿနာရှိနေခြင်းလဲ ဖြစ်နိုင်ပါသည်။ Bradycardia (နှလုံးခုန်နှေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးခုန်နှေးခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများBradycardia (နှလုံးခုန်နှေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှလုံးခုန်နှေးခြင်း ၏ […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Fast Heart Beat (နှလုံးခုန်မြန်ခြင်း) ကဘာလဲ။ နှလုံးခုန်မြန်ခြင်း ,သွေးခုန်နှုန်းမြန်ခြင်း , ကြိမ်နှုန်းမြန်ခြင်း ဆိုတာတွေက သင့်နှလုံးခုန်မြန်နေတာ ခုန်ချက်ကျော်လွန်တာတွေကို သိတဲ့ခံစားမှုဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်မဟုတ်တဲ့ စည်းချက်နဲ့ ခုန်နေတာကို သင်ခံစားရတတ်ပါတယ်။ ဒီအခြေအနေက လည်ပင်းနဲ့ ရင်ဘတ်တွေမှာဖြစ်တတ်ပါတယ်။ Fast Heart Beat (နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးခုန်မြန်တာဟာ အဖြစ်များတဲ့ ရောဂါပါ။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ဖြစ်စေတဲ့အချက်တွေကိုလျော့ချခြင်းဖြင့် ကုသနိုင်ပါတယ်။ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ လက္ခဏာများFast Heart Beat (နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ယေဘုယျ လက္ခဏာတွေက : • အသက်ရှူရခက်ခြင်း၊ မောခြင်း • မူးဝေခြင်း • ရုတ်တရက် နွမ်းနယ်ခြင်း • နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း • ရင်ဘတ်အောင့်ခြင်း • မတ်တပ်ရပ်ချိန်တွင် ခေါင်းမူးခြင်း • မေ့မြောခြင်း နှလုံးခုန်မြန်ရောဂါရှိသူ အချို့ဟာ […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ကဘာလဲ။ supraventricular tachycardia ဆိုသည်မှာ နှလုံးခုန်အရမ်းမြန်သည့်အခါ နှလုံးနေရာအားလုံးကို သွေးကောင်းစွာ မလည်ပတ် မရောက်ရှိနိုင်ခြင်း ဖြစ်သည်။ နှလုံးသည် ပုံမှန်အားဖြင့် တစ်မိနစ်လျှင် အချက် ၆၀ မှ ၁၀၀ အထိခုန်လေ့ရှိသည်။ သို့သော် supraventricular tachycardia ဖြစ်လျှင် နှလုံးခုန်နှုန်းသည် ၁၅၀ မှ ၂၅၀ အထိရောက်နိုင်သည်။ supraventricular tachycardia အမျိုးအစားများ များစွာရှိသည့်အနက် chronic atrial fibrillation (AFIB)၊ paroxysmal sinus tachycardia၊ atrioventricular nodal reentry tachycardia (AVNRT) နှင့် atrioventricular reciprocating tachycardia (AVRT)၊ Wolff-Parkinson-White syndrome တို့ပါဝင်သည်။ သင့်တွင် supraventricular tachycardia […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကဘာလဲ။ Atrial fibrillation ဆိုတာ နှလုံးရဲ လျှပ်စစ်ပိုင်းစနစ်ချွတ်ယွင်းမှုကြောင့် arrhythimia လို့ခေါ်တဲ့ နှလုံးစီးချက်မမှန်ခြင်းရောဂါတစ်မျိုးဖြစ်ပါတယ်။ နှလုံးရဲ့ လျှပ်စစ်စနစ်မှ နှလုံးရဲ့ နှလုံးခုန်ခြင်း၏ စ်ီးချက်နှင့် အမြန် နှုန်းအတွက် signals တွေ ပို့ပေးရပါတယ်။ သင်မှာ atrial fibrillation ဖြစ်တဲ့ အခါ နှလုံးကြွက်သားတွေက ညှစ်နေရမယ့်အစား တွန့်နေပါတော့တယ်။ Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ Atrial fibrillation က အသက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ အခံရှိသူများနှင့် အဝလွန်သူတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများAtrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ atrial fibrillation ရဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတွေက […]

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon