ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူသလို အာဟာရ လိုအပ်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ အာဟာရ လိုအပ်ချက်ကို ကိုက်ညီအောင် ဖြည့်ပေးနိုင်မှ ကျန်းမာပျော်ရွှင်မှာပါ။ ဒါ​ကြောင့် အာဟာရလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အာလူးပဲ စား ရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား

အာလူး စားရင် ကိတ်တယ်။ အာလူးစားရင် ဝလာမယ်လို့ပဲ သိထားကြတော့ အာလူးပဲ စား ပြီး ဝိတ်ချတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အာလူးက အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဝိတ်ကျဖို့ကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် စားပုံစားနည်း မှန်ဖို့တော့ လိုပါတယ်။ အာလူး မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အခွံမခွာဘဲ ဖုတ်ထားတဲ့ အာလူးအလတ်စား (၆.၁ အောင်စ/ ၁၇၃ ဂရမ်) တစ်လုံးမှာဆိုရင် ကယ်လိုရီ ၁၆၈ ပရိုတင်း ၅ ဂရမ် ကာဘိုဟိုက်ဒရိတ် ၃၇ ဂရမ် အမျှင်ဓာတ် ၄ ဂရမ် ဆိုဒီယမ် ၃၄ မီလီဂရမ် ဗီတာမင် စီ တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၇% ဗီတာမင် B6 တစ်နေ့တာ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က တကယ်ကောင်းတာလား။

ဝမ်းလျှောတာ၊ အထက်လန်အောက်လျှောဖြစ်တာ၊ အစာအဆိပ်သင့်တာ စသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖျားနာမှု တစ်ခုခု ဖြစ်ပြီးတဲ့နောက်မှာ အစာခြေစနစ်ကို အနားပေးဖို့ လိုပါတယ်။ အနားပေးတယ်ဆိုတာ သူ့ရဲ့ အလုပ်တွေကို လျှော့ချတာမျိုးပါ။ သူ့ရဲ့ အဓိက အလုပ်က အစာခြေတာဆိုတော့ ဖျားတာမှုတွေ အပြီးမှာ အစာခြေရလွယ်တဲ့ အစားအစာကို စားပေးပြီး အူလမ်းကြောင်းကို ဝန်မပိအောင် လုပ်ပေးတာပါ။ ဒီမှာ ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet ဆိုတာ ပေါ်လာပါတယ်။ BRAT diet ဆိုတာ BRAT diet ဆိုတာ ပါဝင်တဲ့ အစားအစာတွေရဲ့ အစစာလုံးလေးတွေပါ။ ပါဝင်တာတွေကတော့ Bananas (ငှက်ပျောသီး) Rice (ထမင်း) Applesauce (ပန်းသီးအနှစ်) Toast (ပေါင်မုန့်မီးကင်) BRAT dietရဲ့ ရည်ရွယ်ချက်က ခပ်ပျော့ပျော့ပြဲပြဲနဲ့ ခြေရလွယ်တဲ့ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

လူအမျိုးမျိုးအတွက် Special diet

လူအမျိုးမျိုးအတွက် Special diet ........  Diet လုပ်နေတယ် မစားဘူး။ Diet လုပ်နေလို့ ရှောင်ထားတယ်ဆိုတာ ခေတ်သစ်ရဲ့ ဗန်းစကား ဖြစ်လာပါပြီ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ Diet လုပ်နေတယ်ဆို ကျန်းမာရေး လိုက်စားတယ်ပေါ့။ ခုနောက်ပိုင်းမှာ ရောဂါဖြစ်မှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကို ပိုပြီး စိတ်ဝင်စားလာကြပါပြီ။ ဘာကြောင့်လည်းဆိုတော့ ရောဂါတွေက ဖြစ်လာပြီဆိုရင် ပျောက်ဖို့ ခဲယည်းလာပြီကိုး။ ဥပမာ ဆီးချို၊ သွေးတိုးပဲ ကြည့်ရအောင်။ ဖြစ်ပြီဟေ့ဆို တစ်သက်လုံး ကုပေရော့ပဲ။ ဒါကြောင့် အစကတည်းက မဖြစ်အောင် ကြိုကာလာကြပါပြီ။ ဒါ့ပြင် ဒီလို ရောဂါတွေကို ကုသတဲ့နေရာမှာလည်း ဆေးချည်းသက်သက်ထက် အစားအသောက်၊ လေ့ကျင့်ခန်းလေး ကူတာက ပိုပြီး အထောက်အကူဖြစ်တယ်ဆိုတာကို နားလည်လာကြပါပြီ။ အရင်ကတော့ တစ်ခုခုဆို ဆေးပဲပေး၊ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သက်လွတ်စားရင်း မှားနေကြသည်များ

လူတချို့ဟာ ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် အသားမပါဘဲ သက်သတ်လွတ် စားသောက်ကြပါတယ်။ သက်သတ်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားရင်း လွဲမှားနေကြတာလေးတွေလည်း ရှိနေပါသေးတယ်။ အရင်ဆုံး သက်သတ်လွတ် စားတဲ့ ပုံစံတွေကို ပြောပြချင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် တိရစ္ဆာန်ထွက် ပစ္စည်းတွေ ဖြစ်တဲ့ နို့၊ ဒိန်ချဉ်၊ ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ အသီးအရွက်သီးသန့်ကိုသာ စားသောက်ကြသူတွေဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သက်သတ်လွတ် စားတာဟာ ကိုယ်အလေးချိန်လျှော့ဖို့အတွက် အလွန်သင့်လျော်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အသီးအရွက်တွေကို အခြေခံထားတဲ့ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

ခန္ဓာကိုယ် အနှံ့က ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းတွေကို ပေါင်းစုထားတဲ့ စနစ်ကို endocrine system (ဟော်မုန်းစနစ်) ရယ်လို့ ခေါ်တယ်။ ဒီ စနစ်ထဲမှာပါတဲ့ ဂလင်းတွေက ဟော်မုန်းတွေကို မပိုမလိုထုတ်ပေးမှ ခန္ဓာကိုယ်က ဖြစ်စဉ်တွေ အားလုံးက ပုံမှန် လည်ပတ်တာပါ။ တစ်ခုခုက ပုံမှန် အလုပ်မလုပ်ဘူးဆိုတာနဲ့ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၊ ကြီးထွားမှုဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါ တစ်မျိုးဖြစ်တဲ့ အမျိုးအစား(၂) ဆီးချိုရောဂါတင်မက တခြားရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ ကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ ခန္ဓာကိုယ်မှာ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ အရိုး ကျန်းမာရေးကစလို့  ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အထိ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

ခန္ဓာကိုယ် အနှံ့အပြားမှာရှိတဲ့ ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကို endocrine system လို့ ခေါ်ပါတယ်။ ဒီစနစ်က ဟန်ချက်ညီ လုပ်ဆောင်နိုင်မှာ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကစလို့ ကြီးထွားမှုဖြစ်စဉ်အဆုံး အကုန်လုံး အဆင်ပြေမှာပါ။ endocrine system က ခန္ဓာကိုယ် မှာရှိတဲ့ လုပ်ဆောင်မှု အားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျန်းမာနေစေဖို့အတွက် endocrine system ရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။ endocrine system (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဆန်၊ ဂျုံ၊ ပြောင်းစတဲ့ ကောက်ပဲသီးနှံတွေ၊ ပရိုတင်းပါတဲ့ အစားအစာတွေက ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ အစားအစာတွေပါ။ ဒါတွေကို သင့်တင့်မျှတအောင်စားသုံးပေးတာက ခန္ဓာကိုယ် ကျန်းမာစေရေးကို ချိန်ညှိပေးတဲ့ endocrine system စနစ်နဲ့ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကင်ဆာရှိရင် သကြားဖြတ်ရမှာလား။

ခဏခဏ ကြားနေကြမေးခွန်းပါပဲ။ ကင်ဆာရှိနေလို့ အချိုစားလို့မရတော့ဘူး။ ကင်ဆာဆဲလ်တွေ ပိုပွားလာမှာဆိုးလို့ စသဖြင့်ပေါ့။ ဒါဟာ တကယ်လား။ ကင်ဆာရှိရင် အချိုမစားရတော့ဘူးတဲ့လား။ ဆက်ကြည့်ရအောင်။ အချိုဆိုတာ ဒီနေရာမှာ အချိုလို့ပြောလိုက်ရင် သကြားဓာတ်ကို ရည်ညွှန်းတာပါ။ သကြားဓာတ်က အိမ်သုံးသကြားမှာလည်း ပါသလို အသီးအနှံတွေ၊ ထမင်းတွေမှာလည်း ပါပါတယ်။ အသီးအနှံတွေမှာပါတဲ့ fructoseဆိုတာလည်း သကြားဓာတ်ပါပဲ။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ဆိုတာလည်း ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပဲ။ ဒီလို သိကြပြီးတဲ့နောက်မှာ အချိုရှောင်ရမယ်လည်းဆိုရော ဒါတွေကိုပါ ရှောင်တော့တာပါပဲ။ ဒီလို ရှောင်ရမယ်ဆိုတဲ့ ကိစ္စ ဘယ်ကစ ကင်ဆာဆဲလ်တွေကို ရှာဖွေတဲ့နေရာမှာ PET scan (Positron Emission Tonography) ဆိုတာကို သုံးပါတယ်။ ဒီစက်ရဲ့ အလုပ်လုပ်ပုံက radioactive ပစ္စည်း တစ်မျိူးကို ကိုယ်ထဲကို ထည့်လိုက်မယ်။ ပြီးမှ နောက်ကနေ လိုက်traceကြည့်တာပါ။ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အက်ဆစ်ဓာတ်ကဲသော အစားအစာများအကြောင်း

အက်ဆစ်ဓာတ်ဆိုတာကို မပြောခင် pH ညွှန်ကိန်းအကြောင်း တင်ပြလိုပါတယ်။ pH ညွှန်ကိန်းဟာ ပစ္စည်းတစ်ခုအနေနဲ့ အက်ဆစ်လား၊ ဘေ့စ်လား၊ ဘာသဘောမှမဆောင်တဲ့ ကြားနေဓာတ်လားဆိုတာ ညွှန်ပြနေပါတယ်။ ဥပမာ - pH ညွှန်ကိန်း 0 ဟာ အက်ဆစ်ဓာတ်အမြင့်ဆုံး - pH ညွှန်ကိန်း 7 ဟာ ဓာတ်ပြယ်တဲ့အဆင့် - pH ညွှန်ကိန်း 14 ဟာ ဘေ့စ်ဓာတ်အမြင့်ဆုံး စသဖြင့် ညွှန်ပြနေပါတယ်။ ဘက်ထရီအိုးတွေရဲ့ အက်ဆစ်ဟာ အမြင့်ဆုံးဖြစ်ပြီး pH 0 ရှိပါတယ်။ ဘေစင်တွေမှာ ပိုက်လိုင်းတွေကို ဆေးချပေးတဲ့ drain cleaner တွေကတော့ အယ်လ်ကာလီသဘာဝရှိပြီး pH 14 ရှိပါတယ်။ ပေါင်းခံရေကတော့ pH 7 ရှိပါတယ်။ လူ့ကိုယ်ခန္ဓာဟာလည်း နေရာပေါ်မူတည်ပြီး pH ညွှန်ကိန်းမျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက်

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း တွေက ဘာတွေဖြစ်မလဲ လေ့လာလိုက်ရအောင်နော်။ Keto Diet လို့ ခေါ်တဲ့ အဆီချနည်းကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေကနေ ကယ်လိုရီပိုရယူတာ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ငွေကုန်ခံပြီးသာ လုပ်ရတယ်။ ကိုယ့်အတွက် သိပ်မထိရောက်ဘူး၊ ဝိတ်လည်း ကျမလာဘူးလို့ ခံစားရရင် ကိုယ့်အခြေအနေကိုယ် ဒီအချက်တွေနဲ့ တိုက်ကြည့်လိုက်ပါဦး… Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဖြစ်စေဖို့ ကြက်ပေါင်းရည် သောက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

“နေမကောင်းဘူးလား…ကြက်ပေါင်းရည် သောက်လေ” “စာမေးပွဲနီးပြီ စာတွေ ကျက်ရတာ ပင်ပန်းနေပြီလား လန်းသွားအောင် ကြက်ပေါင်းရည် သောက်ပါလား” ဆိုတာတွေက တော်တော်လေး နားယဉ်နေမယ့် စကားဖြစ်မယ် ထင်ပါတယ်။ ဒီလို ကြားဖူးနေမှုနဲ့အတူ ကြက်ပေါင်းရည် သောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ ထွေထွေးထူးထူး ပြောပြနေစရာမလိုဘဲ တော်တော်များများသိထားပြီး ဖြစ်မှာပါ။ အာရှတိုက်သားတွေ အထူးသဖြင့် တရုတ်လူမျိုးတွေက ကြက်ပေါင်းရည်ကို အားဖြစ်စေမယ့် ဟင်းလျာတစ်ခု အဖြစ် ရှေးယခင်ကာလတွေကတည်းက စားသုံးလာခဲ့ကြတာပါ။ နာလန်ထ လူနာတွေကို မြန်မြန်အားပြည့်စေဖို့၊ နေမကောင်းသူတွေကို မြန်မြန်နေကောင်းစေဖို့၊ ကလေးတွေကို စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုနိုင်ဖို့၊ နို့တိုက်မေမေတွေကို ကိုယ်ခံအားကောင်းပြီး ဘေဘီလေးကို နို့ဝဝတိုက်နိုင်စေဖို့ဆိုပြီး ပြင်ဆင်ပေးလေ့ရှိတဲ့ ကြက်ပေါင်းရည်က တကယ်ရော ကောင်းရဲ့လား။ ဘာလို့များ ဒီလောက်တောင် ညွှန်းနေကြတာလဲဆိုတာ ဆက်ပြောပြချင်ပါတယ်။ ကြက်ပေါင်းရည် တကယ်ကောင်းသလား။ ကြက်ပေါင်းရည်က ကျန်းမာရေးအတွက် ကောင်းသလားဆိုတာ မပြောခင် […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

မနက်ခင်းက တစ်နေ့တာ အတွက် အရေးအကြီးဆုံးပါ။ မနက်ခင်းမှာ ကြည်လင်စွာ နိုးထနိုင်တာက တစ်နေ့တာလုံးကို အင်အား ပြည့်ဝစွာနဲ့ လုပ်ငန်း တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင် နိုင်စေမှာပါ။ ဒီတော့ မနက်ခင်းတိုင်းကို ကြည်လင် လန်းဆန်းတဲ့ မနက်ခင်း အဖြစ် နိုးထလာနိုင်စေဖို့ ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ လူတော်တော်များများ လုပ်မိနေနိုင်တဲ့ မနက်ခင်း အလွဲ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေက အိပ်စက်ချိန်တွေ နည်းလာပါတယ်။ မနက်ခင်းတိုင်းမှာ အိပ်ရေးမဝကြသလို မကြည်လင်မှုတွေနဲ့ နိုးထလာတတ်ကြပါတယ်။ ဒီလို နိုးထလာတဲ့အခါ လန်းသွားအောင် ဆိုပြီး လူ တော်တော်များများ လုပ်တတ်တာက ကော်ဖီ တစ်ခွက် သောက်လိုက်တာပါ။ ကော်ဖီ သောက်တာက နည်းနည်းဆိုရင် လန်းဆန်းစေတာ မှန်ပေမယ့် အရမ်း များသွားမယ် ဆိုရင်တော့ ပင်ပန်းနွမ်းနယ်မှုကိုပါ ခံစား […]

advertisement
advertisement

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy