သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။

နှလုံး ဘယ်လို အလုပ်လုပ်သလဲ

နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။

မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။

နှလုံးမှာ အပိုင်း ၂ ခု ပါရှိပါတယ်။ အထက်ပိုင်းမှာ သွေးပြန်ခန်း နဲ့ အောက်ဘက်ပိုင်းမှာ သွေးလွှတ်ခန်း ပါရှိပါတယ်။ ညာဘက်ခြမ်းက သွေးတွေကို အဆုတ်ဆီ ညှစ်ထုတ်ပြီး အောက်ဆီဂျင် ရရှိနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဘယ်ဘက်ခြမ်းကတော့ အဆုတ်ဆီကနေ အောက်ဆီဂျင်ကြွယ်ဝတဲ့ သွေးတွေကိုရယူပြီး သွေးကြောတွေကနေတဆင့် ခန္ဓာကိုယ်အနှံ့ကို ပို့ဆောင်ပေးပါတယ်။

နှလုံးမှာ ရှိတဲ့ electrical system ကနှလုံးစည်းချက်နဲ့ သွေးခုန်နှုန်းကို ထိန်းညှိပေးပြီး နှလုံးက အခန်းတွေရဲ့ ကျုံ့ဆန့်မှုကို စည်းချက်ညီ လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။

အသက်အရွယ် ရလာတဲ့အခါ နှလုံးက ဘယ်လို ပြောင်းလဲလာသလဲ

အသက် ၆၅ နှစ်ကျော်လာတဲ့အခါ အသက်ငယ်စဉ်ကထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေက ပိုများလာပါတယ်။ လေဖြတ်နိုင်ခြေ များလာသလို၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ နှလုံး စွမ်းဆောင်ရည် ကျဆင်းလာတာလိုမျိုး နှလုံးရောဂါတွေ ခံစားရနိုင်ခြေ ပိုများလာပါတယ်။

နှလုံးရောဂါက သက်ကြီးပိုင်း အများစုကို မသန်စွမ်း ဖြစ်စေတဲ့ အကြောင်းအရင်း ဖြစ်သလို လှုပ်ရှားနိုင်စွမ်းကိုရော ရှင်သန်မှုကိုပါ ထိခိုက်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။

အသက်အရွယ်ရလာတဲ့အခါ နှလုံး နဲ့ သွေးကြောတွေက ပြောင်းလဲတာပါတယ်။ ဥပမာ – ပြောပြရရင် ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးချိန်တွေ နဲ့ စိတ်ဖိစီးတဲ့ အခါမျိုးတွေမှာ နှလုံးခုန်နှုန်းက ငယ်ငယ်ကလောက် မမြန်တော့ပါဘူး။ ဆိုလိုတာက ခန္ဓာကိုယ်က လိုတာကို နှလုံးက လိုက်မလုပ်ပေးနိုင်တော့တာပါ။ တစ်မိနစ်အတွင်း ရှိသင့်တဲ့ နှလုံးခုန်နှုန်းကတော့ သိသိသာသာ ပြောင်းလဲတာမျိုး မရှိပါဘူး။

အသက်အရွယ်အလိုက် နှလုံးကျန်းမာရေး ပြောင်းလဲမှုတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အကြောင်းအရင်းပါ။ အသက်ကြီးလာချိန်မှာ နှလုံးထိခိုက်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်း တစ်ခု ရှိပါသေးတယ်။ ဒါကတော့ သွေးကြောတွေနဲ့ နံရံတွေမှာ နှစ်ရှည်လများ စုပုံလာခဲ့တဲ့ အဆီတွေ အနယ်အနှစ်တွေကြောင့် နှလုံးသွေးကြောတွေ ကျဉ်းလာပြီး နှလုံးရောဂါ ဖြစ်ရတာပါ။

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

နှလုံးရောဂါ အဖြစ်များစေတဲ့ အကြောင်းအရင်းကတော့ သွေးကြောတွေထဲမှာ အဆီအနှစ်တွေ စုပုံပြီး ကာလရှည်ကြာ အနယ်ထိုင်လာတာကြောင့်ပါ။ နှလုံးသွေးကြောတွေက နှလုံးအပြင်ဘက်ကနေ ဝန်းရံထားပြီး နှလုံးကြွက်သားတွေဆီကို အာဟာဓာတ်တွေ နဲ့ အောက်ဆီဂျင်တွေ ပါဝင်နေတဲ့ သွေးတွေ ထောက်ပံ့ပေးပါတယ်။

သွေးကြောတွေထဲမှာ အနယ်အနှစ်တွေ များလာပြီး သွေးကြောတွေ ကျဉ်းလာတဲ့အခါ သွေးစီးဆင်းမှု နည်းသွားပြီး နှလုံးဆီ အောက်ဆီဂျင် ရောက်ရှိမှုလည်း နည်းသွားမှာပါ။ ဒါ့အပြင် သွေးကြောနံရံမှာ ကပ်နေတဲ့ အနယ်တွေက ရုတ်တရက် ကြွေကျပြီး သွေးကြောထဲမှာ ပိတ်ဆို့သွားမယ်ဆိုရင် ရင်ဘတ်အောင့်တာ ဒါမှမဟုတ် ရုတ်တရက် နှလုံးရပ်တာမျိုး ခံစားရနိုင်ပါတယ်။

နှလုံးကြွက်သားတွေက အောက်ဆီဂျင် နဲ့ သွေးတွင်းက အာဟာရဓာတ်တွေကို လုံလုံလောက်လောက် မရရှိတဲ့အခါ နှလုံးကြွက်သားတွေ အားနည်းတာ၊ သေဆုံးတာတွေ ဖြစ်လာပြီး နှလုံးရဲ့ သွေးညှစ်ထုတ်နိုင်စွမ်း ကျဆင်းလာပြီး ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိမှု နည်းသွားနိုင်ပါတယ်။

အဖြစ်များတဲ့ နှလုံးရောဂါတွေ

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကတော့

  • Angina [နှလုံး ကြွက်သားတွေဆီ ယာယီ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတာကြောင့် ရင်ဘတ် အောင့်တာ] – အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ ရုတ်တရက် နှလုံးရပ်တာကို ခံစားရနိုင်ပါတယ်။
  • နှလုံးခုန် စည်းချက် မမှန်တာ [arrhythmias]– ဒီအခြေအနေကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ နှလုံးခုန်မြန်တာ၊ နှေးတာ၊ နှလုံးခုန်မမှန်တာ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။
  • Arteriosclerosis [နှလုံးသွေးကြောတွေ တောင့်တင်းမာကြောတာ] – အဖြစ်များတဲ့ နှလုံး ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အဆီတွေက သွေးကြောတွေထဲမှာ အနယ်ထိုင်ပြီး သွေးကြောတွေ ကျဉ်းရာကနေ သွေးကြောလုံးဝ ပိတ်သွားတာပါ။
  • Congestive heart failure [နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း] – လူကြီးတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အသက် ၇၅ နှစ်အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ လူငယ်တွေထက် ဖြစ်နိုင်ခြေ ၁၀ ဆလောက်အထိ ပိုများနေတာပါ။
  • နှလုံးသွေးကြော ကျဉ်းတာ – ဒီနှလုံးကျန်းမာရေး ပြဿနာကလည်း အဖြစ်များပါတယ်။ သွေးကြောတွေထဲမှာ အနယ်အနှစ်တွေ များတာကြောင့်ပါ။
  • သွေးတိုးတာ – အသက်ကြီးလာလေလေ သွေးတိုးရောဂါကို ခံစားရနိုင်ခြေ များလေလေပါ။ ဒါကြောင့် အသက် ၄၀ ကျော်လာပြီဆိုရင် သွေးပေါင်ချိန်ကို ပုံမှန် စစ်ဆေးပါ။
  • နှလုံး အဆို့ရှင် ပြဿနာ – နှလုံးအဆို့ရှင်က ကျဉ်းတာ၊ မာတာ၊ မလုံတာတွေ ဖြစ်လာပါတယ်။ အသက်ကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။

ဒါတွေအပြင်

  • သွေးခဲတာ [Blood clots]
  • သွေးပြန်ကြော သွေးခဲပိတ်တာ [Deep vein thrombosis]
  • သွေးပြန်ကြော ရောင်တာ [Thrombophlebitis]
  • သွေးကြောထုံးတာ [Varicose veins] တာတွေကို ခံစားရနိုင်ပါတယ်။

နှလုံးရောဂါ ရှိနေတာလား

နှလုံးရောဂါက တစ်ခါတလေ စဖြစ်စမှာ လက္ခဏာ လုံးဝမပြတာမျိုး ရှိသလို အနည်းအကျဉ်းလောက်ပဲ တွေ့ရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ပုံမှန်လေး စစ်ဆေးတာကတော့ အကောင်းဆုံးပါ။

အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နှလုံးရောဂါ ခံစားနေရတာပါ။

  • ပခုံး၊ လက်မောင်း၊ လည်ပင်း၊ မေးရိုးတလျှောက် နဲ့ နောက်ကျောမှာ နာကျင်မယ်၊ ထုံကျဉ်မယ်
  • လှုပ်လှုပ်ရှားရှား လုပ်တဲ့အခါ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်မယ်
  • ခေါင်းထဲက မိုက်ခနဲ မူးမယ်
  • အာရုံရှုပ်ထွေးမယ်
  • ခေါင်းကိုက်မယ်
  • ချွေးတွေပြန်ပြီး အေးစက်နေမယ်
  • အန်မယ်၊ မအီမသာ ဖြစ်မယ်
  • ပင်ပန်းနေမယ်၊ ခြေကုန်လက်ပန်းကျ လွယ်မယ်
  • ခြေချင်းဝတ်၊ ခြေထောက်၊ လက်နဲ့ ဗိုက်၊ ဂုတ်တဝိုက် ရောင်မယ်
  • လေ့ကျင့်ခန်း လုပ်နိုင်စွမ်း ကျလာမယ်
  • ပုံမှန် လုပ်နေကျ ကိစ္စတွေကိုတောင် လုပ်ဖို့ ခက်ခဲလာမယ်။

ကာကွယ်လို့ ရမလား

ဒီနေရာမှာ သတင်းကောင်းကတော့ နှလုံးကျန်းမာအောင်၊ ရောဂါတွေကို အခြေအနေ ဆိုးမသွားအောင် ကိုယ်တိုင် ဂရုစိုက်စောင့်ရှောက်လို့ရတယ် ဆိုတာပါ။ ဘယ်လို ကာကွယ်မလဲဆိုတော့
  • သွေးပေါင်ချိန် ထိန်းပါ
  • သွေးတွင်းကိုလက်စထရော ပမာဏ ထိန်းပါ
  • ဆီးချို ထိန်းပါ
  • အဝမလွန်အောင် ဂရုစိုက်ပါ
  • ဆေးလိပ်ဖြတ်ပါ
  • အရက်လျှော့သောက်ပါ
  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
  • အရက်လျှော့သောက်ပါ
  • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ
  • စိတ်ဖိစီးမှု ဖြေလျော့ပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Heart failure https://www.nhs.uk/conditions/heart-failure/ Accessed Date 3 August 2022

Coronary Heart Disease, Myocardial Infarction, and Stroke — A Public Health Issue https://www.cdc.gov/aging/publications/coronary-heart-disease-brief.html Accessed Date 3 August 2022

Heart disease in the elderly https://heart.bmj.com/content/heartjnl/84/5/560.full.pdf Accessed Date 3 August 2022

Heart Health and Aging https://www.nia.nih.gov/health/heart-health-and-aging#:~:text=People%20age%2065%20and%20older,heart%20disease)%20and%20heart%20failure. Accessed Date 3 August 2022

Aging changes in the heart and blood vessels https://medlineplus.gov/ency/article/004006.htm Accessed Date 3 August 2022

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 7 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။