အမျိုးသမီးတိုင်းမှာ တွေ့ကြုံရတတ်တဲ့ စွန်းစားရတဲ့အချိန်ရှိပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင် တဲ့အချိန်ပါ။ ကိုယ်ဝန်ဆောင်ချိန် က မိခင်တွေအတွက်တော်တော်လေးကို စွန့်စားရတဲ့အခိုက်အတန့်ပေါ့။ ကိုယ်ဝန်ဆောင်နေချိန်မှာ လွယ်ထားရတဲ့ ရင်သွေးလေးကျန်းကျန်းမာမာနဲ့ လူ့လောကထဲရောက်လာစေဖို့ အနေအထိုင် အစားအသောက်အလုံးစုံကိုသတိထားဂရုစိုက်ရပါတယ်။ ဒီလိုဂရုစိုက်ရတဲ့အထဲမှာ မိခင်ရဲ့ အိပ်စက်မှုပုံစံကလည်း မပါမဖြစ်ကိုပါဝင်နေပါတယ်။ မိခင်ကအိပ်စက်မှုပုံစံမမှန်ဘူးဆိုရင် မိခင်မှာရောမွေးလာမယ့် ကလေးငယ်မှာပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။