ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချိုက ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 3, 2019 . 2 mins read
Share now

ကိုယ်ဝန်ေကြာင့် ဖြစ်တဲ့ ဆီးချို အကြောင်းကြားဖူးကြမယ်လို့ ထင်ပါတယ်။ မျိုးရိုးထဲမှာလည်း ဆီးချိုမရှိ၊ ကိုယ့်မှာလည်း ဆီးချို ရှိနေတာ မဟုတ်ဘဲနဲ့ ကိုယ်ဝန်ဆောင်မှ ဆီးချိုဖြစ်ဖူးတဲ့ သူတွေရှိကြမှာပါ။ ဆီးချိုဆိုတဲ့ ရောဂါကလည်း အစားအသောက်ရှောင်ရပြီး ပြန်မပျောက်တတ်တော့ လူတိုင်းကကြောက်ကြတာပေါ့။ ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ ဆီးချိုတက်ခြင်းတွေဟာ မီးဖွားပြီးရင်တော့ ပြန်ပျောက်သွားလေ့ရှိတယ်ဆိုပေမယ့် မီးဖွားဖို့ဆိုတာကလည်း ၁၀ လကြီးများတောင်လိုတာဆိုတော့ ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ ဆီးချိုဟာ ဒီ ၁၀ လအတွင်း ကိုယ်ဝန်အပေါ်မှာ၊ သန္ဓေသားအပေါ်မှာ မိခင်အပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိမှာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။

ကိုယ်ဝန်သက်ဘယ်လောက်ဆို ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုစဖြစ်တတ်လဲ ။ ။

ကိုယ်ဝန်ဆောင်တဲ့ မိခင်တိုင်း ဒီလို ဆီးချို ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီလို ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ ဆီးချိုဟာ အချင်းကနေထုတ်တဲ့ human placental lactogen ကြောင့် ဖြစ်ရတာပါ။ human placental lactogen ဟော်မုန်းက အင်ဆူလင်ဟော်မုန်းရဲ့ အာရုံခံနိုင်စွမ်းကို လျော့ကျအောင် လုပ်လိုက်တာကြောင့် သွေးတွင်းသကြားဓါတ်ေတွတက်လာရတာပါ။ ဒီလို ကိုယ်ဝန်ဆောင်ကြီးနဲ့ ဆီးချိုဖြစ်တာဟာ ကိုယ်ဝန်သက် ၂၄ပတ် ကနေ ၂၈ပတ်အတွင်းမှာ စဖြစ်လာတတ်ပါတယ်။ မျိုးရိုးမရှိ၊ အရင်တည်းကဆီးချိုမရှိဘဲနဲ့လည်း ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ပြီးတစ်သက်လုံးဆက်ရှိသွားတတ်တာမျိုးလည်း မဟုတ်ပါဘူး။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်ရင်းနဲ့ ဆီးချိုတတ်ဖူးတဲ့သူတွေဟာ အသက်ကြီးလာရင် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ချေတော့ များတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တက်လာတဲ့ ဆီးချိုရဲ့ ကိုယ်ဝန်အပေါ် သက်ရောက်မှု ဆိုးကျိုးများ ။ ။

  • မွေးလာတဲ့ကလေးပေါင်များခြင်း – ကိုယ်ဝန်ကြီးနဲ့ ဆီးချိုဖြစ်နေတဲ့ မိခင်တစ်ယောက်မွေးလာတဲ့ ကလေးရဲ့ အလေးချိန်ဟာ ပုံမှန်ဖြစ်တဲ့ ၅ပေါင် ၈ အောင်စထက်ကို များကိုများနေပါလိမ့်မယ်။ ဒီလို ကလေးကြီး နေတာကြောင့် မီးဖွားတဲ့အခါ မွေးလမ်းကြောင်းကို ကလေးက ဆင်းရခက်သလို၊ မိခင်ဘက်ကလည်း ညှစ်ရလွန်းအားကြီးပြီး မိန်းမကိုယ်ပြဲသွားတာမျိုးတွေ ဖြစ်တတ်တာကြောင့် မီးဖွားရခက်ြခင်းကို ဖြစ်စေမှာပါ။
  • ကိုယ်ဝန်ဆိပ်တက်ခြင်း- ကိုယ်ဝန်ကြောင့်ဆီးချိုတက်နေတဲ့ ဝေဒနာခံစားရတဲ့ အမျိုးသမီးတွေဟာ တစ်ချိန်တည်းမှာပဲ သွေးပေါင်ပါ ဆက်တက်နိုင်တဲ့အတွက် ကိုယ်ဝန်ဆိပ်တက်တဲ့ ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ အချိန်မတိုင်ခင် မီးဖွားစေနိုင်သလို မီးဖွားရင်းနဲ့ သွေးခဲတဲ့ ဝေဒနာကိုပါ ခံစားရစေပြီး မိခင်လေဖြတ်ခြင်းကိုလည်း ဖြစ်စေပါသေးတယ်။
  • Shoulder Dystocia ကလေးပခုံးတစ်နေခြင်း – တက်နေတဲ့ ဆီးချိုကြောင့် များလာတဲ့ သွေးတွင်းသကြားဓါတ်တွေဟာ အချင်းကနေဖြတ်ပြီး ကလေးဆီကို ရောက်ကုန်တဲ့အတွက် ဗိုက်ထဲက ရင်သွေးလေးဟာ ပုံမှန်ထက်ပိုပြီး ကြီးထွားနေရတာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးပခုံးနဲ့ ဗိုက်တို့လို နေရာမျိုးတွေက ပိုကြီးနေတတ်ပြီး မီးဖွားတဲ့အခါ မွေးရခက်ခြင်းကိုဖြစ်စေတာကြောင့် ကလေးမွန်းြပီး သေတတ်သလို အမေကိုလည်း အားကုန်စေပြီး မိန်းမကိုယ်ကိုစုတ်ပြဲ စေတတ်ပါတယ်။
  • နေ့မစေ့ လမစေ့ ခင်မီးဖွားခြင်းနဲ့ ကလေးအသေမွေးခြင်းကလည်း ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာပါပါတယ်။
  • ကလေးကကြီးနေတာတစ်ကြောင်း၊ ပခုံးတစ်နေတာတစ်ကြောင်း နဲ့ မွေးရခက်ပြီး ရိုးရိုးမမွေးနိုင်တော့ဘဲ ဗိုက်ခွဲမွေးကို မွေးရပါတော့တယ်။ ဗိုက်ခွဲမွေးတယ်ဆိုတာကလည်း ထုံဆေးရဲ့ဆိုးကျိုး၊ ခွဲစိတ်ခြင်းရဲ့ ဆိုးကျိုး၊ ချုပ်ရိုးကို သေချာ ဂရုမစိုက်မိတာကြောင့် ဆက်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ အပြင် ကလေး ၂ ယောက်ပဲ ယူနိုင်တာကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေ အများကြီးပါ ။ ။

ဒါဆို ကိုယ်ဝန်ကြောင့် ဆီးချိုဖြစ်လာပြီဆိုတာနဲ့ ဒါတွေ အားလုံး အကုန်ဖြစ်တော့မှာလား။ ။

အပေါ်မှာ ပြောခဲ့တဲ့ ဆိုးကျိုးတွေက သွေးတွင်းသကြားဓါတ်ကို သေချာ မထိန်းမှသာ ဖြစ်လာနိုင်တာတွေပါ။ ကိုယ်ကြောင့်ဖြစ်တဲ့ ဆီးချို အမျိုးအစား A1 နဲ့ A2 ဆိုပြီး ၂ မျိုးရှိပါတယ် ။ အမျိုးအစား A1 ကတော့ အစားအသောက်ထိန်းလိုက်ရုံနဲ့ ဆီးချိုကိုထိန်းနိုင်မှာဖြစ်ပြီး အမျိုးအစား A2 ကတော့ ဆီးချိုကျေစတဲ့ သောက်ဆေး၊ ထိုးဆေးတွေ ကူမှရတဲ့ အမျိုးအစားပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သေချာလိုက်နာပြီး အစားအသောက်တွေ ထိန်းစားရင် ဒီ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတာ ရှားပါတယ်။

ကိုယ့်မှာ ကိုယ်ဝန်ကြောင့် ဆီးချိုတက်နေကြောင့် ဘယ်လိုသိနိုင်မှာလဲ ။ ။

  • လူက အရမ်းကို မောပန်းနေမယ်
  • ရေတွေလည်း အရမ်းဆာနေတတ်ပြီး ဆီးလည်း ခဏခဏ သွားချင်နေပါလိမ့်မယ်။
  • လူကလည်း ကိုယ်အလေးချိန် တက်နေကာ အချိုတွေလည် းအရမ်းစားချင်နေပါလိမ့်မယ် ။ ။

အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိနေပြီဆိုတည်းက ဆရာဝန်ဆီမှာ သေချာအပ်ပြီး ကိုယ်ဝန်ရော မိခင်ရဲ့ ကျန်းမာရေးကိုရော တစ်လပြီးတစ်လ စောင့်ကြည့်စစ်ဆေးနေတာ အကောင်းဆုံးပါ။ ပြဿနာ တစ်စုံတစ်ရာရှိလာခဲ့ရင်လည်း ဆေးကုသမှု လက်ဦးထားလိုက်ရင် အဆိုးဆုံးတွေ ဖြစ်လာတော့မှာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ်ဝန်ရှိပြီဆိုတည်းက သက်ဆိုင်ရာ သွားဖွားဆေးခန်းတွေမှာ သေချာ ဗိုက်အပ်သင့်ပါတယ်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

သုက်ထွက်မြန် အမျိုးသား ကုထုံး လိင်ပိုင်းဆိုင်ရာ လိင်ဆက်ဆံ လိင်တံ ထောင်မတ် ကျားဟော်မုန်း တက်စတိုစတီရုန်း လူငယ် စိတ်ဖိစီးမှု လေ့ကျင့်ခန်း သုက်လွှတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ရေးဝဝအိပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မကြာခဏပြောဖြစ်ကြပေမယ့် အလွန်အကျွံအိပ်ရင် ကျန်းမာရေးထိခိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 3 mins read
အိမ်မှာအင်ဆူလင် ဘယ်လိုထိုးမလဲ။

အိမ်မှာအင်ဆူလင် ဘယ်လိုထိုးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေ သိထားသင့်လဲ

Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
အမျိုးအစား- ၂ ဆီးချို ခံစားရနိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 3 mins read